ep-3

2.1K 133 0
                                    

Unicode<<<

"မဖြစ်နိုင်ဘူး Oh Sehun!!!
အဓိပ္ပါယ် မရှိတာတွေ မပြောစမ်းနဲ့ "

အံ့သြမှုကြောင့်အပြူးသားဖြစ်နေတဲ့ မျက်ဝန်းလေးတွေက ကြောက်ရွံ့မှုပါရောယှက်လို့။အော်လိုက်လို့အနည်းငယ်တုန်သွားသည့် ခန္ဓာကိုယ် လေး။ ဘာတွေက စပြီးမှားယွင်းနေခဲ့တာလဲ။

"ပတ်ဝန်းကျင်ကိုပဲ ကြည့်ပြီးတော့နေတော့မလို့လား hyung။ ကျွန်တော့်ကိုရော။ hyung ရဲ့ခံစားချက်တွေရောဆက်ပြီးတော့လိမ်ညာနေဦးမလို့လား။ "

စိတ်လွတ်လပ်လွတ်အော်ပြောပြစ်လိုက်ချင်ပါသည် hyung မျက်နှာကိုကြည့်ပြီး။ကျွန်တော်
hyung ကိုဘယ်လောက်ရူးသွပ်ခဲ့ရကြောင်းတွေ။
ဒါပေမဲ့ ပြော မထွက်ဘူး။

တင်းတင်းစေ့ထားတဲ့ hyung နှုတ်ခမ်းတွေနဲ့ရဲတတ်လာ မျက်နှာကိုကြည့်ပြီး ကျွန်တော်ချစ်သည့် Hyung တစ်ယောက်ဘယ်လောက် တောင်ဒေါသတွေကိုထိန်းချုပ်ထား ရပါသလဲ။

ကျွန်တော်သိတာပေါ့ hyung ဘယ်လောက်ဒေါသထွက်နေ သလဲဆိုတာ။

ရွံရှာသလို၊ အထင်သေးသလို ကြည့်နေတဲ့ hyung မျက်ဝန်းတွေ။

ဟင့်အင်းအဲ့လို မကြည့်ပါနဲ့ ကျတော်..ကျတော် ရွံစရာမဟုတ်ဘူး ဟင့်အင်း။

"ငါမင်းကို ဂရုစိုက်ပေးခဲ့တာတွေက မင်းကို အထင်လွဲသွားစေတာလားတော့ မသိပေမဲ့
ငါမင်းကိုတော်တော်..စိတ်ပျက်သွားပြီ Oh Sehun.."

အပြစ်လုပ်ထားရင်ကောင်..hunလေး လို့ခေါ်တဲ့ hyungက..နာမည် အပြည့်စုံတွေ ပါခေါ်လို့ပါလား။

အဲ့လောက်ဆို ရပါပြီ..ကျတော်သိလိုက်ပါပြီhyung။

ဒီထက် ပြင်းထန်တဲ့စကားလုံးတွေ ထပ်မကြားရခင် ကျတော်..hyungကိုကျောခိုင်းပြီး..ထွက်လာခဲ့လိုက်သည်။

အချိန်ကိုက်ရွာချပေးတဲ့ မိုးနတ်မင်းကိုပဲ ကျေးဇူးတင်ရမလား..?!

ကျတော်ငိုတယ်..
ပြီးတော့ထပ်ငိုတယ်..ငိုပြီးရင်ငိုနေခဲ့တယ်
မိုးစက်တွေနဲ့ အတူတူ...။
နာကျင်နေပါပြီ..Kai hyung ရယ်..

မျှော်လင့်ချက်မဲ့စွာကျဆင်းနေတဲ့..မျက်ရည်တွေကို အဖော်အဖြစ် ကျဆင်းပေးတဲ့ မိုးရေစက်တွေ အတွက် မိုးနတ်မင်းကို တကယ် ကျေးဇူးတင်ပါတယ်။မဟုတ်ရင် ဒီညလဲ ကျွန်တော်တစ်ယောက်ထဲ ငိုနေရဦးမှာ။

💔Masochism💔(Completed) Where stories live. Discover now