အပိုင်း၇၅ (ကူညီခြင်း)

Start from the beginning
                                    

.......

[Unicode]
အပိုင်း၇၅ (ကူညီခြင်း)

ရှောင်ချောင်းက တခဏစဉ်းစားလိုက်ပြီး ကျင်းတစ်ဝက်လို့ ယောင်ပြီးပြောမိတော့မလို့။ ဒါပေမယ့် ရှေးခေတ်မှာ ကျင်းတစ်ဝက်က ရှစ်အောင်စခန့်ရှိတာကို သတိရသွားတယ်။ ကျင်းတစ်ဝက် ရှစ်အောင်စ ဆိုတဲ့ ကဗျာလေးလည်းရှိတာပဲ။ ဆိုလိုတာက သူတို့နှစ်ခုက ခွဲခြားမရအောင် ညီမျှတယ်။ ထို့ကြောင့် သူမက အလျင်အမြန်ပဲ ပြင်ပြောလိုက်သည်။
တစ်မျိုးကို ၄အောင်စစီပေးပါ
ကြာညို့နဲ့ ရှာလကာရည် နှစ်ခုပေါင်းက ကြေးပြားငါးပြား ကုန်ကျသွားတယ်။ ထို့နောက် ရှောင်ချောင်းက ဒီနေ့ရဲ့ငွေစာရင်းကို တွက်ချက်ကြည့်လိုက်တယ်။ သူ့အမေ မုန့်ဖိုးပေးလိုက်တဲ့ ကြေးပြား၂၀နဲ့ ၊ ရှောင်လျန်ရဲ့ ချည်ထိုးပန်းထိုးကို ရောင်းလို့ရတဲ့ ကြေးပြား၁၀၀ရှိတယ်။ အဲ့ထဲကမှ ပန်းထိုးဖို့ ပိုးစဝယ်ရတာက ကြေးပြား၁၀ပြား၊ ဟင်းခတ်အမွှေးအကြိုင်တွေ ဝယ်ရတာက ကြေးပြား၃၀၊ ပြီးတော့ သူ့အစ်ကိုကြီးလက်ထဲထည့်ပေးခဲ့တာက ကြေးပြား၁၀၊ ဒီတော့ အခု သူ့လက်ထဲမှာ ကြေးပြား၇၀ ကျန်တယ်။ ဒီလောက်ဆို သူ့ကို လက်ဖွာတဲ့သူလို့တော့ ပြောလို့မရဘူးမလား?
ဂွီ~~~
သူတို့တွေ ဒီနေ့ မနက်စာကို အစောကြီးစားခဲ့ကြတာကြောင့် တစ်နေ့ကို နှစ်နပ်ပဲစားတတ်တဲ့ ရှီထုန် လေးတောင် သူ့ရဲ့တဂွီဂွီဆန္ဒပြနေတဲ့ ဗိုက်ကလေးကိုကိုင်ပြီး မျက်နှာလေးရှုံ့မဲ့နေသည်။ ဒါပေမယ့် တစ်ခုခုဝယ်စားဖို့ကိုတော့ မပြောရှာဘူး။
အစားအသောက်တန်းဘက်မှာတော့ မနက်စာရောင်းတဲ့ တွန်းလှည်းဆိုင်တချို့ အခုထိ မပိတ်ကြသေးပေ။ ရှောင်ချောင်းက ဟင်းခတ်မှုန့်တွေကို ဂရုတစိုက်ကိုင်ပြီး သူ့မောင်လေးလက်ကိုဆွဲကာ ထိုဆိုင်တန်းတွေဘက် လျှောက်သွားလိုက်တယ်။ ထို့နောက် စွပ်ပြုတ်ပူပူတစ်ခွက်စီ ဝယ်လိုက်ပြီး ဆေးမုန်ညှင်းဘိန်းမုန့်အပိုင်းလေးကို သူ့မောင်လေးရဲ့ ဟင်းချိုထဲ နှစ်ပေးလိုက်တယ်။
သူတို့ဝယ်တဲ့ဟင်းချိုက အရသာမှုန့်အဖြစ် ဆားတစ်ခုပဲခတ်ထားတဲ့ ရိုးရိုးဂေါ်ဖီဟင်းချိုဖြစ်ပြီး မျက်နှာပြင်မှာ ဆီစက်အနည်းငယ်သာ ဝေ့နေသည်။ အမှန်ပြောရရင် ထိုဟင်းချိုရဲ့အရသာက တော်တော်လေးကို မထူးကဲလှပေ။ ဒါပေမယ့် မီးဖိုသေးသေးလေးပေါ်မှာ အချိန်အတော်ကြာ ဆူအောင်တည်ထားတာမို့ တစ်ကျိုက်သောက်လိုက်တာနဲ့ ဝမ်းဗိုက်ထဲကိုအလွယ်တကူ နွေးထွေးသွားစေတယ်။ သူတို့ဒီမနက် အိမ်ကယူလာတဲ့ ဘိန်းမုန့်တွေက အချိန်ကြာတော့ ကျောက်ခဲလို အေးတောင့်နေပေမယ့် ဟင်းချိုထဲ နှစ်ပေးလိုက်တော့ ပြန်နွေးလာပြီး စားရအဆင်ပြေသွားတယ်။
အဲ့ဒီ မနက်စာရောင်းတဲ့ဆိုင်လေးက အသက်လေးငါးနှစ်အရွယ် ကလေးလေးတစ်ယောက်က သူတို့မောင်နှမနှစ်ယောက်ရဲ့ အရသာရှိတဲ့ဘိန်းမုန့်တွေကို အားကျမှုတွေနဲ့အတူ ငေးကြည့်နေခဲ့တယ်။ နောက်တော့ သူက သူ့ရဲ့လက်မောင်းတစ်ဖက်ကို ဝေ့ရမ်းပြီး သူ့အဖေကိုပူဆာတော့တယ်။
အဖေ့ သားလည်း အဲ့လိုအရသာရှိတဲ့ဟာမျိုးစားချင်တယ် တစ်ခုဝယ်ကျွေး!
