ep-33

982 86 2
                                    

Unicode <<<

"ဘယ် ဖက်ခြေထောက်ကို အရင် အရှေ့ကိုထုတ်မယ် ပြီးတော့ ညာဘက်လက်ပါတစ်ပြိုင်နဲ့ထဲ သွားရမယ်..ဒီလိုလေး.."

ဘယ်ဘက်ခြေထောက်ကိုအရှေ့ထုတ်ကာ ညာဖက်လက်ပါအလိုက်သင့်လေး wave ပုံစံနဲ့ လုပ်ပြကာ..ဖွင့်ထားသော Musicနဲ့အညီ ပျော့ပါးစွာ စည်းချက်ညီညီ ကပြနေသောSehun

အချိန်အတော်ကြာအောင် Training ပေးနေရတာမို့လို့ ခန္ဓာ ကိုယ်မှာ ချွေးစတို့က ကပ်ညိနေလေပြီ။ ဝတ်ထားတဲ့ အဝါရောင် T shirt အပါးလေးမှာလဲ ချွေးတို့ဖြင့်စိုရွှဲကာ ခန္နာကိုယ်၌ကပ်နေသည်။ ကိုယ်ပေါ်တွင်ကပ်နေသော အိင်္ကျီကြောင့် အထင်းသားပေါ်နေသည့် ခန္တာကိုယ် ဖွဲ့စည်းပုံတို့မှာ သင်တန်းသူ/သားတွေကို ငေးခနဲ ဖြစ်သွားအောင် အလွန်ပင်စွဲဆောင်နိုင်လွန်းသည်။

audition အောင်ထားတဲ့ ကလေးတွေကို
Section (A,B,C)ခွဲကာ  Section တစ်ခုစီကို နှစ်နာရီ ကြာ သင်ကြားလေ့ကျင့်ပေးရသည်။ ပုံမှန်ဆို တနေ့မှာ Section နှစ်ခုပဲ သင်ရသည်။

ထိုနှစ်ခုကလဲ နေ့လည်ပိုင်းနဲ့ ညပိုင်းမှသာဖြစ်သောကြောင့် ကြားထဲမှာ နားချိန်ရှိသေးသည်။
ဒီနေ့ကျမှ Sehunနဲ့ တွဲ ဖက် Trainer မှာ ခွင့်ယူထားသောကြောင့် Section သုံးခုကို ဆက်
တိုက် ဝင်သင်ရ ခြင်းဖြစ်သည်။ စိတ်ကဆောင်နေလို့သာ ဆက်တိုက်လုပ်န်ိုင်နေပေမဲ့ လူကတော့ အတော်ပင် ပြိုင်းနေလေပြီ။

"Ok...5min ခဏ နားကြမယ်..​ပြီးရင်ပြန်စမယ်"

"ဟုတ်ကဲ့.."

Sehun ခဏနားချိန်ပေးပြီး ​မိမိကိုယ်တိုင်တယ် Dancing room ထဲက ကြမ်းပြင်ပေါ်မှာ ထိုက်ကာ..ရေအေးအေးလေးကို အဝမော့သောက်ပြစ်လိုက်သည်။ ခံတွင်းထဲတွင် အေးမြကာဝင်သွားသော ရေတစ်ချို့ကြောင့် ပင်ပန်းနွမ်းနယ်မှုများသည် အနည်းငယ်ပင် လျော့ကျသွားတော့သည်။

Sehun ထိုင်နေတဲ့ ဘေးနားသို့ရောက်လာတဲ့ ကောင်လေးတစ်ယောက်။ Sehun မော့ကြည့်လိုက်တော့ Wubin ။သိပ်ကိုတော်တဲ့ သင်တန်းသားတစ်ယောက်ပါပဲ ။ စကားလဲ နည်းသလို အပြောထက်အလုပ်နဲ့တင် သက်သေပြတတ်သော သူ့အကျင့်ကြောင့် Sehun သဘောကျမိသည်။ အခုလဲ အနားရောက်လာပြီး တစ်ခုခု ပြောသင့် မပြောသင့် စဥ်းစားနေဟန် ။

💔Masochism💔(Completed) Where stories live. Discover now