အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)

Start from the beginning
                                    

[Unicode]အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

[Unicode]
အပိုင်း၈၃ (ကျော်ကြားတဲ့ပညာရှိ)

ဆိပ်ကမ်းမှာ သင်္ဘောပေါ်က ကုန်စည်တွေကို အတင်အချပြုလုပ်တဲ့ လုပ်သားအဖွဲပေါင်း အနည်းဆုံး ဆယ်ဖွဲ့လောက် ရှိလေသည်။ ထိုထဲမှ အကြီးဆုံးအဖွဲ့တွေကတော့ အလုပ်ကြပ်စွမ်နဲ့ လောင်လျို့တို့ ဦးစီးသည့် အဖွဲ့နှစ်ဖွဲ့ပင်ဖြစ်သည်။ သူတို့ရဲ့လက်အောက်မှာ ဆိပ်ကမ်းအလုပ်သမား အနည်းဆုံး တစ်ရာခန့်ရှိပြီး သင်္ဘော၅စီး ၆စီးကို တပြိုင်နက်တည်း ကုန်တင်ကုန်ချပြုလုပ်နိုင်သည်။ ထို့ကြောင့် ဖောက်သည်အများစုကို ထိုလူနှစ်ယောက်ကသာ လက်ဝါးကြီးအုပ်ထားကြသည်။
ဒီတော့ သဘာဝဆန်စွာပဲ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ပြိုင်ဘက်တွေလို့ သတ်မှတ်ထားကြလေသည်။ သူတို့ကြားက စီးပွားရေးပြိုင်ဆိုင်မှုတွေက ထင်သာမြင်သာမဟုတ်ပေမယ့် နောက်ကွယ်မှာတော့ ကြိတ်ပုန်းလေး ပွဲထနေတတ်သည်။ လွန်ခဲ့တဲ့နှစ်ရက်က အလုပ်ကြပ်စွမ်က မိန်းမငယ်လေးရဲ့ စားစရာတွေအကူအညီနဲ့ ဖောက်သည်ကြီးနှစ်ယောက်ကို နှစ်ရက်ဆက်တိုက် ရရှိခဲ့တာကြောင့် သူက ယောက်သွားတစ်ကောင်လို ပျော်ရွှင်နေပြီး ထိုမိန်းမငယ်လေးကို သူ့ဘက်ပါအောင် သေချာခေါ်ထားသင့်သလားဆိုတာကို စတင်စဉ်စားနေမိပြီ။
ဆိပ်ကမ်းအလုပ်သမားတွေက စိတ်ရူးပေါက်နေတဲ့လူကြီးတွေလို အလုပ်ကိုအတင်းအကြမ်း လုပ်နေကြ တော့တယ်။ ပုံမှန်ဆိုရင် သူတို့ ယခုလုပ်နေတဲ့ သင်္ဘောပေါ်က ကုန်တွေချဖို့ တစ်နာရီခွဲဝန်းကျင် ကြာတတ်ပေမယ့် ဒီနေ့တော့ တစ်နာရီအတွင်းမှာပဲ ပြီးဆုံးသွားခဲ့တယ်။ ကုန်စည်ပိုင်ရှင်ကြီးက အံ့ဩနေပြီး ဒီအလုပ်သမားအဖွဲ့က တခြားအဖွဲ့တွေထက် ပိုစွမ်းဆောင်နိုင်တယ်လို့ တွေးနေမိတယ်။ ဒါကြောင့် နောက်တစ်ခါ သူ့ရဲ့ကုန်စည်တွေ တင်ရာချရာမှာ ဒီအဖွဲကိုပဲခိုင်းဖို့ ဆုံးဖြတ်လိုက်တယ်။ မရည်ရွယ်ဘဲ ရှောင်ချောင်းက အလုပ်ကြပ်စွမ်အတွက် ဖောက်သည်တစ်ယောက်ရအောင် ကူညီပေးလိုက်ပြန်တယ်။
ရှောင်ချောင်း ဒီနေ့တော့ မင်းရဲ့အသားဟင်းနှစ်ထုပ်ပေးကွာမနေ့ညနေက မင်းရဲ့အသားနှပ် တချို့ကို အိမ်သယ်သွားတော့ ငါ့ရဲ့ကလေးနှစ်ယောက်က အရမ်းကြိုက်နေကြတာ ငါ့မိန်းမဆို ဘာလို့ ဒီလိုဈေးချိုတဲ့ အသားနှပ်ကို အိမ်အတွက် များများမဝယ်ခဲ့လဲဆိုပြီးတောင် ငါ့ကို အပြစ်တင်နေသေးတယ်! မနေ့ကသူမရဲ့ ပထမဆုံးဖောက်သည် အဖိုးဟောင်က သူမကိုနှုတ်ဆက်ဖို့ အပြေးရောက်လာခဲ့တယ်။ သူ့တစ်ကိုယ်လုံးက ချွေးတွေစိုရွှဲနေပေမယ့် သုတ်ဖို့တောင်ဂရုမထားနိုင်ဘူး။
ဟုတ်ပြီ! အသားနှပ်နှစ်ထုပ်, ရှီထုန် ဦးရီးဆီက ပိုက်ဆံယူလိုက်အုံး!