ဈေးဆိုင်ပိုင်ရှင်က မုန့်မှာ လတ်ဆတ်တဲ့ အစိမ်းရောင်အရွက်တွေပါတာကို သတိထားမိသွားသည်။ ထို့ကြောင့် သူကနားမလည်နိုင်စွာနဲ့ မိန်းကလေး အဲ့ဒီမုန့်ကို ဘယ်ကဝယ်ခဲ့တာလဲဒီရာသီမှာ ဘယ်လိုလုပ်ပြီး အရွက်စိမ်းတွေ ရှိနေနိုင်တာလဲ
ရှီထုန်လေးက ဘိန်းမုန့်ကို အကိုက်ကြီးကြီး ကိုက်စားလိုက်ပြီး အားရဝမ်းသာစွာနဲ့ ဖြေလိုက်တယ်။
ဒါက ကျနော့်ရဲ့ ဒုတိယအစ်မက လုပ်ထားတာလေ၊ ဒါပေမယ့် ဒီထဲမှာ အသီးအရွက်တွေမပါပါဘူး ကျနော်တို့ တောင်ပေါ်က ဆေးပင်ရိုင်းတွေကို တူးပြီးလုပ်ထားတာ၊ ကျနော့်ရဲ့ ဒုတိယအစ်မက ဟင်းချက်အရမ်းတော်တာ၊ အဲ့ဒါကြောင့် ဘယ်သူမှသူ့လို အရသာရှိတဲ့ဘိန်းမုန့်မျိုး လုပ်နိုင်မှာ မဟုတ်ဘူး
သား အဲ့ဒီဘိန်းမုန့်စားချင်တယ်, အဖေ့ , အဖေ့ အဲ့ဒီဆေးပင်ရိုင်းနဲ့ လုပ်ထားတဲ့ ဘိန်းမုန့်တွေစားချင်တယ်လို့ ဝါးးးး.
ရှီထုန်လေးရဲ့ကျေနပ်နေတဲ့ မျက်နှာအမူအရာကို တွေ့တဲ့အခါ ထိုကလေးလေးက သူလည်း စားချင်တယ်ဆိုပြီး သနားဖွယ်ကောင်းစွာ စတင်အော်ငိုတော့တယ်။
မနက်တုန်းက သူတို့အမေ အမျိုးသမီးလျိုက မြို့သွားမယ့်သူတို့မောင်နှမအတွက် ကျန်တဲ့ဘိန်းမုန့်သုံးခု ကို ထည့်ပေးလိုက်တာဖြစ်သည်။ အဲ့ထဲက နှစ်ခုကိုအပိုင်းပိုင်းဖဲ့ပြီး ဟင်းချိုထဲ ထည့်လိုက်တာကြောင့် စားပွဲပေါ်မှာ ဘိန်းမုန့်တစ်ခု ကျန်နေသေးသည်။ ထို့ကြောင့် ရှောင်ချောင်းက ခပ်မြန်မြန်ပဲ
သမီးတို့မှာ တစ်ခုကျန်သေးတယ်၊ ဦးလေးကြီး အဆင်ပြေတယ်ဆိုရင် ဒါကို မောင်လေးကို ကျွေးဖို့ယူလိုက်ပါ
ဘယ်လိုလုပ် ယူရမှာလဲကွယ် မင်းတို့မောင်နှမတွေစားဖို့ မလောက်ဘဲနေမှာပေါ့! ဈေးသည်ဦးလေးက ကလေးငယ်ကို ချော့မြူရင်း ရှောင်ချောင်းတို့မောင်နှမကို မသက်မသာပြုံးရင်းပြောတယ်။
ကိစ္စမရှိပါဘူး သမီးတို့က ဒီကိုမလာခင် မနက်စာစားခဲ့ပြီးပြီ ခုက ခန္ဓာကိုယ်နွေးအောင်လို့ ဟင်းရည်ပူပူလေး သောက်ရုံရယ်
