ep-16

1.1K 92 2
                                    

Unicode <<<

Wedding Day❤

နှစ်ဦးနှစ်ဖက် သဘောတူညီမှုနဲ့ အညီ ကျင်းပခဲ့သော Wedding လေးက ထင်မှတ်မထားလောက်အောင် ကြီးကျယ်ခန်းနားလွန်းနေခဲ့သည်။ ခန်းမတစ်ခုလုံး အဖြူရောင်အခင်း
အကျင်းများအကြားမှာ အနီရောင်နှင်းဆီပွင့်များက အစီအရီ ။Byun လုပ်ငန်းစုရဲ့ ဆက်ခံသူတစ်ယောက် မင်္ဂလာပွဲ တွင်အသိမိတ်ဆွေတွေ နှင့် စီးပွားဖက် ပါတနာတွေ အစုံအညီ တတ်ရောက်ကြသည်။ media အချို့လဲ ဖိတ်ခေါ်ထားတာမို့ သိပ်မကြာခင်အချိန်တစ်ခု မှာ ကျွန်တော်တို့ Wedding သတင်းက တလောကလုံးသိကုန်ကြမည်မှာအမှန်။ ကျွန်တော် ကစိတ်လှုပ်ရှားနေသလောက် ကျွန်တော်ရှေ့က တည်ငြိမ်ပြီးရင့်ကျတ်ပုံဖမ်းနေတဲ့ အဖြူရောင်လူသားလေးက ဒီနေ့ကျမှ ပိုမို ခံညားနေသလို

"Park Chanyeol shi အသင့်ဘေးက Byun Baekhyun ကို ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေ။ ကျန်းမာသည်ဖြစ်စေ နာမကျန်းသည်ဖြစ်စေ။ မပျက်သော သစ္စာတရားတို့နှင့်အတူ သက်ဆုံးတောင် ပေါင်းဖက်သွားဖို့ ဘုရားသခင်ရှေ့မှောက်မှာ ကတိပြုပါမည်လော။"

"ကျွန်တော် ကတိပြုပါတယ်။"

"Byun Beakhyun shi အသင့်ဘေးက Park Chanyeol  ကို ဆင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေ။ ကျန်းမာသည်ဖြစ်စေ နာမကျန်းသည်ဖြစ်စေ။ မပျက်သော သစ္စာတရားတို့နှင့်အတူ သက်ဆုံးတောင် ပေါင်းဖက်သွားဖို့ ဘုရားသခင်ရှေ့မှောက်မှာ ကတိပြုပါမည်လော။"

"ကျွန်တော် ကတိပြုပါတယ်။"

"အခု ဘုရားသခင်ရှေ့မှောက်မှာ ကတိပြုပြီးပြီ ဖြစ်ပါ၍ နောက်ဆုံးအနေဖြင့် ဒီပွဲကိုလာရောက်ကြသူများတွင် မင်္ဂလာပွဲ ကိုကန့်ကွက်မဲ့သူ ရှိပါသလား.."

"ကန့်ကွက်မဲ့သူ ရှိပါသလား.."

"ကန့်ကွက်မဲ့သူ ရှိပါသလား.."

"ကန့်ကွက်မဲ့သူ မရှိတဲ့အတွက် မင်္ဂလာပွဲ ကအထမြောက်သွားပါပြီ.."

"နမ်းပါဗျို့.."

ပရိတ်သတ်တွေ ထဲက ထအော်လိုက်တဲ့ အသံ။ရှယ်ယာ ရှင်အချို့ရဲ့ ဆော်သြသံတွေနဲ့ဆူညံသွားတဲ့မင်္ဂလာပွဲလေး။ ရှက်လို့လား..ဒေါသထွက်လို့လားမသိပေမဲ့ ကျွန်တော့်ရှေ့က CEOပေါက်စ ရဲ့ မျက်နှာလေးက နီနေသလို..။
အတင်းပင် နမ်းခိုင်းနေသော လူအုပ်ဖက်ကိုတစ်ချက် ကြည့်ပြီး ကျွန်တော် ကိုပြောလာသည်က

💔Masochism💔(Completed) Where stories live. Discover now