ရှောင်ချောင်းက အဖိုးဟောင်ရဲ့နောက်မှာ လူတွေအုပ်လိုက်ကြီး သူတို့ဆီပြေးလာနေကြတာကို မြင်တာကြောင့် သူမမောင်လေးကို ခပ်မြန်မြန် အလုပ်ပေးလိုက်တယ်။
ဟုတ်! ဦးရီးဟောင်, အသားနှစ်ထုပ်ဆိုရင် ကြေးပြားနှစ်ပြားကျပါတယ်ခင်ဗျ!
ရှီထုန်လေးက သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး မျက်လုံးကြီးကြီးလေးတွေ လခြမ်းပုံသဏ္ဌာန် ပြောင်းလဲသွားတဲ့အထိ ပြုံးရယ်နေလေသည်။ သူ့ပုံစံက လာဘ်ကောင်းတွေ ယူဆောင်လာပေးမယ့် ကောင်ငယ်လေးတစ်ယောက်ရဲ့အသွင်နဲ့ တူနေတော့သည်။
အဖိုးဟောင်က ပျော်ရွှင်စွာပဲ ငွေချေပြီး သူတို့ဆီက ဆီစိမ်စက္ကူထုပ်နှစ်ခုကို ယူလိုက်သည်။ ထို့နောက် ကော်ပြန့်ပေါင်းနှစ်ခုသွားဝယ်ပြီး အသားနှပ်ကို မုန့်လိပ်ထဲညှပ်ကာ အကိုက်အကြီးကြီးတွေ ကိုက်စားနေတော့သည်။ သူအထုပ်ကိုဖွင့်လိုက်တော့ ဒီနေ့ရဲ့အသားနှပ်က မနေ့ကအထုပ်တွေနဲ့ မတူတာကို တွေ့လိုက်ရတယ်။ အမှန်ပြောရရင် ဒီနေ့ဟာက မနေ့ကဟာထက် ပိုကောင်းပြီး အရသာရှိနေလေတယ်။ နောင်တရစိတ်လေးတစ်ခု သူ့ရင်ထဲဖြတ်ပြေးသွားတော့တယ်။ စောစောတုန်းက ဒီ့ထက်များများ ဝယ်လိုက်ရမှာကွာ
သူ အသားနှပ်ရောင်းနေတဲ့ မောင်နှမနှစ်ယောက်ဆီကို လှမ်းကြည့်လိုက်တဲ့အခါမှာတော့ ကလေးနှစ်ယောက်ရဲ့ သေးငယ်တဲ့ကိုယ်ထည်လေးတွေက လူအုပ်ကြီးထဲမှာ နစ်မြုပ်နေတော့တယ်။ သူအခုသွားပြီး တိုးဝေ့ပြန်ရင်လည်း နောက်ထပ်ဝယ်ရဖို့ မသေချာလုနီးပါးပဲ။ အဖိုးဟောင်က သက်ပြင်းချလိုက်ပြီး အသားနှပ်ကို ဖြည်းဖြည်းချင်းပဲ စစားလိုက်တော့တယ်။ မြန်မြန်စားလိုက်မိရင် သူ့ရဲ့အရသာလေး လွတ်ထွက်သွားမှာ စိုးနေသလိုမျိုး
ရှောင်ချောင်း ငါ့ကိုတစ်ထုပ်
ရှီထုန် ရှီထုန်! ငါ့ပိုက်ဆံကိုအရင်ယူ... ဟဟ ဒီကြေးပြားနှစ်ပြားကို ပြုတ်မကျအောင် သေချာကိုင်နော်!
ငါကသုံးထုပ် ငါ့အတွက်သုံးထုပ်ချန်ထားကြ! မင်းတို့အားလုံး တိရစ္ဆာန်တွေကျနေတာပဲ အကုန်ယူမသွားကြပါနဲ့ ငါမနေ့က ဘာမှမရလိုက်ဘူး
ငါပိုက်ဆံပေးပြီးပြီ ငါ့ကိုတစ်ထုပ်ပေးဟိတ်ကောင် ဟူကျီ!! ဘာလို့အရမ်းကြီးတွန်းနေတာလဲ ဒီမယ် မင်းလုပ်လို့ မိန်းကလေး မြေပေါ်ပစ်လဲတော့မယ်!!...