ကောင်ငယ်လေးက အငိုမတိတ်နိုင်တာကို ရှောင်ချောင်းမြင်ရတယ်။ သူ့ရဲ့နှာခေါင်းက နှပ်ချေးတွဲလောင်းကျပြီး ပူစီပေါင်းတွေထွက်တဲ့အထိ ရှိုက်ငိုနေတော့သည်။ သူနဲ့သူ့မောင်လေးက ဘိန်းမုန့်တစ်ချပ်စီနဲ့ ဟင်းချိုတစ်ခွက်စီ စားသောက်ပြီးသွားပြီ။ ဒါက သူတို့ရဲ့ အစာအိမ်တွေ ငြိမ်သက်သွားဖို့ လုံလောက်တယ်။ ပြီးတော့ သူတို့ညနေအိမ်ပြန်ရောက်ရင်လည်း အစာပြေစားစရာတွေ ရှိဦးမှာ။ ဒါကြောင့် ကျန်နေတဲ့မုန့်ကို သူတို့ဆီပေးတာဖြစ်သည်။
တွန်းလှည်းဆိုင်ပိုင်ရှင်လည်း တခဏတွေဝေပြီးနောက် ဒီလိုဆိုလည်း ကျေးဇူးပါကွာ ကျေးဇူးတင်တဲ့အနေနဲ့ မင်းတို့နှစ်ယောက်သောက်တဲ့ ဟင်းချိုအတွက် ငွေမပေးနဲ့တော့ ဟုတ်ပြီလား
ဟင်းချိုတစ်ခွက်က ကြေးပြားတစ်ပြားကုန်ကျတယ်။ ၁ပြားဆိုလည်း ၁ပြားတန်ဖိုးရှိတာပါပဲ။ ယွီရှောင်ချောင်းက တွန်းလှည်းသည်ဦးလေးကြီးကို ကျေးဇူးတင်စကားဆိုပြီးနောက် သူ့မောင်လေးနဲ့ အတူ အစားအသောက်ဆိုင်တန်းဆီကနေ ထွက်ခွာသွားတော့သည်။ ထို့နောက် ဦးလေးမာ စောင့်နေမည့် မြို့ဝင်တံခါးအပြင်က နေရာဆီကို သွားလိုက်ကြသည်။ သူရဲ့မြည်းလှည်းလေးပေါ်မှာ လူတွေအပြည့် ဖြစ်နေပြီဖြစ်ပြီး သူတို့နှစ်ယောက်အလာကို စောင့်နေကြခြင်းသာဖြစ်သည်။
တကယ်လို့ အမျိုးသမီးလျိုသာ ဟင်းခတ်အမွှေးအကြိုင်တွေ ကြေးပြားသုံးဆယ်ဖိုး ဝယ်ခဲ့တယ်ဆိုတာသိ ရင် သေချာပေါက် သူတို့ကိုဆူတော့မှာ။ အိမ်မှာစားစရာတောင် မရှိသလောက်ဖြစ်နေတာကို ဘာလို့ ဟင်းခတ်မှုန့်တွေ ဝယ်လာရတာလဲဆိုပြီး။
အိမ်ပြန်ရောက်တဲ့အခါ ရှောင်ချောင်းက တံခါးကို ဂရုတစိုက်ဖွင့်ပြီး အထဲကို ခေါင်းလေးတိုးပြီး အရိပ်အခြည်ကြည့်လိုက်တယ်။ ရှောင်လျန်တစ်ယောက် ခြံဝင်းအလယ်မှာ ပန်းချည်ထိုးနေသည်။ သူမက ရှောင်ချောင်းရဲ့ ခိုးကြောင်ခိုးဝှက်အမူအရာကို မြင်တဲ့အခါ အော်ရီလိုက်ပြီး
ရှောင်ချောင်း ဘာမဟုတ်တာတွေ လုပ်လာခဲ့လို့လဲ စိတ်ချ အမေအခုအိမ်မှာမရှိဘူး!
