အပိုင်း ၆၀ (သတိလစ်မေ့မျောခြင်း )

Start from the beginning
                                    

[Unicode]
အပိုင်း ၆၀ (သတိလစ်မေ့မျောခြင်း )

ဒါဆို ဒုတိယသားက ဒီဝက်ဝံကိုရဖို့ သူ့ဘဝကြီးတစ်ခုလုံးနဲ့ အလဲအလှယ်လုပ်ခဲ့တာပေါ့ ။ ဘာပဲ ဖြစ်ဖြစ် ကျောက်မိသားစုကိုတော့ အကျိုးခံစားမှုတွေအကုန်လုံးကို ခံစားခွင့်မပေးနိုင်ဘူး! အမျိုးသမီးကြီးကျန်းက ကျောက်ပုဖန်းကို အခန်းထဲ အလောသုံးဆယ် တွန်းပို့နေတုန်း စိတ်ထဲမှာ သူမ ပိုက်ဆံ ဘယ်လောက်ရနိုင်လဲဆိုတာကို တွက်ချက်နေတယ် ။
ကျောက်ပုဖန်းက သူမရဲ့လက်ကို အသာတွန်းဖယ်လိုက်ပြီးနောက် အဖိုးယွီဆီ ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားလိူက်တယ် ။ ပြီးနောက် သူက အဖိုးယွီရှေ့မှာ သူ့လက်ထဲပါလာတဲ့ ခပ်လေးလေးအထုပ်တစ်ထုပ်ကို ဖြည်လိုက်တယ် ။
အိတ်ထဲက တလက်လက်တောက်ပနေတဲ့ ငွေတုံးတွေကြောင့် အမျိုးသမီးကြီးကျန်း မျက်စိကျိန်းသွားမိတယ် ။ခဏလောက် ကြောင်အ မှင်သက်သွားပြီးနောက် သူမရဲ့ ညွတ်ကွေးနေတဲ့ တြိဂံပုံ မျက်လုံးတွေက ပြူးထွက်လာတယ် ။ တစ်ခုကို ဆယ်လျန်လောက် တန်ဖိုးရှိမယ့် ငွေချောင်းတွေပြည့်နေတဲ့ အိတ်ကြီးက အနည်းဆုံး လျန် နှစ်ရာ သုံးရာလောက် တန်မယ့်ပုံပဲ!
အဖွားကြီးကျန်းက အစားအသောက် အဝတ်အထည်အတွက် ပိုက်ဆံသုံးရမှာနှမြောတဲ့ အလွန်ကပ်စီးနှဲတဲ့ မိန်းမကြီးဖြစ်တယ် ။ ယွီဟိုင် တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်တဲ့ဆီကနေရတဲ့ ပိုက်ဆံတွေ အကုန်လုံးကို အဖွားကြီးကျန်းက ဆယ်စုနှစ်တစ်ခုကျော်သည့်တိုင် စေ့စေ့စပ်စပ် စုလာခဲ့တာ။ ဒါပေမယ့် ယွီပေါ်ရဲ့ကျောင်းစားရိတ် အိမ်အသုံးစားရိတ်တွေကို နှုတ်လိုက်ရင် အဲ့ဆယ်စုနှစ်တစ်ခုကျော်စုမှ လျန် တစ်ရာကျော်ကျော်လေးပဲရတယ် ။ အခု ဒီဝက်ဝံတစ်ကောင်ကို ရောင်းတာ လျန် နှစ်ရာသုံးရာလောက်တောင်ရတယ်ပေါ့ !
ဒါ ကျွန်မတို့ ဒုတိယသားအတွက် ဝေစုလား ဘုရား ဘုရား ဝက်ဝံတစ်ကောင်က အဲ့လောက်ထိ တန်ဖိုးကြီးမယ်မှန်း မထင်ခဲ့ဘူး...