ပိုက်ဆံတွေလက်ခံရလွန်းလို ရှီထုန်ရဲ့လက်လေးတွေ နာကျင်စပြုလာတယ်။ သူ့ဆီကို မရေမတွက်နိုင်တဲ့ လက်တွေက ကြေးပြားတွေထိုးပေးနေသလိုပဲ။ ကြာတော့ ဘယ်သူက ဘယ်လောက် ပေးလိုက်မှန်းတောင် မမှတ်မိတော့ဘူး။ သူက စိတ်ဖိစီးမှုကြောင့် မျက်မှောင်လေးကြုတ်ပြီး မျက်နှာကို လေဖောင်းရုပ်လေးလို ဖောင်းလိုက်တော့တယ်။
ကံကောင်းစွာပဲ ဆိပ်ကမ်းအလုပ်သမားအများစုက ကမ္ဘာကြီးရဲ့နည်းလမ်းတွေကို သိနားလည်တာကြောင့် ကြေးပြားတစ်ပြား၊ နှစ်ပြားလောက်ကိုတော့ သိပ်ဂရုမစိုက်ကြပေ။ ဒါကြောင့် ဘယ်သူကမှ သူတို့နှစ်ယောက်ကို ပြဿနာမရှာကြဘူး။
ကံကောင်းထောက်မစွာနဲ့ ဒီနေ့မှာ မနေ့ကထက် အသားနှပ်တွေ များများပြင်ဆင်ခဲ့တာကြောင့် အလုပ်သမားတွေအားလုံး အလုအယက်ဝယ်ပြီးနောက်မှာတော့ ခြင်းတောင်းထဲမှာ အသားနှပ် ဆယ်ထုပ်လောက် ကျန်နေသေးတယ်။ ထုတ်လုပ်မှုပြဿနာအချို့ကြောင့် ဒီနေ့ရဲ့အထုပ်အရွယ်အစားက မနေ့ကဟာတွေထက် အနည်းငယ် ပိုသေးသွားတယ်။ ဒါပေမယ့် ပန်းကန်လုံးလေးတစ်လုံးကို တစ်ဝက်ပြည့်သွားလောက်တဲ့ ပမာဏရှိပြီး လူတစ်ယောက် ပေါက်စီနဲ့ စားဖို့အတွက်တော့ လုံးဝ လုံလောက်တယ်။
ခရီးသည်တင်တဲ့သင်္ဘောကြီးလည်း ဆိပ်ကမ်းကို ဆိုက်ကပ်လာလေပြီ။ တကယ်တော့ ဒီနားတဝိုက်က မြိုနဲ့ဈေးတွေနဲ့ နီးတဲ့နေရာဖြစ်သည်။ သင်္ဘောပေါ်ကဆင်းလာတဲ့ ခရီးသည်တွေက သူတို့ပတ်ဝန်းကျင်က ပျာပန်းခပ်နေတဲ့မြင်ကွင်းကို စူးစမ်းလိုစိတ်တွေနဲ့ ကြည့်ရှုနေကြတယ်။
အလို, ဟိုနားလေးမှာ လူတွေအများကြီး ဝိုင်းအုံနေတာ ဘာများဖြစ်လို့ပါလိမ့် ယွင်ရှီး သွားပြီး အခြေအနေကို တစ်ချက်ကြည့်ချည်စမ်း
စကားပြောလိုက်တဲ့လူကြီးက ခေါင်းမှာဆံပင်မွှေးဖြူတွေအပြည့်နဲ့ အဘိုးအိုတစ်ယောက်ဖြစ်ပြီး ကျန်းမာနီစွေးတဲ့ အသားအရည်ရှိလေသည်။ နှုတ်ခမ်းမွှေး ပါးသိုင်းမွှေးတွေနဲ့ ထိုသူရဲ့ မျက်လုံးတွေက ဉာဏ်ပညာအလင်းရောင်တွေနဲ့ တောက်ပနေဟန်ရှိသည်။ သူ့ရဲ့လှုပ်ရှားမှုတိုင်းကလည်း သူ့ရဲ့ပညာရည်အဆင့်အတန်းကို ထင်ဟပ်စေတဲ့ ကျက်သရေတစ်မျိုးနဲ့ ပြည့်စုံနေသည်။ ဒါပေမယ့် ဒီအခြေအနေမှာတော့ သူရဲ့အပြင်ပန်းပုံရိပ်နဲ့ မသက်ဆိုင်စွာ သူများအကြောင်း စပ်စုချင်စိတ်တို့ ကြီးမားနေပုံရသည်။
သူ ယွင်ရှီးလို့ ခေါ်လိုက်တဲ့လူက အသက်ဆယ်နှစ်ဝန်းကျင် ကောင်ငယ်လေးတစ်ယောက်ဖြစ်သည်။ သူက အဖြူရောင်ဝတ်ရုံရှည်ပေါ်မှာ အပြာနုရောင်လိုင်းဖောက်ထားတဲ့အပေါ်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူ့ရဲ့ မျက်နှာသေးသေးလေးက နူးညံ့စွာလှပတာကြောင့် တစ်ချက်ကြည့်ရုံနဲ့ ယောကျ်ားလေး မိန်းကလေးမှန်း ခွဲခြားရခက်စေသည်။ သူ့ရဲ့ကြည့်ကောင်းတဲ့ နှုတ်ခမ်းလေးတွေက သူ့အဘိုးရဲ့ ထူးဆန်းတဲ့ စပ်စုချင်စိတ်ကို မတတ်နိုင်တဲ့ပုံလိုမျိုး စိတ်ပျက်လက်ပျက် စုချွန်သွားတော့တယ်။