အဲ့ဒါကိုကြားမှ ရှောင်ချောင်းက စိတ်သက်သာရာရသွားပြီး ခြံဝင်းထဲကို ဝင်လိုက်တယ်။
ဘယ်သူက မဟုတ်တာတွေလုပ်လာရမှာလဲ.... ငါမြို့က ဟင်းခတ်အမွှေးအကြိုင်တွေ ဝယ်ခဲ့ရုံပါပဲ အမေက ပိုက်ဆံကို မဆင်မခြင်သုံးတယ်ဆိုပြီး ဆူမှာစိုးလို့ပါနော်ဒီမှာ နင့်ရဲ့ ပန်းထိုးတဲ့ဟာတွေ ရောင်းလို့ရတဲ့ထဲက ကျန်တဲ့ငွေ
ကျန်တဲ့ငွေကို နင်သုံးချင်တာသုံးဆိုပြီး ငါပြောခဲ့သားပဲဘာလို့ ဟင်းခတ်အမွှေးအကြိုင်တွေ ဝယ်တာက မဆင်မခြင်သုံးတာ ဖြစ်ရမှာလဲ
ရှောင်လျန်က ငွေအိတ်ကို ယူလိုက်ပြီး အလေးချိန်ကို ခံစားမိသွားတာကြောင့် အံ့ဩစွာနဲ့ ဟင်းခပ်မှုန့်တွေ ဘယ်လောက်ဝယ်ခဲ့တာလဲနင်ငွေတွေအများကြီး မသုံးခဲ့ဘူးလို့ ခံစားရတယ်
အရင်တစ်ခေါက်က သူမ ပန်းထိုးထားတဲ့ အိတ်ငါးအိတ်ကို ရောင်းတုန်းက စုစုပေါင်း ကြေးပြား၇၅ပြား ရခဲ့တယ်။ ဒါပေမယ့် အခု ရှောင်ချောင်းပေးတဲ့ ကျန်ငွေထည့်ထားတဲ့အိတ်က ပုံမှန်၇၅ပြားထက် ၅ပြားတောင် ပိုနေတာကြောင့် ကွာခြားမှုကို ခံစားမိနေတယ်။
ရှောင်ချောင်းက သူမကို ပန်းချည်ထိုးဆိုင်ပိုင်ရှင်က အိတ်တွေကို ဒီတစ်ခေါက် ပိုများတဲ့ဈေးနဲ့ ဝယ်လိုက်တာကို ရှင်းပြလိုက်တယ်။
ရှောင်လျန်, ကျေးဇူးပြုပြီး ဒီဟင်းခတ်ပစ္စည်းတွေ ဝယ်ခဲ့တဲ့အကြောင်း အမေ့ကိုပြောလို့မဖြစ်ဘူးနော် ငါဒါတွေနဲ့ တစ်ခုခုလုပ်စရာရှိလို့!
အမေ့ကို ဘာအကြောင်းပြောလို့မဖြစ်တာလဲကွ!
ယွီဟိုင်က အိမ်ထဲကနေ ထော့ကျိုးထော့ကျိုးနဲ့ ထွက်လာပြီး သူ့ရဲ့ချစ်စရာသမီးနှစ်ယောက်ကို ပြုံးဖြီးဖြီးနဲ့ စနောက်လိုက်သည်။ သူ့ရဲ့ခြေထောက်က ချိုင်းထောက်မလိုဘဲ လမ်းလျှောက်နိုင်တဲ့အထိ သက်သာလာပြီဖြစ်သည်။
ဘာမှမဟုတ်ဘူး, ဘာမှမဟုတ်ပါဘူး! အဖေ ဒီလို ဝါးဘူးလေးတွေ ဘယ်လိုလုပ်ရလဲသိလား အချိန်ရရင် ဒါမျိုးလေးနှစ်ဘူးလုပ်ပေးဦးနော် သမီး တစ်ယောက်ယောက်ဆီက ငှားထားတာ ပြန်ပေးရမှာမလို့! ရှောင်ချောင်းက ပါးနပ်စွာနဲ့ အကြောင်းအရာကို ပြောင်းလဲလိုက်ပြီး သူမအဖေကို ကြာညို့ထည့်ထားတဲ့ ဝါးဘူးကို ကမ်းပေးလိုက်သည်။
ဒီလိုဘူးမျိုးက ဝါးနဲ့လုပ်တဲ့အသုံးအဆောင်တွေထဲမှာ အလွယ်ဆုံးပဲ အဖေ့အတွက် မခက်လောက်ပါဘူး
ယွီဟိုင်က ဝါးဘူးကိုအနံ့ခံကြည့်လိုက်ပြီး ရယ်မောလိုက်တယ်။ ဟင် ကြာညို့တွေလားအခုနေသာ အဆီများများ အခေါက်များများနဲ့ ဝက်သားလေးရှိမယ်ဆိုရင် ဝက်သားနီချက် လုပ်လို့ရတယ် အဲ့လိုသာဆို ငါတို့တွေ လုံးဝကိုအစားမြိန်ပြီပဲ!
