ep-9

1.1K 97 2
                                    

Unicode
–————/

"Park Chanyeol shi..."

"Nae..."

"CEO က ရုံးခန်းထဲ ခဏ လာခဲ့ပါတဲ့.."

"arr...nae ကျွန်တော် အခုပဲသွားလိုက်ပေါ့မယ်.."

*ဒေါက် ဒေါက် ဒေါက်*

"ဝင်ခဲ့"

တံခါးဖွင့်တာနဲ့..လချုပ်စာရင်းတွေကို ဖတ်နေတဲ့ CEO ရဲ့.မျက်မှန်အောက်ကပင့်ကြည့်လာတဲ့ မျက်ဝန်း မှေးလေးတွေ ဆုံရတယ်..

"ခေါ်တယ်ဆိုလို့ပါ.."

"အင်း..နောက်နှစ်ရက်နေရင်..မြေကွက်သွားကြည့်ရမယ်..အဲ့တာမင်းအဆင်သင့်ပြင်ထားပါ.."

"ဟို CEO... ကျွန်တာက ဒီဇိုင်းဌာန ကလေ..မြေကွက်က ကျွန်တော်လိုက်ကြည့်ဖို့မလိုဘူးထင်တယ်.."

ဟုတ်တယ်..ကျွန်တော် အတတ်နိုင်ဆုံး ရှောင်ရမယ်..သူတောင်မေ့ထားသေးတာပဲ ကျွန်တော်လဲပြန်အစမဖော်ချင်ဘူးလေ...
အနားမှာရှိနေရင် နားလည်ရခက်လွန်းတဲ့..ကျွန်တော့်ရင်ခုန်သံတွေကို..မျက်ကွယ်ပြုနိုင်မယ်..မထင်ဘူး...
အဆင့်တန်းချင်းက လုံးဝ ကွာခြားတယ် မှတ်လား..သူလဲ ဘယ်မှတ်မိချင်ပေါ့မလဲ..။

"ဒီမှာ..!!"

"ဗျာ..ဗျာ"

"မင်းကို ကိုယ်စကားပြောနေတယ်လေ..မင်းနဲနဲလေးတောင် အာရုံ မစိုက်နိုင်ဘူးလား.."

"ကျွန်တော် တောင်းပန်ပါတယ်.."

"ကျစ်..ကဲထားတော့..
မင်းက ဒီဇိုင်းဌာန ကဆိုတာ သိတယ်..ဒါပေမဲ့ အခု မြေကွက်က ဘူဆန်မှာ..ပြီးတော့ ကိုယ်ကအဲ့ဘက်တွေ သိပ်မကျွမ်းဘူး..မင်းက အဲ့ဇာတိ မှတ်လား..ရေခံ မြေခံသိတဲ့ မင်းပါရင်..ဝယ်သင့်မဝယ်သင့် ပိုစဥ်းစားလို့ရအောင်လေ.."

"..."

"ဘယ်လိုလဲ..ကိုယ်ပြောတာသဘာဝကျတယ် မှတ်လား.."

"ဟုတ်ကဲ့..ကျွန်တော်နားလည်ပါတယ်.."

"ကောင်းပြီ..နောက်ဆို အလုပ်ထဲ ပိုအာရုံစိုက်ပေးပါ..စိတ်မပါရင်..ကိုယ့်အလုပ်ထိခိုက်တယ်..ကိုယ့်ဘက်ကနစ်နာစရာတွေ များတယ်..ဒီတော့ မင်းသေချာဂရုစိုက်ဖို့ ပြောချင်တယ်.."

💔Masochism💔(Completed) Where stories live. Discover now