သူ့စိတ်နဲ့သာဆိုရင် ဘာဖြစ်လဲသိရဖို့အတွက် ထိုကြမ်းကြမ်းတမ်းတမ်း လူအုပ်ကြီးထဲကို တိုးဝှေ့ကြည့်ချင်စိတ် လုံးဝမရှိပေမယ့် သူ့အဘိုးရဲ့စရိုက်ကို သူကောင်းကောင်းသိသည်။ သူသိချင်ပြီဆိုရင် အသေးစိတ်အားလုံး မသိရမချင်း လက်လျှော့မှာမဟုတ်ပေ။ ဆယ်နှစ်အရွယ်ကောင်ငယ်လေးက လူအုပ်ကြီးဆီကို မနှေးမမြန်တဲ့နှုန်းနဲ့ အေးအေးဆေးဆေးလေး လျှောက်သွားလိုက်တော့သည်။
ဆရာယွမ်! ခရီးဝေးကြီးလာခဲ့ရတာ ပင်ပန်းနေရောပေါ့ဟိုနားလေးမှာ မြင်းဆွဲရထားလုံးရှိတယ် ဒီဘက်ကို ကြွပါဗျာ
လူတွေအားလုံးကို သူ့မှာငွေရှိကြောင်း သိစေချင်နေသလိုမျိုး ခေါင်းကနေခြေမအထိ ပြောင်လက်တောက်ပအောင် အဖိုးတန်တွေ ဝတ်စားထားတဲ့ လူတစ်ယောက် ရောက်ချလာသည်။
ယွမ်စီနျန်က အရင်မင်းဆက်ရဲ့ ကျော်ကြားတဲ့ ပညာရှိတစ်ယောက်ဖြစ်သည်။ တကယ်ဆိုရင် ယွမ်မင်းဆက်ရဲ့ နောက်ဆုံးဧကရာဇ်က သူ့ရဲ့ပညာအရည်အချင်းတွေကို လေးစားလွန်းလို့ တော်ဝင်နန်းတော်ကိုလာရောက်ပြီး တော်ဝင်မင်းသားလေးတွေကို ပညာသင်ပေးဖို့ အကြိမ်ကြိမ် ဖိတ်ကြားခဲ့ဖူးသည်။ သို့သော်လည်း ထိုကမ်းလှမ်းမှုတွေကို ကျန်းမာရေးချို့တဲ့လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ယဉ်ကျေးစွာ ငြင်းပယ်ခဲ့သည်။ နောက်ပိုင်း တိုင်းပြည်မှာ မငြိမ်မသက်ဖြစ်မှုတွေ ကျရောက်ပြီး အနာဂတ်မသေချာတော့တဲ့အခါ သူက သူ့မိသားစုတွေကိုခေါ်ပြီး လူမနီးတဲ့ တောင်တွေရဲ့အနက်ပိုင်းမှာ နှစ်အတန်ငယ်ကြာ ပုန်းအောင်းနေထိုင်ခဲ့သည်။
ကြီးမြတ်တဲ့ မင်မင်းဆက်ကြီး စတင်တဲ့အခါမှာ လက်ရှိမင်းဆက်ရဲ့ ဧကရာဇ်ဟောင်းကလည်း သူ့ရဲ့စွမ်းဆောင်ရည်တွေကို လေးစားတန်ဖိုးထားတာကြောင့် တောင်တွေကိုစွန့်ခွာပြီး အမတ်ရာထူးကိုလက်ခံဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။ သိုသော်လည်း ထိုလူကြီးက ငြင်းဆန်ပြီး ရှာတွေ့ဖို့ ခက်ခဲနေလေတယ်။
နောက်တော့ သူက ဧကရာဇ်ဟောင်းရဲ့ ဇွဲကောင်းမှုနဲ့ စစ်မှန်မှုတို့အပေါ် ထိမိခံစားသွားရပြီး သူနဲ့တန်းတူ ဉာဏ်ပညာရှိပြီး အတွေ့အကြုံရင့်ကျက်တဲ့ သားဖြစ်သူ ယွမ်ကောအန်းကို ထောက်ခံပေးခဲ့သည်။ ထိုသူသည် နောင်တစ်ချိန်တွင် ဧကရာဇ်ဟောင်း၏ အရှုပ်တော်ပုံတို့ကို နောက်ကွယ်က ရှင်းလင်းပေးရသည့်၊ သူ့အထက်မှာ ဧကရာဇ်တစ်ပါးသာရှိပြီး လက်အောက်မှာ လူပေါင်းသောင်းချီရှိသည့် ဖြောင့်မတ်တဲ့ ဘုရင့်အကြံပေးအမတ်တစ်ယောက် ဖြစ်လာခဲ့သည်။
မင်မင်းဆက်ကို တည်ထောင်စအချိန်မှာ ထိုအချိန်မှာ ဧကရာဇ်ဖြစ်နေဆဲဖြစ်တဲ့ ဧကရာဇ်ဟောင်းက နယ်စပ်တလွှားမှာ စစ်ပွဲတွေ ဖြစ်အောင်လုပ်ရတာကို စွဲလမ်းနှစ်သက်တယ်။ တကယ်လို့ သူ့ရဲ့ဘယ်လက်ရုံးဖြစ်သော ကျော်ကြားတဲ့ အကြံပေးအမတ်ကြီးနဲ့ ညာလက်ရုံးဖြစ်သော စိတ်ဓာတ်ခိုင်မာတဲ့ တော်ဝင်မင်းဆရာသာမရှိရင် ကြီးမြတ်တဲ့ မင်မင်းဆက်လည်း ပြိုလဲသွားနိုင်လောက်တယ်!