သူ့အမေအရင်း ဆုံးပါးပြီးကတည်းက ယွီဟိုင့်ခမျာ ဝက်သားနီချက်ရဲ့အရသာကို နောက်တစ်ကြိမ် ထပ်မံ မြည်းစမ်းခွင့်မရှိတော့ပေ။ သူ့အမေလက်ရာ ထိုဟင်းပွဲရဲ့ အရသာလေးက ယခုအချိန်ထိ ရင်ထဲမှာ စွဲကျန်နေသေးသည်။
ရှောင်ချောင်းက သူ့လက်ထဲက ကြာညို့ဘူးကို အလျင်အမြန် ပြန်ယူလိုက်ပြီး အခိုင်အမာ ပြောလိုက်တယ်။ သမီး ဒီဟာတွေကိုသုံးဖို့လိုတယ်...ဒါကြောင့် အဖေထိလို့မရဘူး! နေပါအုံး ဒါနဲ့ အမေက ဘယ်ကိုသွားတာလဲ
အရီးကျိုးတို့အိမ်ကို သွားတယ်။ သူတို့တွေ အမှာစာအကြီးကြီး တစ်ခုရထားတာ မနက်ဖြန်အပြီး လုပ်ရမှာတဲ့ အဲ့ဒါ အမေ့ကို ကြက်တွေသတ်တာကူဖို့ ပြောထားလို့ သွားကူတယ်
ရှောင်လျန်က သူ့ညီမပေးတဲ့ ဟင်းခတ်ပစ္စည်းတွေကို ယူလိုက်ပြီး မီးဖိုချောင်ထဲက မမြင်ကွယ်ရာထောင့်တစ်ခုမှာ သိမ်းထားလိုက်တယ်။
ယွီဟိုင်က သူ့သားငယ်ရှီထုန်ကို လှမ်းခေါ်လိုက်သည်။
သားရေ အဖေနဲ့ အသီးအရွက်ခင်းတွေကို အမိုးအကာခြုံပေးဖို့လုပ်ရအောင်.ငါတို့ အပင်ပေါက်လေးတွေက အသန်မြန်ချက်ပဲ ငါးရက်ပဲရှိသေးတာတောင် စင်တီမီတာ တော်တော်လောက်ထွက်နေပြီ အဖေတော့ ဒီနှစ်ထက် အရင်နှစ်က ပိုနွေးတဲ့ နွေဦးရာသီမှတောင် အပင်တွေ ဒီလောက်မြန်မြန်ကြီးတာ တစ်ခါမှမမြင်ဖူးဘူး
သူတို့မြန်မြန်ကြီးမှာပေါ့! သူမအံ့ဖွယ်ကျောက်တုံးရေတွေ နေ့တိုင်းလောင်းပေးနေတာကို
ရှောင်ချောင်းက ရှက်ကိုးရှက်ကန်းနဲ့ နှာခေါင်းကို ပွတ်သပ်လိုက်ပြီး
သမီး အရီးကျိုးတို့ဆီသွားပြီး အကူအညီလိုလား ကြည့်လိုက်အုံးမယ်
အဲ့လိုပြောပြီး သူမက မီးခိုးမျှင်လေးလိုမျိုး လှစ်ခနဲ ထွက်သွားတော့တယ်။
အမျိုးသမီးဖန်းက ကြက်သားနဲ့ ကြက်ဥတွေကိုရောင်းဖို့ ဒီနေ့မနက်အစောကြီး မြို့ကိုသွားခဲ့တယ်။ မြို့ထဲမှာ သခင်ကြီးဟွမ်ရဲ့အဖေက သူ့ရဲ့အသက်ခြောက်ဆယ် မွေးနေ့ဂုဏ်ပြုစားသောက်ပွဲအတွက် ကြက်အကောင် သုံးဆယ်ဝန်းကျင်လိုတယ်လို့ သိခဲ့ရတယ်။ ဈေးဝယ်ဖို့တာဝန်ကျတဲ့ အိမ်တော်ထိန်းက သူမကို ကြက်အကောင်လေးဆယ်စာ မှာယူထားပြီး မနက်ဖြန် အိမ်တော်ဆီပို့နိုင်ဖို့ အားလုံးကို ဒီနေ့အပြီးစီစဉ်ရန် မှာကြားခဲ့တယ်။