အဖွားကြီးကျန်းက ပြုံးဖြဲဖြဲလုပ်နေပြီး သူမရဲ့ မျက်နှာကလည်း ဂန္ဓမာပန်းလို ရွှင်လန်းနေတယ် ။
ကျောက်ပုဖန်းက အဖွားကြီးကျန်းရဲ့ လက်ကို ပိုက်ဆံထုပ်ပေါ် ကို အဝဲမခံဘူး ။ သူက ပိုက်ဆံထုပ်ကို အဖိုးယွီကို ပေးလိုက်ပြီးနောက် တည်ကြည်စွာဖြင့်
ဦးလေးယွီ , ဒီ ပိုက်ဆံတွေက ဝက်ဝံရောင်းပြီးရတဲ့ငွေတွေပါ အကိုယွီဟိုင်နဲ့ပဲ ထိုက်တန်တာပါ တကယ်လို့ သူသာ မရှိခဲ့ဘူးဆို ကုတင်ပေါ် လဲနေရမယ့်သူက ကျွန်တော် ဖြစ်နေမှာ !
အဖိုးယွီက ပိုက်ဆံတွေကို မယူသေးဘဲ သက်ပြင်းချက်လိုက်ပြီးနောက်
မင်းတို့နှစ်ယောက် ညီအကို အရင်းအချာတွေလို သွေးစီးကြတာ... တကယ်လို့ ဒီနေ့ သာ့ဟိုင်သာ အန္တရာယ်တွင်းထဲ ကျတဲ့သူဖြစ်ခဲ့ရင် မင်းဆိုလည်း သူ့ကို သေချာပေါက် ဒီလိုနည်းနဲ့ ကယ်မှာပဲ! မင်းတို့က အမဲလိုက်လို့ရတဲ့ ဝေစုတွေကို အမြဲ အညီအမျှ ခွဲနေကြပဲ... ဒီနေ့လည်း အဲ့လိုပဲ လုပ်သင့်တာပေါ့
အဖိုးကြီး! ကျွန်မတို့ သာ့ဟိုင်က အခုထိ ကုတင်ပေါ်လှဲရင်း သူ့အသက်ကို ကယ်ဖို့ ပိုက်ဆံအလာကို စောင့်နေရတာ! ကျွန်မတို့ ဒုတိယသားက ဒီပိုက်ဆံတွေအတွက် သူ့အသက်ကိုတောင် အရဲ စွန့်ထားရတာလေ! နောက်ပြီးမုဆိုးကျောက်သာ ဒီပိုက်ဆံတွေခွဲယူတဲ့အကြောင်းသိရင် ရွာသားတွေလည်း သူ့ကွယ်ရာမှာ မကောင်းပြောကြလိမ့်မယ် "
သူမရဲ့ ခင်ပွန်းက မုဆိုးကျောက်ကို ပိုက်ဆံအညီအမျှခွဲပေးဖို့ စကားစနေတာလည်းကြားရော အဖွားကြီးကျန်းက ချက်ချင်းထပြောတော့တယ် ။
တစ်ယောက်တစ်ဝက် ဒါဆို သူတို့က လျန်သုံးရာမှာ တစ်ရာ့ငါးဆယ်လောက်ပဲ ရတော့မှာပေါ့ အဓိပ္ပာယ်မရှိတာ! ဆယ်နှစ်လောက် အငတ်ခံစုတောင် ဒီလောက်ပိုက်ဆံကို မရနိုင်တဲ့ဟာ!
ကျောက်ပုဖန်းက ဘေးကနေ ငမ်းငမ်းတက်ဖြစ်နေတဲ့ အဖွားကြီးကျန်းကို မမြင်သလိုနေလိုက်ပြီး ပိုက်ဆံထုပ်ကို အဖိုးယွီလက်ထဲ ထိုးပေးလိုက်ရင်း
ဦးလေးယွီ, ကျွန်တော့မှာ တောင်းဆိုစရာ တစ်ခုပဲ ရှိပါတယ်! အရီးကျန်း အစောက ပြောခဲ့သလိုပဲ သာ့ဟိုင်က ဒီပိုက်ဆံရဖို့ သူ့အသက်ကိုတောင် အရဲစွန့်ထားရတာ... အဲ့တာကြောင့် ဒီပိုက်ဆံထဲက တစ်ဝက်ကို ညီလေးသာ့ဟိုင်နဲ့သူ့မိသားစုကိုပဲ ပေးပေးပါ... အဲ့တာ လိုက်လျောဖို့ ခက်တဲ့ တောင်းဆိုမှုတော့ မဟုတ်ပါဘူး !