လက်ရှိဧကရာဇ် နန်းတက်တဲ့အခါမှာတော့ အမတ်ယွမ်က အဆုံးမရှိတဲ့ လုပ်ပိုင်ခွင့်တွေနဲ့အတူ မြိုစားဘွဲ့ကို ပေးအပ်ခံရလေတယ်။ မကြာခင်မှာပဲ ယွမ်ကောအန်းဟာ နန်းတွင်းမှာ အရေးပေးအခံရဆုံး ပြိုင်စံရှားအမတ်တစ်ဦး ဖြစ်လာတော့တယ်။
တစ်ဖက်မှာလည်း ပညာရှိကြီးယွမ်စီနျန်က အသက်ခုနှစ်ဆယ်ရှိပြီဖြစ်ပေမဲ့ သူ့ရဲ့ လက်ရှိသာယာတဲ့ ဘဝလေးမှာပဲ မွေ့လျော်နေတော့တယ်။ သူက ထန်ကူမြိုငယ်လေးမှာ ရုံရွှမ်ဆိုတဲ့ စာသင်ကျောင်းတစ်ခုကို တည်ထောင်ထားတယ်။ ပထမတော့ နေ့တိုင်း စာတွေသင်လိုက် သူ့ရဲ့ ဥယျာဉ်လေးကို ဂရုစိုက်လိုက်နဲ့ သူ့ဘဝက သာယာဇိမ်ကျနေလေတယ်။
နောက်ကျတော့ သူ့ရဲ့အသင်အပြ ကောင်းမွန်တယ်ဆိုတဲ့ သတင်းကပျံ့နှံသွားပြီး ကျောင်းသားတွေ အများကြီး အပ်နှံလာကြတော့တယ်။ မြို့တော်က အရာရှိအရာခံတွေကလည်း သူတို့ရဲ့ကလေးတွေ ထိုကျောင်းကိုဝင်ခွင့်ရဖို့ ရှိရှိသမျှ အဆက်အသွယ်တွေနဲ့ နည်းလမ်းမျိုးစုံ အသုံးပြုကြလေတယ်။ စာသင်သားအရေအတွက်တွေ တိုးပွားလာတာနဲ့အမျှ စီမံခန့်ခွဲဖို့ကလည်း များပြားလာတယ်။ ဒါတင်မက ကျော်ကြားတဲ့ပညာရှိတွေကလည်း သူ့ကျောင်းမှာ ဆရာဖြစ်လာဖို့ သူတို့ကိုယ်တိုင် လျောက်ထားလာကြတယ်။ သူတို့ထဲမှာ သူ့ရဲ့တပည်ဟောင်းတွေတောင် ပါလာသေးတယ်
ပညာရှိကြီးယွမ်က ရုံရွှမ်စာသင်ကျောင်းက သူ့ရဲ့မူလရည်ရွယ်ချက်ကနေ သွေဖယ်သွားတာကို သတိပြုမိတဲ့အခါ ဝင်ခွင့်အတွက် တင်းကြပ်တဲ့ သတ်မှတ်ချက်တချို့ကို ချမှတ်လိုက်တယ်။ မင်းက ရုံရွှမ်ကျောင်းကို ဝင်ခွင့်ရချင်တယ်ဆိုရင် ဒါက ဖြစ်နိုင်ပါတယ်! ဒါပေမယ့် ခက်ခဲတဲ့ ဝင်ခွင့်စာမေးပွဲ များစွာကို ဖြတ်ကျော်နိုင်ရမယ်။ ဒါမှမဟုတ် မင်းမှာ သူ့မျက်လုံးကို ဖမ်းစားနိုင်တဲ့ အရည်အသွေးနဲ့ အလားအလာကောင်းတစ်ခုခုရှိရမယ်။ မဟုတ်ရင်တော့ မင်းကဘာကောင်ကြီးပဲဖြစ်နေပစေ ပိုက်ဆံတွေဘယ်လောက်ပဲရှိနေပစေ ဂရုမစိုက်။ ဒီအဘိုးကြီးကတော့ ဝင်ခွင့်ပြုမှာမဟုတ်
ယွမ်စီနျန်က အပြင်ပန်းကြည့်ရင်သာ ပညာရှိကြီးတစ်ယောက်ရဲ့ ပြည့်စုံတဲ့ဥပမာဖြစ်ပေမယ့် တကယ့်အရိုးထဲမှာတော့ ကလေးဆိုး,ဆိုးနေတဲ့ လူကြီးတစ်ယောက်သာဖြစ်သည်။ သူ့မှာ အတောမသပ်နိုင်တဲ့ စပ်စုချင်စိတ်ကလေးရှိပြီး အတင်းတုပ်ရတာကိုလည်း ကြိုက်နှစ်သက်သေးတယ်။ နောက်တစ်ခုက သူကအစားကောင်းဆို သိပ်ကြိုက်တတ်တာပဲ ဒီအချက်ကိုတော့ သိတဲ့လူအတော် နည်းလေတယ်။ မဟုတ်ရင် သူတို့ကလေးတွေကို ဝင်ခွင့်ရစေချင်တဲ့ မိဘတွေက သူ့ကို ဖြားယောင်းဖို့အတွက် မုန့်အကောင်းစားတွေကို နေရာအနှံ့လိုက်ရှာကြလိမ့်မယ်။ ဒီလိုသာဆို သေချာပေါက် ဝရုန်းသုန်းကားတွေ ဖြစ်ကုန်မှာ!