အော်ဒါရရှိပြီးနောက် သူမက အိမ်ကိုအမြန်ပြန်လာခဲ့တယ်။ ကြက်အကောင် လေးဆယ်စလုံးကို တစ်နေ့ခင်းထဲနဲ့ သတ်ဖို့၊ အမွှေးနှုတ်ဖို့၊ သန့်စင်ဖို့အတွက် အိမ်မှာ လူအလုံအလောက်မရှိဘူး။ ပြီးတော့ သူမယောကျ်ားကလည်း အိမ်မှာမရှိဘူး။ သူနဲ့ သူ့ကလေးသုံးယောက်နဲ့သာဆိုရင် ဒီအော်ဒါကြီးကို အပြီးမလုပ်နိုင်မှာ စိုးရိမ်တာကြောင့် အမျိုးသမီးဖန်းက အမျိုးသမီးလျိုကို အကူအညီတောင်းခဲ့တာ ဖြစ်သည်။
ရှောင်ချောင်းရောက်သွားတဲ့အခါမှာ ကျိုးလင်းလုံနဲ့ သူ့ညီမက မီးဖိုချောင်ထဲမှာ ရေနွေးတည်ကြလို့။ အရီးဖန်းကတော့ ဓားမကြီးကိုကိုင်ပြီး ကြက်ကိုသတ်ဖို့ရွယ်နေတယ်။ သူ့ဘေးမှာ ကြက်ဖကြီး၅ကောင် ၆ကောင်လောက်က ခြေထောက်တွေမိုးပေါ်ထောင်ပြီး မြေပြင်ပေါ် လဲလျောင်းနေကြတယ်။ သူ့အမေ အမျိုးသမီးလျိုကတော့ ကြီးမားတဲ့သစ်သားဇလုံကြီးရဲ့ဘေးမှာ ရေပုံးတစ်လုံးနဲ့ ရေနွေးတွေကို ထိုထဲသို့ လောင်းထည့်နေတယ်။ ဇလုံကြီးရဲ့အထဲမှာတော့ အမွှေးတွေမချွတ်ရသေးတဲ့ သတ်ပြီးသားကြက်တွေ ရှိနေတယ်။
အမေ, အရီးကျိုး, သမီးကူဖို့လာပြီ! ရှောင်ချောင်းက သူတို့ကိုနှုတ်ဆက်လိုက်ပြီး မြေပြင်ပေါ်မှာ ကြက်သွေးတွေ ပေနေတာမြင်တဲ့အခါ မျက်မှောင်ကျုံ့သွားသည်။
အမျိုးသမီးဖန်းက ခြေထောက်တွေ စည်းနှောင်ထားတဲ့ ကြက်တစ်ကောင်ကို ယူလိုက်ပြီး လည်ပင်းနားက အမွှေးတွေကို ဆွဲနှုတ်လိုက်တယ်။ ပြီးတော့ ဓားမကိုခုတ်မချလိုက်ခင်မှာပဲ အသံတစ်သံ ကြားလိုက်ရတာကြောင့် အပြုံးလေးနဲ့လှည့်ပြောလာတယ်။
ပြန်ရောက်ပြီလား ရှောင်ချောင်း မင်းလည်းမြို့သွားမယ်ဆိုတာအရီးသိရင် ငါတို့အတူတူသွားလို့ရခဲ့မှာကိုဘယ်လိုလဲ မြို့မှာဈေးဝယ်ထွက်တာ ပျော်ခဲ့လား
အရီးကျိုးက ကြက်တွေသတ်လို့ ရလာတဲ့သွေးတွေကို လိုချင်ဘူးလား
ရှောင်ချောင်းက မဆိုင်တဲ့အဖြေကိုပြန်ဖြေပြီး အညစ်အကြေးတွေနဲ့ ရောနေပြီဖြစ်တဲ့ မြေပေါ်ကကြက်သွေးတွေကို စိတ်ထဲနှမြောနေမိတယ်။
အမျိုးသမီးဖန်းက နားမလည်နိုင်စွာနဲ့ ခဏတုံ့ဆိုင်းနေပြီးမှ ဘယ်သူက ကြက်သွေးတွေကိုလိုချင်မှာလဲ အရသာမှမရှိဘဲ!
ယွီရှောင်ချောင်းက မျက်တောင်တဖျတ်ဖျတ်ခတ်ပြီး ပြန်ပြောလိုက်တယ်။
ကြက်သွေးကိုစားလို့ရတယ် အရီးရဲ့! သေချာသာလုပ်မယ်ဆိုရင် အနံ့ရောအရသာရော လုံးဝမဆိုးတော့ဘူး သွေးအားကောင်းအောင်လို့ သွေးခဲစားပေးရတယ် အဲ့လိုဆို ကြက်သွေးကအကောင်းဆုံးပဲ အဆစ်အမြစ်နာတာတွေလည်းပျောက်တယ် သွေးလှည့်ပတ်မှုအားကောင်းပြီး အကုန်ပွင့်ထွက်သွားမှာ!
