ep-15

1.1K 91 1
                                    

Unicode <<<

ဟိုတစ်နေ့ညက ph ပြောပြီးထဲက kai ဆိုတဲ့လူကြီးက အမြဲ အနားရောက်ရောက်နေတတ်တယ်။ ဒီနေ့ နဲ့ဆို 5 ရက်ရှိပြီ။မနက်မိုးလင်းလို့ကျောင်းသွားရင်လဲ လမ်းထိပ်မှာလာစောင့်တယ် ပြန်ရင်လဲ အနောက်က တစ်ကောက်ကောက် မောင်းထုတ်လဲ မသွား။ဒီနေ့တော့ သေချာမေးမှ ဖြစ်တော့မယ် ဘာရည်ရွယ်ချက်နဲ့ ဒီလိုတွေလုပ်နေတာလဲ ဆိုတာ

"ခဗျားဘာဖြစ်ချင်နေတာလဲ..Kim kai"

"ခဗျားတဲ့ လားကွာ ရင့်လိုက်တာ"

"ကျစ် စကားအပိုတွေ ပြောမနေနဲ့ ဘာလို့ကျွန်တော့်ကိုလိုက်နှောက်ယှက်နေတာလဲ"

"ကိုယ် ကလား.."

"ခဗျားအရူးကွက်နင်းမနေနဲ့ ပြီးတော့ ဟိုကိစ္စလဲ မေ့လိုက်အဲ့နေ့ကဘာမှ မဖြစ်ခဲ့ဘူးလို့ပဲ မှတ်လိုက် "

"ဘာလို့"

"အရေးမပါတော့တဲ့ အရာမို့လို့"

"အဲ့တာက မင်းဘက်က လေ"

"ခဗျားကြီးတကယ်ပဲ ဘာလိုချင်နေတာလဲ.."

"..."

"မေးနေတယ်လေ.."

"တောင်း ပန် ပါ တယ်"

ခေါင်းငုတ်ပြီးကျွန်တော့်ရှေ့မှာ ရပ်နေတဲ့သူ။လွန်ခဲ့တဲ့ 5ရက်လုံးလုံး မျက်နှာပြောင်ပြောင်နဲ့ အနောက်က လိုက်ကပ်နေတဲ့သူတဲ့လား။ Chanyeol hyung နဲ့ ချိန်းခြောက်ခဲ့တဲ့သူမှ ဟုတ်ရဲ့လား။

"ဘာ အတွက်လဲ"

"အားလုံးအတွက်..ကိုပြောခဲ့တဲ့ စကားတွေ အတွက်ရော..ပစ်ထားခဲ့မိလို့ရော ပြီးတော့ အမြဲ ငိုအောင်လုပ်မိတဲ့ အတွက်ရော..ကိုယ်တောင်းပန်ပါတယ် "

"..."

"အမှန်တော့ ကိုယ်လေ..ကိုယ်.."

"မလို ဘူး.."

"ဟင်"

"ဟုတ်တယ်..မလိုတော့ဘူးလို့ပြောလိုက်တာ..အရင်တုန်းက ဘာတွေပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ ကျွန်တော်မေ့လိုက်ပြီ ဘဝမှာ ပထမဦးဆုံးအကြိမ် လူတစ်ယောက် မဟုတ်ဘူး ယောကျာ်းတစ်ယောက်ကို ချစ်ခဲ့မိတာကြောင့် အများကြီးနာကျင်ခဲ့ရပြီးပြီ
အများကြီးလဲခံစားခဲ့ပြီးရပြီးပြီ ဒီလောက်ဆိုလုံလောက်ပါပြီ ဒီကိုထွက်လာတဲ့ အချိိန်ထဲက ခဗျားကို အရူးမူးချစ်ခဲ့တဲ့ Oh Sehun ဆိုတာ မရှိတော့ဘူး ။ခဗျားကိုယ်တိုင် ရက်စက်စွာသတ်ပြစ်လိုက်တာ ။ခဗျားပါးစပ်က ထွက်တဲ့ အညှာအတာမဲ့ စကားလုံးတွေနဲ့ ခဗျားသူ့ကို သတ်ပြစ်ခဲ့တာ။ အခု ခဗျားရှေ့မှာရပ်နေတဲ့ ကျွန်တော်က ခဗျားနဲ့ လုံးဝမ ပတ်သတ်ချင်တော့ တဲ့Oh Sehun ပဲ။ ကျေးဇူးပြုပြီး ကျွန်တော့်ဘဝ ထဲက ထွက်သွားပါတော့.."

💔Masochism💔(Completed) Donde viven las historias. Descúbrelo ahora