ep-4

1.8K 137 1
                                    

Unicode <<<

တစ်ခြားသော လူပျိုပေါက်လေးတွေနေတဲ့ မနက်ခင်းအိမ်လေးက ဘယ်လိုတောင် သက်သောင့်သက်သာနဲ့ အဆင်ပြေပြေရှိနေမလဲ မသိပေမဲ့။ Chanyeol နဲ့ Sehun တို့အိမ်မှာတော့ ထိုကဲ့သို့မဟုတ်ပင်။ ဗြောင်းဆန်နေအောင်ပြာယာခတ်နေတဲ့ Chanyeol နဲ့ uni သွားတတ်မှာလား ရှုတင်သွားမှာလားတောင် မသဲကွဲတဲ့ Sehun။

ပထမဦးဆုံး uni တက်ရက်မှာ ကိုယ့်ညီလေးတစ်ယောက်ထဲ မျက်စိသူငယ် နားသူငယ်ဖြစ်နေမှာဆိုးလို့ လိုက်ပို့ပေးရန် မနေ့ညက ပြောမိသည်။
ကျောင်းလိုက်ပို့မလို့ မနက်အစောပိုင်းထဲက ပြင်ဆင်ပြီး..စောင့်နေရတာအခုချိန်ထိ။ Chanyeol ပြင်ဆင်ပြီးစောင့်နေရသည်မှာ နာရီဝက်ကျော်ကျော်လောက်ရှိနေပြီ ဖြစ်သည်။

"သခင်လေး Oh Sehun shii..
ဒီနေ့ ကျောင်းသွားဦးမှာပါလားခဗျာ.."

အော် ကိုယ်ကတော့အလုပ်မသွားခင် ဝင်ပို့ပေးခဲ့မလို့ကို ကိုယ်တော်ချောက မပြီးနိုင်။Uni တတ်ရမှာ ကိုယ်လားသူလားပင် မသိတော့ချေ။ ကိုယ်က နောက်ကျမှာသိပ်ကိုစိတ်ပူနေသလောက် သူကတော့ ရှိုးထုတ်လို့ပင် မပြီးသေးပေ။

"လာပြီ လာပြီ😁😁"

အခန်းတံခါးဖွင့်ဖွင့်ချင်း ရေမွှေးအနံ့ကထောင်းခနဲ Chanyeol နှာခေါင်းထဲသို့အပြေးအလွှားဝင်လာကြသည်။ မွှန်ထွန်သွားသော နှာခေါင်းကြောင့် အသက်ရှုလို့ပင် မရချင်တော့သလိုလို ။ ရေမွှေးပုလင်း များမှောက်ကျလာတာလား၊ဒါမှမဟုတ် ရေမွှေးကန်ထဲ ဒိုင်ပင်ပြစ်ထိုးလာသလား Oh Sehun ရယ်။

"အဟွတ် အဟွတ်..အမလေး..ဟျောင့်ရေ မွှန်ထွှန်နေတာပဲ ကွာ။မင်း ရေမွှေးပုလင်းမှောက်ကျလာတာလား"

"Chanyeol hyung ကလဲ 😒"

"Chanyeol hyung ကမလဲနဲ့..ဘာတွေအဲ့လောက်ပြင်နေတာလဲ မင်းကျောင်းသွားတတ်မှာနော်ငယ်လေး.."

"သိပါတယ်ဗျာ။ ဘာမှမပြင်ဘူး နဲနဲကြည့်ကောင်းအောင်ပဲ လုပ်လာတာ "

"ကဲပါ လာလာ ငါအလုပ်နောက်ကျတော့မယ်
မင်းကိုဝင်ပို့ ပြီးရင် ငါအလုပ်ပြေးရဦးမှာ။ဒီနေ့ သူဌေးလာ စစ်မှာတဲ့ကွ"

"Nae...😗"

>>>>>>>>

"Pa ဒီနေ့ကုမ္မဏီသွားမှာလား..."

💔Masochism💔(Completed) Where stories live. Discover now