အာအရီးဖြင့် ကြက်သွေးမှာ ဒီလိုဂုဏ်သတ္တိတွေရှိတာ တစ်ခါမှမကြားဖူးပါဘူး ဘယ်သူ့ဆီက သိခဲ့တာလဲ ရှောင်ချောင်း
အမျိုးသမီးဖန်း လက်ထဲကဓားက အခုကြက်ခေါင်းကို ခုတ်ရ, မခုတ်ရ မသေချာတော့ဟန်ဖြင့် တွန့်ဆုတ်နေသည်။
ယွီရှောင်ချောင်းက မီးဖိုချောင်ထဲကိုပြေးဝင်ပြီး ကျိုးရှန်းဟူဆီက ဇလုံတစ်လုံး တောင်းယူလိုက်သည်။ ထို့နောက် ထိုဇလုံကို အမျိုးသမီးဖန်းရှေ့မှာချလိုက်ပြီး
အရီးကျိုး သမီးပြောပြမယ်! ကြက်သွေးကို မှန်မှန်ကန်ကန်သာ ချက်မယ်ဆိုရင် နူးနူးအိအိလေးဖြစ်သွားပြီး အရမ်းစားကောင်းသွားမှာ တိုဟူးလေးနဲ့ရောပြီး ဟင်းချိုလုပ်လို့ရသလို ဂေါ်ဖီနဲ့လည်းချက်စားလို့ရတယ် တကယ်လို့ အနှစ်လေးနဲ့သာ ချက်လိုက်မယ်ဆိုရင် နူး,ညံ့,ပျော့,အိပြီးအရမ်းအရသာရှိသွားမှာ!
ဒီကလေးကတော့ အရမ်းကိုဖွဲ့နွဲ့ပြနေတာ ငါ့ပါးစပ်က သွားရည်တောင်ထွက်ကျတော့မယ်! ကောင်းပြီ ကြက်သွေးတွေအကုန် မင်းအပိုင်ပဲ။ ချက်လို့ပြီးရင်သာ မင်းရဲ့အရီးကျိုးအတွက် တစ်ပန်းကန်ယူခဲ့ဖို့ မမေ့နဲ့..
အမျိုးသမီးဖန်းက ကြက်လည်ပင်းကိုလှီးရန် ဓားကိုလျင်မြန်စွာ ကိုင်ရွယ်လိုက်သည်။ ထို့နောက် အနီရင့်ရောင်ကြက်သွေးတွေ ဇလုံထဲကို ဒလဟောစီးကျလာတော့သည်။
ရှောင်ချောင်း အခုသူ့ရှေ့မှာ ခံတွင်းကို ပျော်မြူးသွားစေမယ့် စားကောင်းသောက်ဖွယ် အရင်းအမြစ်ကြီး တစ်ခု စီးမျောနေသည်ဟု ခံစားလိုက်ရသည်။ သူမ ငမ်းငမ်းတက်စွာနဲ့ အခုချက်ချင်းပဲ ကြက်သွေးတွေကို ယူပြီး သွားချက်ချင်နေတော့သည်။ နှစ်သစ်ကူးပွဲတော်ပြီးသွားတာ နှစ်လကြာပြီ။ အသားနဲ့ငါး စားနိုင်ဖို့ ဝေးသေး ဆန်ကြမ်းကိုတောင် သူတို့ဝလင်အောင် မစားနိုင်ကြဘူး။ ဒီလိုဘဝမျိုးမှာ နေရခြင်းက သူ့ရဲ့တောင့်တမှုတွေကို အထိန်းအကွပ်မဲ့သွားစေတယ်!