ဒါပေါ့ ဟုတ်တာပေါ့! ဒီပိုက်ဆံတွေကို ဒုတိယသားကို ဆေးကုဖို့ သုံးမှာလေ... တကယ်လို့ တစ်ခုခုမကောင်းတာဖြစ်သွားခဲ့ရင်... ဒါတွေကို သူ့ကလေးတွေ အိမ်ထောင်ပြုတဲ့အခါ သုံးရအောင် စုထားမယ်!
အဖိုးယွီက ယွီဟိုင်ရဲ့ အဖေအရင်းဖြစ်တာကြောင့် သူတို့ကြားမှာ သားအဖသံယောဇဉ်ကတော့ ရှိသေးတယ် ။
အဖွားကြီးကျန်းက ချက်ချင်းပဲ သူ့အမျိုးသား လက်ထဲက ပိုက်ဆံထုပ်ကို ဆွဲယူပြီး သူ့လက်ထဲ ပျော်ရွှင်စွာပိုက်လိုက်ရင်း သူမက သဘောတူညီကြောင်းဆိုတယ် ။
မုဆိုး ကျောက် စိတ်မပူပါနဲ့! သာ့ဟိုင်က ကျွန်မယောက်ျားရဲ့ သားအရင်းမလို့ ကျွန်မတို့ သူ့ကို ဘယ်လိုလုပ် ဆိုးဆိုးဝါးဝါး ဆက်ဆံနိုင်မှာလဲ? တွေ့လား ကျွန်မတို့ မြို့က အကောင်းဆုံး ဆေးဆရာကိုတောင် ပင့်ထားပြီးပြီ... အဲ့ဆေးဆရာ ညွှန်တဲ့ ဆေးတစ်ဖုံတစ်ဖုံကို တစ်လျန်လောက်တောင်ကျတယ်... ကျွန်မအခု ဆေးဖိုးသွားရှင်းလိုက်ဦးမယ်... ရှင်တို့ ဒီမှာ စကားဆက်ပြောနေကြဦး!
လက်ထဲမှာ လျန်သုံးရာလောက် ရနေပြီးမှတော့ အဖွားကြီးကျန်းက ဆေးကုစရိတ် ငါးလျန်လောက်ကို ပေးဖို့အတွက် တွန့်ဆုတ်မနေတော့ဘူး ။ သူမက မြန်မြန်ပဲ ဆေးဖိုးရှင်းလိုက်ပြီး ယွီကျန်းကို မြည်းလှည်းနဲ့ မြို့ကို ပြန်ပို့ခိုင်းလိုက်တယ် ။
ကဲ အားလုံးပြန်သင့်ပြီ! သာ့ဟိုင်က အားပြန်ပြည့်ဖို့ အေးအေးဆေးဆေး အနားယူဖို့ လိုသေးတယ်... သူနိုးလာရင်အားလုံးကို အသိပေးပါ့မယ် !