သူတို့ကလေးတွေရဲ့ အနာဂတ်အတွက် ပညာရှိကြီးယွမ်ရဲ့ စိတ်ကိုဖမ်းစားနိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားနေကြတဲ့ မိဘတွေကို နေရာတိုင်းမှာ တွေ့မြင်နိုင်တယ်။ ဥပမာပြောရရင် ရွှေတွေ လက်လက်ထနေအောင် ဝတ်ဆင်ထားတဲ့ ဆိပ်ကမ်းက ဖက်တီးကြီးကလည်း သူတို့ထဲက တစ်ယောက်ပဲ။
ပညာရှိယွမ်က မျက်မှောင်ကျုံ့လိုက်ပြီး သူမမြင်အောင် မျက်စောင်းထိုးလိုက်တယ်။ ထို့နောက် ဟင်းခနဲသက်ပြင်းချပြီး အေးစက်စွာ ပြောလိုက်တယ်။
ငါ့ကို ဆိပ်ကမ်းမှာ ဘယ်သူမှ လာကြိုစရာမလိုဘူးလို့ မပြောခဲ့ဘူးလား, အာ? ကုန်သည်ကျင်း မောင်မင်းကအခု ငါ့ရဲ့ဆန္ဒတွေကို သိသိသာသာကြီး ဆန့်ကျင်နေတာပဲ!
စိတ်ထဲမှာတော့ ထိုလူ့ကို ကြိတ်ကင်နေပြီဖြစ်သည်။
ငတုံးကောင် အဲ့ဒီရွှေတွေနဲ့ မင်းကိုယ်မင်း သံချပ်ကာဝတ်စုံပါ လုပ်လိုက်ပါတော့လား! ဒီအဘိုးကြီးရဲ့ မျက်လုံးတွေက သိပ်မကောင်းပါဘူးဆို မင်းကိုယ်ပေါ်ကရွှေတွေနဲ့ ငါ့ကို ကန်းစေချင်နေတာလား!
လုံးဝိုင်းပြည့်ဖြိုးတဲ့ ကုန်သည်ကျင်းရဲ့ ကပ်ဖားရပ်ဖားလုပ်မှုက ထင်သလိုဖြစ်မလာခဲ့ပေ။ ရုတ်တရက်ပဲ သူ့ရဲ့ဝကစ်နေတဲ့ မျက်နှာကြီးပေါ်မှာ ဇောချွေးတွေစီးကျလာတော့သည်။ မျိုးဆက် ခြောက်ဆက်တိုင်တိုင် သူတို့ရဲ့ကျင်းမိသားစုက ကုန်သည်တွေဖြစ်ခဲ့ကြတယ်။ သူတို့မှာ ချမ်းသာကြွယ်ဝမှုနဲ့ များပြားတဲ့ ပိုင်ဆိုင်မှုတွေရှိပေမယ့် တိုင်းပြည်ရဲ့ လူတန်းစားလေးခုအနက် အနိမ့်ဆုံး အရပ်သားအလွှာအဆင့်မှာ ပါဝင်နေသေးတယ်။ (အရပ်သားလူတန်းစား - ပညာရှိ၊ လယ်သမား၊ လက်မှုပညာရှင်၊ ကုန်သည် )
လက်ရှိဘုရင် နန်းတက်တဲ့အခါမှာ လူမှုအဖွဲ့အစည်းအတွင်းက ကုန်သည်တွေရဲ့ အရေးပါမှုကို တိုးမြင့်ပေးနိုင်မယ့် ဥပဒေတစ်ခုကို ပြဌာန်းခဲ့တယ်။ ထိုသည်ကတော့ ကုန်သည်တွေရဲ့ သားသမီးတွေလည်း နိုင်ငံအဆင့်တော်ဝင်စာမေးတွေကို ဖြေဆိုခွင့်ရှိသွားပြီပင်! မမျှော်လင့်ထားတဲ့ သတင်းကောင်းကို ကြားလိုက်ရတဲ့အခါ ကုန်သည်ကျင်းက အလွန်အမင်း ပျော်ရွှင်သွားပြီး ငယ်ငယ်ကတည်းက လိမ္မာထက်မြက်တဲ့ သူ့သားအတွက် အတော်ဆုံး စာပြဆရာကို ငှားရမ်းချင်ခဲ့တယ်။ ဒါမှသာ သူ့ရဲ့ကုန်သည် ကံကြမ္မာကနေ ရုန်းထွက်နိုင်လိမ့်မည်ဖြစ်သည်။
ထန်ကူမြို့မှာ တည်ရှိတဲ့ ရုံရွှမ်စာသင်ကျောင်းရဲ့ တည်ထောင်သူဆရာကြီးမှာ အရင်မင်းဆက်က ဉာဏ်ပညာပြည့်ဝတဲ့ ပညာရှိကြီးတစ်ဦးဖြစ်ပြီး ရှေ့မှီနောက်မှီ လူတစ်ယောက် ဖြစ်သည်ဆိုတာကို သူကြားသိခဲ့ရတယ်။ ဒါ့အပြင် ယခုလက်ရှိမင်းဆက်ရဲ့ အကြံပေးအရာရှိကလည်း ထိုဆရာကြီးကိုယ်တိုင် မွေးမြူသင်ကြားပေးခဲ့တဲ့ လူလို့သိရတယ်။ ကုန်သည်ကျင်းက သူ့သားနဲ့အတူ ဝေးလံတဲ့ခရီးကို ကျော်ဖြတ်ပြီး ထန်ကူမြိုဆီ လာခဲ့ရတယ်။ ဝမ်းသာစရာကတော့ သူ့ရဲ့သားက ဝင်ခွင့်စာမေးပွဲကို တစ်ကြိမ်ထဲနဲ့ အောင်မြင်ခဲ့ပြီး ထိုကျောင်းရဲ့ တရားဝင်ကျောင်းသားတစ်ယောက် ဖြစ်လာခဲ့တယ်။