အဲ့မှာရပ်ပြီး ဘာလုပ်နေတာလဲဒီကိုကူဖို့လာတာမဟုတ်ဘူးလား အိမ်သွားပြီး ငါတို့ ဟင်းသီးဟင်းရွက်တွေ ထည့်ဆေးတဲ့ဇလုံသွားယူချည် အဲ့လိုဆို အမွှေးနှုတ်တာပိုမြန်လိမ့်မယ်! အမျိုးသမီးလျိုက ချော့သလိုငေါက်သလို လေသံလေးနဲ့ သူ့သမီးကိုပြုံးပြီး ပြောလိုက်တယ်။
ဟုတ်ကဲ့ ရှောင်ချောင်းကနာခံပြီး ချက်ချင်း အပြင်ကိုပြေးထွက်သွားတော့တယ်။
အမျိုးသမီးဖန်းက ရှောင်ချောင်းရဲ့ တက်ကြွတဲ့ခြေလှမ်းတွေကို အဝေးကိုရောက်လို့ ပုံရိပ်လေး သေးငယ်သွားတဲ့အထိ လိုက်ကြည့်ပြီး ပြုံးနေမိတယ်။
ညီမမုယွမ်, မင်းတို့မိသားစုတွေ ကံဇာတာ ကောင်းလာပြီပဲဖြစ်ရမယ်ကြည့်လေ မင်းတို့ပြောင်းလာကတည်းက မင်းယောကျ်ားခြေထောက်လည်း သက်သာလာတယ် ရှောင်ချောင်းလည်းကျန်းမာလာတယ် မင်းလည်းနောက်ထပ် မဖျားတော့ဘူးမလား အရမ်းစိတ်ပူမနေနဲ့တော့ အနာဂတ်မှာ မင်းတို့မိသားစု သေချာပေါက် ပိုပြီးကောင်းလာဖို့ပဲ ရှိတော့တယ် နွေဦးကျ ကြက်ကလေးတွေ အကောင်ပေါက်ရင် အိမ်မှာမွေးဖို့ တချို့လာယူသွား ဥတွေဥရင် မင်းကလေး တွေ အာဟာရဖြစ်အောင် ကျွေးလို့ရတာပေါ့။ မင်းနဲ့မင်းကလေးတွေက တော်တော်ကိုပိန်ပါတယ်အေ
အမျိုးသမီးလျိုက သူမခေါင်းကိုမော့လိုက်ပြီး တခြားအမျိုးသမီးကို အပြုံးနုနုလေး ပြုံးပြလိုက်တယ်။ အိမ်ပြောင်းလာပြီးကတည်းက သူမရဲ့အပြုံးတွေကို ရံဖန်ရံခါတွေ့လာရတယ်။ သူမက ရီချင်စိတ်ကို ထိန်းလိုက်ရင်း ကြက်အမွှေးတွေကို ကျွမ်းကျင်လွယ်ကူစွာ ဆက်နှုတ်နေလိုက်တယ်။ သစ်သားဇလုံကြီးထဲက ရေနွေးငွေ့တွေမြင့်တက်နေပြီး လေထဲမှာ ငြိစို့စို့အနံ့ကပျံ့နှံ့လျက်
ရှောင်ချောင်းပြန်ရောက်တဲ့အခါ အမျိုးသမီးလျိုက ကြက်ရဲ့ဗိုက်ကိုခွဲပြီး အထဲက ကလီစာတွေကို ဆွဲထုတ်ပြီး မြေပေါ်ပစ်ချလိုက်တာကို တွေ့ရတယ်။
ဒါတွေအားလုံးကို လွှင့်ပစ်မှာလား ရှောင်ချောင်းက အူကြောင်ကြောင်လေး မေးလိုက်တာကြောင့်
အမျိုးသမီးလျိုက သူမကို ဖျတ်ခနဲကြည့်လိုက်ပြီး စနောက်လိုက်တယ်။ မင်းက တကယ်ပဲ ဒီလောက်ညစ်ပတ်ပြီး အနံ့ဆိုးတဲ့ဟာတွေ စားချင်တာလား ဒီထဲမှာကြက်ချေးတွေပါတယ်နော် မင်းချက်မယ်ဆိုလည်း မင်းတစ်ယောက်ထဲပဲစားမယ့်သူရှိမှာ။ ဒီတော့ အချိန်ဖြုန်းမနေဘဲ အရီးကျိုးသတ်ပြီးတဲ့ ကြက်တွေကို ငါ့ဆီယူလာခဲ့။ ငါကသူတို့ကို ရေနွေးစိမ်ရမှာဆိုတော့ မင်းက အမွှေးနှုတ်တဲ့တာဝန်ယူ!
ရှောင်ချောင်း ဂရုတစိုက်လုပ်နော်! ကောင်းကောင်းလုပ်ရင် အရီးက မင်းကိုကြေးပြားဆယ်ပြား မုန့်ဖိုးပေးမယ်. အမျိုးသမီးဖန်းက ရှောင်ချောင်းက ဒီအလုပ်မှာ ဆရာကျပြီး သူ့ကတိကို တည်လိမ့်မယ်ဆိုတာ ပြောနိုင်တယ်။
ဒါပေမယ့် အမျိုးသမီးလျိုက ကြားဖြတ်ပြီး လေးတိလေးကန် ပြောလိုက်တယ်။
ငါတို့က ရွာသားအချင်းချင်း အိမ်နီးချင်းတွေပဲကို မင်းတို့ကို ကူညီလို့ ပိုက်ဆံပေးစရာမလိုပါဘူး! ပြီးတော့ သူက ကလေးပဲရှိသေးတာ ဘယ်လောက်များ အကူအညီရမှာမလို့လဲ

.......

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now