ခြံဝင်းထဲမှာ လူတွေရှိနေတာက သူမအတွက် အဆင်မပြေလှဘူး ။ တော်ကြာ ငွေ လျန်သုံးရာကို မြင်ပြီး သူတို့တွေလောဘတက်သွားမှာ စိုးရတယ် ။ အဖွားကြီးကျန်းဆီရောက်သွားတဲ့ ပိုက်ဆံထုပ်ကတော့ ခွေးကို ပစ်ကျွေးလိုက်တဲ့ အမဲသားတုံးလေးလိုပဲ --- ဘယ်တော့မှ ပြန်လာမှာ မဟုတ်တော့ဘူး
အနောက်ဘက်အခန်းထဲမှာတော့ အမျိုးသမီးလျိုက သူ့အမျိုးသားနားထိုင်ရင်း တိတ်တဆိတ် ငိုကြွေးနေတယ် ။ရှောင်လျန်နဲ့ရှီထုံလေးကလည်း သူတို့အမေကို အဖော်ပြုပေးရင်း မျက်လုံးတွေနီရဲဖောင်းမို့ လာတဲ့အထိ ငိုကြွေးနေကြတယ် ။ ရှောင်ချောင်းကတော့ အခန်းအပြင်ဘက်က မီးဖိုပေါ်ဆေးပြင်နေရင်း သူမအဖေရဲ့အခြေအနေကိုခဏခဏ လာစစ်ဆေးနေတယ် ။
နေကအနောက်အရပ်ကို ဝင်နေပြီ ။ ယွီမိသားစုက မနက်စာရော နေ့လည်စာပါ စားဖို့ လွတ်သွားတယ် ။ အစားပင်စားချင်စိတ်မရှိတဲ့ ဒုတိယမိသားစုကလွဲလို့ အားလုံးက ဆာနေကြပြီ ။
ယွီဟိုင်ရဲ့ ငွေ လျန်သုံးရာကြောင့် အဖွားကြီးကျန်းက ဒီအချိန်မှာ ဒုတိယမိသားစုကို အလုပ်မခိုင်းဘဲ မျက်နှာသာပေးထားတယ် ။ ဒီတော့ သူကအရှေ့ခန်းကိုကြည့်ပြီး အော်ဟစ်လိုက်တယ် ။
ငပျင်းမ လီကွေ့ဟွား ! အခု ဘယ်အချိန်ရှိနေပြီဆိုတာရော သိရဲ့လား အခု မြန်မြန် ညစာသွားချက်ချေ! နင် ငါတို့ကို ငတ်သေစေချင်နေတာလား!
တကယ်တော့ အမျိုးသမီးလီနဲ့ သူ့သားက အခန်းထဲမှာ မုန့်တွေ တိတ်တိတ်လေး ခိုးစားထားပြီးသား ။ ပူညံပူညံအသံလည်းကြားရော အမျိုးသမီးလီက အခန်းထဲက ထွက်ပြီး ထမင်းချက်ဖို့ လေးတိလေးကန်နဲ့ မီးမွှေးလိုက်တယ် ။ ယွီချိုင်သျဲ့က သူမရဲ့ နီမြန်းနေတဲ့ မျက်လုံးတွေနဲ့ အနောက်ခန်းကို ကြည့်လိုက်ပြီး မီးဖိုချောင်ထဲ ထမင်းချက်ကူဖို့ မြန်မြန်ဝင်လာခဲ့လိုက်တယ် ။
ဒီညကတော့ အနောက်ခန်းမှာရှိတဲ့ ဒုတိယမိသားစုအတွက် အိပ်မပျော်တဲ့ညတစ်ညပဲ ။ သူတို့တွေအကုန် ယွီဟိုင်ဘေးမှာနေပြီး သူတို့ မိသားစုရဲ့ ထောက်တိုင်ကြီး ပြိုလဲသွားမှာကို စိုးရိမ်ထိတ်လန့်နေကြတယ် ။
အာရုဏ်တက်ခါနီးကျတော့ အသက်ဖြေးဖြေး မှန်မှန်ရှူနေတဲ့ ယွီဟိုင်က အဖျားတက်လာတယ် ။ အသက်ရှူနှုန်းတိုတောင်းပြီး မြန်ဆန်လာတဲ့အချိန်မှာတော့ သူ့ရဲ့ ဖြူဖျော့ပြီး သွေးမရှိတဲ့ မျက်နှာက ဂဟေဆက်တဲ့ ဂေါက်တိုင်လို နီရဲတက်လာတယ် ။
တစ်ညလုံး မအိပ်ရသေးတာကြောင့် အမျိုးသမီးလျိုရဲ့မျက်နှာက အားနည်းပြီး ဖြူစုတ်နေတယ် ။ သူမ မျက်တွင်းတွေကလည်း ညိုမဲပြီး အထဲကိုချိုင့်ဝင်နေပြီ ။ နဂိုထဲက ပိန်လှီပြီးအားမရှိတဲ့ သူမရဲ့ခန္ဓာကိုယ်က အခုဆို လေတိုက်ရင်တောင် လဲကျမယ့်အနေအထားကိုရောက်နေတယ် ။
