ep-1

7.4K 219 8
                                    

Unicode <<<

နယ်မြို့လေးတစ်မြို့ရဲ့ သာမန်ရပ်ကွက်လေးတစ်ခု။ လူနေထူထပ်နေတာမျိုးမဟုတ်ပေမဲ့ အသင့်သင့်တော့စည်ကားလှသည်။ မြို့ကြီးပြကြီးတွေနဲ့ဝေးပြီး အနည်းငယ်တိတ်ဆိတ်တဲ့ ဤမြို့လေးကို တစ်ခါတစ်ရံ ဧည့်သည်တော်တော်များများလာတတ်ကြသည်။ ဤသို့အေးဆေး တည်ငြိမ်သည့် မြို့ငယ်လေးက တစ်ချို့တစ်ချို့သော သူတွေအတွက်တော့ ကံကြမ္မာ တို့စတင်ရာနေရာလေးတစ်ခုဖြစ်ခဲ့ သည်။ ထင်မှတ်မထားပေမဲ့ပေါ့။

အနည်းငယ်အဆင့်တန်းမြင့်ဟန် ရှိသော တည်းခိုဆောင်တစ်ခု ၏VIP room အတွင်းသန့်ရှင်းရေးလုပ်နေသော ကောင်လေးတစ်ယောက်ရှိနေသည်။ ဖုန်တစ်ချို့ကြောင့် ညစ်ပေနေသော မျက်နှာနှင့် အရှေ့ကိုခပ်အုပ်အုပ်ကျနေသော ဆံပင် နီကြောင်ကြောင်အကောက်လေးတွေကြောင့် မျက်နှာကိုသေချာမြင်ရ ရန်ခဲယဥ်းလှသည်။ သို့သော ဆံပင်ကောက်ကောက်လေးတွေကြားမှ ထိုးထွက်နေသော နားရွက်ကားကားလေးများက ထိုကောင်လေးရဲ့ ထူခြားမှုတစ်ခုပင်ဖြစ်လိမ့်မည်။ 5ပေ စွန်းစွန်းလောက်သာ ရှိသေးသော အရပ်နှင့် အဖုအပိတ်အမို့အမောက်တို့မရှိပေမဲ့ အနည်းငယ် ပြေပြေပြစ်ပြစ်ဖြစ်နေသော ခန္ဓာကိုယ် ကိုပိုင်ဆိုင်ထားသည်။

"ဟူး...ဒီအခန်းပြီးရင်တော့ အန်တီSu ကိုသွားပြောမှ ပဲ.."

အဒေါ်ဖြစ်သူ၏ တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်သော တည်းခိုဆောင်ကို သူကျောင်းပိတ်ရက်တိုင်းလာကူညီပေးနေကြဖြစ်သည်။ ထိုသို့အမြဲလာကူညီပေးနေရသည်မှာ သူ၏မိသားစု ဆိုလ်းကိုပြောင်းသွားသည့်အချိန်ထဲမှ ဖြစ်သည်။ လုပ်ငန်းတိုးချဲ့မှုကြောင့် မိသားစုလိုက်မြို့ကိုပြောင်းသွားပေမဲ့ ခေါင်းမာလွန်းတဲ့ သူက မွေးရပ်မြေ မြို့လေးကိုမစွန့်လွှတ်နိုင်ခဲ့ပေ။ ထို့ကြောင့် အဒေါ်ဖြစ်သူနှင့် အတူနေခဲ့ပြီး အားလပ်ချိန်တိုင်းအခုလို ကူညီပေးနေကျဖြစ်သည်။ နေ့လည်ထဲက တည်းခိုဆောင်တစ်ခုလုံးမှာရှိတဲ့ အခန်းတွေကို Room Service အနေနဲ့လိုက်လုပ်ပေးရသောကြောင့် လူကအနည်းငယ် ပင်ပန်းနေပေမဲ့ နောက်ဆုံးကျန်သော အခန်းကိုသန့်ရှင်းရေးလုပ်ပေးပြီးပါက ဒီနေ့အဖို့ သူတာဝန်ကျေပြီဖြစ်သည်။

💔Masochism💔(Completed) Where stories live. Discover now