ဒါပေမယ့် ကိစ္စတစ်ခု ဖြစ်ပျက်သွားခဲ့တယ်။ ကုန်သည်ကျင်းက မိမိသား အိမ်နဲ့အဝေးကြီးမှာ ကျောင်းသွားတက်ရတဲ့အခါ နေဖို့ထိုင်ဖို့ အခက်အခဲဖြစ်နေမလားဟု တွေးမိခဲ့တယ်။ ပြီးတော့လည်း ဒါကသူ့သားအတွက် ပထမဆုံးအကြိမ် အိမ်နဲ့ခွဲနေဖူးတာဖြစ်တာကြောင့် အဆင်မပြေဖြစ်မှာကို စိုးရိမ်ခဲ့တယ်။ ဒါကြောင့် ကျောင်းကသူ့သားရဲ့ အဆောင်ခန်းကို ဇိမ်ခံပစ္စည်းတွေ ပရိဘောကတွေ အပြည့်နဲ့ ပြန်လည်ပြင်ဆင်လိုက်တယ်။ ပိုက်ဆံနဲ့ဝယ်လို့ရသမျှ အရာအားလုံးကို အကောင်းဆုံးတွေအဖြစ်သို့ ပြောင်းလဲပစ်လိုက်တယ်။ မင်တုံးနဲ့ စုတ်တံကအစ တန်ဖိုးကြီးတဲ့ တံဆိပ်တွေဖြစ်သည်။ ကျောင်းတော်မှာ ဒီလိုပစ္စည်းမျိုးတွေ မြင်ဖူးတဲ့ စာသင်သားပင် တော်တော်ရှားသည်။
စိတ်မြန်လက်မြန်ရှိလှတဲ့ ဆရာယွမ်က ဒါတွေအားလုံးကို သိရှိသွားတဲ့အခါ ကုန်သည်ကျင်းရဲ့သားကို မှတ်ချက်တစ်ခုနဲ့ ကျောင်းမှထုတ်ပယ်လိုက်သည်။
စာသင်ကျောင်းဆိုတဲ့နေရာက သင်ယူဖို့နဲ့ လေ့လာဖို့ အပျော်ခရီးထွက်တဲ့နေရာမဟုတ်ဘူး မင်းရဲ့သားက အခက်အခဲတွေကို သည်းမခံနိုင်မှာ ကြောက်နေရင် အိမ်မှာသာ သက်တောင့်သက်သာနေဖို့ ပြန်ခေါ်သွားလိုက်!
ကုန်သည်ကျင်းက ထုံထိုင်းစွာ ဆွံ့အတုန်လှုပ်သွားခဲ့သည်။ သူ့ရဲ့သားက သူတို့မိသားစုအတွက် ဂုဏ်အသရေတို့ ဆောင်ယူလာပေးမည်ကို မျှော်တလင့်လင့် ဖြစ်နေခဲ့ပေမယ့် ကျောင်းကိုဝင်တာတောင် မကြာသေးဘဲ သူ့ရဲ့အမှားကြောင့် ထိုမျှော်လင့်ချက်ကြီး ပျက်စီးသွားခဲ့သည်။ သူ့သားက အရမ်းစိတ်တိုပြီး ရက်အနည်းငယ်ကြာတဲ့အထိ အစားလည်းမစား ရေလည်းမသောက်ဘဲ အခန်းတွင်းအောင်းနေခဲ့သည်။ ကုန်သည်ကျင်းက သူ့ရဲ့အမှားအတွက် အလွန်စိတ်မကောင်းဖြစ်ရပြီး တစ်ညအတွင်းမှာပဲ ခေါင်းတစ်ဝက်လောက်ထိ ဆံပင်တွေဖြူသွားခဲ့တယ်။ သူ့သားရှေ့ရေးပျက်စီးရတဲ့ အကြောင်းအရင်း မဖြစ်စေဖို့အတွက် ကုန်သည်ကျင်းက နေ့စဉ်မပြတ်သွားရောက်ပြီး သူ့ရဲ့အမှားကို ပြင်ဆင်နိုင်ဖို့ အမျိုးမျိုးကြိုးစား ရှာဖွေကြည့်လေတယ်။