နီရဲနေတဲ့ ခင်ပွန်းဖြစ်သူ မျက်နှာကိုကြည့်ပြီး အမျိုးသမီးလျိုက မျက်ရည်တွေ အဆက်မပြတ်ကျဆင်းနေတယ်။ သမားတော်စန်းပြောသွားတဲ့စကားက သူမ နားထဲမှာ တဝဲလည်လည်နဲ့ : 'တကယ်လို့ သူ အနာပိုးဝင်ပြီး ဖျားမယ်ဆို သူ့ အသက်ကို ကယ်တင်ဖို့ ခက်ခဲလိမ့်မယ် '
ပူလိုက်တာ! အဖေ အဖျားအရမ်းတက်နေတယ်! ကျွန်မ အဖိုးဆီသွားပြီး သမားတော်ခေါ်ဖို့ ပြောလိုက်မယ် !
ရှောင်လျန်က ပါးပေါ်က မျက်ရည်တွေကို သုတ်လိုက်ပြီး ခန်းမထဲကို တံခါးခေါက်လိုက်တယ် ။ သိပ်မကြာလိုက်, ယွီသာ့ရှန်း နိုးလာပြီး မြို့က သမားတော်ပင့်ဖို့ ပြောတယ် ။
တစ်ညလုံး မျက်လုံးတစ်ချက် မှိတ်ဖို့တောင် မရဲတဲ့ ရှောင်ချောင်းက သူမအဖေအတွက် ဒုတိယအကြိမ်တိုက်ရမယ့်ဆေးကို ကျိုနေတယ်။ သူမက ဆေးကျိုတဲ့အထဲကို အံ့ဖွယ်ကျောက်တုံးရေ နှစ်စက်လောက်ထည့်လိုက်ပြီး စိုးရိမ်တကြီးနဲ့ အံ့ဖွယ်ကျောက်တုံးကို စိတ်ထဲကနေ လှမ်းဆက်သွယ်လိုက်တယ် ။
[ကောက်ညှင်းဖက်ထုပ်လေး, ကောက်ညှင်းဖက်ထုပ်လေး, မင်းရှိလား]
[ ဘယ်နှခါလောက်ပြောရမှာလဲ အဲ့နာမည်ကြီး
မခေါ်ပါနဲ့ဆိုမှ! ဒီလို ချာတူးလန်နာမည်အခေါ်ခံရတာ မြင့်မြတ်တဲ့ကျောက်တုံးတစ်တုံးအတွက် ဂုဏ်သိက္ခာကို စော်ကားမှုတစ်မျိုးပဲ! ]
အံ့ဖွယ်ကျောက်တုံးလေးက ငြီးငွေ့စွာဆိုတယ် ။
ငါ့အဖေကို မင်းဆေးကုပေးရင် သူသက်သာလာမယ်လို့ မင်းပြောခဲ့တယ်မလား အဲ့ဒါကို ဘာလို့ အခု သူ့ဆီထပ်ပြီး အဖျားပိုး ဝင်နေရတာလဲ
ရှောင်ချောင်းက မသက်မသာဆိုတယ် ။
[ အဖျားဝင်တာမဆန်းပါဘူး ! သူက အံ့ဖွယ်ကျောက်တုံးရေတွေ အများကြီးသောက်ထားတာလေ! ငါမင်းကိုပြောထားသားပဲ ကျန်းမာတဲ့လူတစ်ယောက်က အံ့ဖွယ်ကျောက်တုံးရေတွေ အများကြီးသောက်ရင် အင်အားကြီးပြီးဖျတ်လက်နေမယ် ဒါပေမယ့် မင်းအဖေလို ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတဲ့သူဖို့ကျတော့ ဒီလိုအချိန်မှာ သူ့ခန္ဓာကိုယ်က အံ့ဖွယ်ကျောက်တုံးရေတဲ့ အားကို ခံနိုင်စွမ်းမရှိသေးဘူး... အဲ့တာကြောင့် သူအခု အဖျားဝင်တာပဲ! ]
အံ့ဖွယ်ကျောက်တုံးက ခပ်တည်တည်ဆိုတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ သူ့သခင်ရဲ့အဖေကို ကယ်လိုက်တာဆိုတော့ သူ့အတွက်ဘယ်လို ကျေးဇူးတွေ ရလာမလဲဆိုတာကို စဉ်းစားနေမိတယ် ။ တကယ်လို့များ သူ့ကို ချုပ်နှောင်ထားတဲ့ အချုပ်အနှောင်သာ အနည်းငယ်ပြေလျော့သွားမယ်ဆိုရင် သူ...
ဒါဆို ငါ့အဖေက အခု တစ်ခုခုဖြစ်တော့မှာလား!
ရှောင်ချောင်းရဲ့ ဗဟုသုတအတွေ့အကြုံအရ တန်ဆေးလွန်ဘေး ဆိုတဲ့ စကားကို ကောင်းကောင်းကြီးသိနေတယ်။ အဲ့တော့ အံ့ဖွယ်ကျောက်တုံးရေတွေ အများကြီးသောက်လိုက်ခြင်းမှာလည်း ဆိုးဝါးတဲ့ အကျိုးဆက်တွေတော့ ရှိမှာပဲ ။
ရှောင်ချောင်းစကားကြောင့် အံ့ဖွယ်ကျောက်တုန်းလေးရဲ့ အတွေးယာဉ်ကြော ပြတ်တောက်သွားပြီး သူက စိတ်မရှည်စွာဆိုလိုက်တယ် ။
ဘာဖြစ်နိုင်လဲဆိုတော့ အများဆုံးဖြစ်နိုင်တာက သူရက်နည်းနည်းကြာတဲ့အထိ အိပ်ပျော်နေလိမ့်မယ်! ငါ, မြင့်မြတ်တဲ့ အံ့ဖွယ်ကျောက်တုံးက ငါ့ကိုယ်ကျင့်တရားနဲ့ အာမခံချက်ပေးတယ်... ဒါကိုတောင် မင်းဘာလို့ စိုးရိမ်နေသေးတာလဲ အခြေအမြစ်မရှိတာတွေတွေးပြီး အစိုးရိမ်လွန်နေတာ ရပ်လိုက်စမ်းပါ! ငါ အချိန်ခဏလောက် အနားယူဖို့လိုသေးတယ် အဲ့တော့ ငါ့ကို လာမနှောင့်ယှက်နဲ့တော့]
ကျောက်တုံးလေးရဲ့ အာမခံချက်ကြောင့် ရှောင်ချောင်းက စိတ်သက်သာရာတော့ ရသွားတယ် ။ သူမက သူမအဖေအတွက် ပြင်ဆင်ထားတဲ့ဆေးကို ကြည့်ရင်း တွေးနေမိတယ် ။
ဒီဆေးကျိုထားတဲ့ အိုးထဲမှာလည်း အံ့ဖွယ်ကျောက်တုံးရေတွေပါသေးတယ်... ဒါဆို အဖေ့ကို ဒီဆေး ဆက်တိုက်ရဦးမှာလား မတိုက်ရတော့ဘူးလား
အံ့ဖွယ်ကျောက်တုံးလေးက ဘာဘေးထွက်ဆိုးကျိုးမှမရှိဘူးလို့ အာမခံပေးသွားတာပဲ
အဖေက နောက်ထပ် ရက်အကြာကြီး ထပ်အိပ်နေရရုံပဲဆိုတော့... အိပ်စက်ခြင်းက အနာရောဂါတွေ သက်သာဖိူ့ကူညီပေးတယ်လို့ လူတွေ ပြောကြတယ် မဟုတ်လား
သမားတော် စန်းရောက်လာချိန်မှာတော့ ယွီဟိုင်ရဲ့ အဖျားက မရှိတော့ဘူး ။ ဒါပေမယ့် သူ့ဆီမှာ ပြန် နိုးထလာမယ့်အရိပ်အယောင်တော့ မတွေ့ရသေးဘူး ။
သမားတော်စန်းက ယွီဟိုင်ရဲ့ အခြေအနေကို အသေးစိတ် ထပ်ကြည့်ရှုလိုက်တယ် ဒါပေမယ့် သူ ယုံကြည်စိတ်ချတဲ့ ပုံတော့မပေါ်သေးဘူး ။