သို့သော်လည်း ဆရာယွမ်နဲ့တွေ့ရဖို့ အခွင့်အရေးက အလွန်နည်းပါးလှတယ်။ ရက်အနည်းငယ် မတိုင်ခင်က နှစ်စဉ်အားလပ်ရက်ဖြစ်တဲ့အတွက် ကျောင်းတော်ကို ပိတ်ထားခဲ့လေတယ်။ ဆရာယွမ်က မိသားစုတွေဆီ အလည်သွားဖို့ သူ့မြေးကိုပါခေါ်ပြီး အိမ်ပြန်သွားခဲ့တယ်။ ဒါပေမဲ့ ကုန်သည်ကျင်းက လက်မလျော့ချင်သေးပေ။ နှစ်သစ်ကူးမှာတောင် သူ့မိသားစုတွေနဲ့အတူ ကျင်းပဖို့ အိမ်ကိုမပြန်နိုင်ဘဲ သူအပြစ်ကို ကုစားနိုင်မယ့် အခွင့်အရေးတစ်ခုခု ရလိုရငြား ထန်ကူမြို့မှာပဲ ဆက်နေခဲ့တယ်။
ပထမတစ်လလုံး ထန်ကူမြို့ဆိပ်ကမ်းမှာပဲနေပြီး စောင့်နေခဲ့တယ်။ ဆရာယွမ် သူ့ရဲ့စစ်မှန်မှုကို တွေ့မြင်ပြီး သူ့သားကို နောက်တစ်ကြိမ် အခွင့်အရေးပေးဖို့ မျှော်လင့်နေခဲ့တယ်။ နောက်ဆုံးမှာတော့ ဒီအခွင့်အရေး ရောက်လာခဲ့လေပြီ။ ဒါပေမယ့် မြင်တဲ့အတိုင်းပဲ သူထပ်ပြီး ဆရာကြီးကို စိတ်အနှောက်အယှက် ပေးမိပြန်ပြီ။
ကုန်သည်ကျင်း စိတ်ညစ်လွန်းလို့ ခုန်သာပေါက်လိုက်ချင်တော့သည်။ ဒီအခြေအနေကို ဘယ်လိုပြန်ထိန်းရမလဲဆိုတာ မသိတော့ဘူး။ သူတစ်ယောက်ထဲဘေးမှာ ကမ္ဘာပျက်မတတ် စိုးရိမ်နေတုန်း ဆရာယွမ်ရဲ့မြေး ယွမ်ယွင်ရှီးတစ်ယောက် လှုပ်လှုပ် လှုပ်လှုပ်နဲ့ ပြန်ရောက်လာပြီး သူ့ရဲ့စပ်စုတဲ့ဘိုးအေကို ပြောလိုက်တယ်။
ဘာမှမဟုတ်ပါဘူးဗျာ, တစ်ယောက်ယောက်က အသားနှပ်ဆိုတဲ့ဟာ ရောင်းနေတာပါ
အသားနှပ်? အဲ့ဒါက ဟင်းပွဲအမျိုးအစားလား ငါတစ်ခါမှမကြားဖူးပါဘူး အရသာကောင်းတယ်တဲ့လား လူတွေအများကြီးဝယ်ဖို့ စောင့်နေကြတာဆိုတော့ အရသာကောင်းလို့ပဲဖြစ်ရမယ်! မြည်းစမ်းကြည့်လို့ရမယ့် စားစရာ အသစ်အဆန်းအကြောင်း ကြားတဲ့အခါမှာတော့ ယွမ်စီနျန်ရဲ့ မျက်လုံးတွေက စိတ်လှုပ်ရှားမှုနဲ့ ရုတ်တရက် တောက်ပသွားတော့တယ်။ ဒါက သူ့ရဲ့ကျက်သရေရှိတဲ့ ပညာရှိပုံစံကို အလိုအလျောက် ပျောက်ပျက်သွားစေပြီး ရူးသွပ်ငမ်းငမ်းတက်နေတဲ့ အစားကြီးသူတစ်ယောက်ပုံစံ ဖြစ်သွားစေတယ်။
ဆရာယွမ်ရဲ့အကြိုက်ကို ဘယ်လိုဆောင်ရမလဲ ပူပန်နေတဲ့ ကုန်သည်ကျင်းက ချက်ချင်းပဲ ဝင်ပြောလိုက်တယ်။
ဆရာယွမ်ထိုင်ဖို့ နေရာတစ်ခုရှာပြီး ခဏလောက်အနားယူနေလိုက်ပါ ဘာလဲဆိုတာ ကျနော်သွားကြည့်လိုက်ပါမယ်
သူ့ရဲ့ ရွှေရောင်ဘောလုံးနဲ့တူတဲ့ ဝတုတ်တုတ်ခန္ဓာကိုယ်ကြီးက ရှောင်ချောင်းရဲ့ဘေးကို အလျင်အမြန် ရောက်ရှိသွားတော့တယ်။
မိန်းကလေး, မင်းရောင်းနေတဲ့ အသားနှပ်တွေ ကျန်တာအကုန် ငါယူမယ်
.......

ပိုက်ဆံတွေလက်ခံရလွန်းလို ရှီထုန်ရဲ့လက်လေးတွေ နာကျင်စပြုလာတယ်။ သူ့ဆီကို မရေမတွက်နိုင်တဲ့ လက်တွေက ကြေးပြားတွေထိုးပေးနေသလိုပဲ။ ကြာတော့ ဘယ်သူက ဘယ်လောက် ပေးလိုက်မှန်းတောင် မမှတ်မိတော့ဘူး။ သူက စိတ်ဖိစီးမှုကြောင့် မျက်မှောင်လေးကြုတ်ပြီး မျက်နှာကို လေဖောင...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now