လူနာက နောက်နှစ်ရက်အတွင်းမှ ထ မလာရင် နောက် သူ ထလာနိုင်မယ့် အခွင့်အရေး အလားအလာနည်းမှာကြောက်မိတယ် ! တကယ်လို့ သူ ထ လာနိုင်ခဲ့ရင်တောင် သူ့ ခြေထောက်တွေက... ထားပါတော့လေ သူ အဖျားကျသွားတာပဲ ကောင်းလှပါပြီ... ဆေးတွေတော့ ဆက်သောက်ဖို့ လိုသေးတယ်... တကယ်လို့ တစ်ခုခု ဖြစ်ရင် မြို့မှာကျုပ်ကို လာရှာလှည့်ပါ
အဲ့ဒီနောက်မှာတော့ အရက်အတော်အတန်ကြာသည်အထိ ယွီဟိုင်က နိုးလာဖို့ အရိပ်အယောင်မရှိသေးဘူး။ ရှောင်ချောင်းကလွဲပြီး တစ်မိသားစုလုံးက လက်လျှော့နေကြပြီ ။ သမားတော်က လက်လျော့ရတော့မယ်ပြောထားတဲ့ သေမင်းတံခါးဝမှာ ရှိနေတဲ့ သူမအဖေက အခြေအနေပိုဆိုးမှာ မဟုတ်တာကို ရှောင်ချောင်းတစ်ယောက်သာ သိတယ် ။ ဒါ့အပြင် အံ့ဖွယ်ကျောက်တုံးရေလည်း နေ့တိုင်းတိုက်နေတာမို့ အစားမစား ရေမသောက်ရင်တောင် သူက အသက်ရှင်နေနိုင်သေးတယ်။ နောက်ထက်အံ့ဖွယ်ကျောက်တုံးရေသာ ထပ်သောက်သွားရင် သူမ အဖေက သေချာပေါက် သက်သာလာလိမ့်မယ်လို့ ရှောင်ချောင်းက ယုံကြည်နေတယ် ။
အံ့ဖွယ်ကျောက်တုံးလေးက သူမအဖေရဲ့ဒဏ်ရာကိုကုသဖို့ သူ့အစွမ်းတွေအကုန် သုံးလိုက်တဲ့နေ့ကစပြီး အခုဆိုသုံးရက်ရှိသွားပြီ။ အခုထိ သူ့ရဲ့ဝိဉာဉ်ပုံစံလေးကို ပြန်လည်ကုသနေဆဲပဲဖြစ်သည်။
ကြည့်ပါဦး , အဲ့ဒီ ရွှေရောင် အလင်းဘောလုံးလေးက ရေထဲမှာ ပျော်ရွှင်မြူးတူးနေပြီး သူ့ရဲ့ ရင်ဘတ်ကို ယုံကြည်မှုအပြည့်နဲ့ ပုတ်ပြနေတာ ။
[ မစိုးရိမ်ပါနဲ့ , သူ့ကို အံ့ဖွယ်ကျောက်တုံးရေတွေ အများကြီးထပ်မတိုက်ထားရင် သူနောက်နည်းနည်းကြာရင် နိုးလာတော့မှာပါ ]
အံ့ဖွယ်ကျောက်တုံးလေးက ရှောင်ချောင်းဆီကနေ သမားတော်က သူ့အဖေခြေထောက် ပြန်မကောင်းနိုင်ဘူး ပြောတယ်ဆိုတာလည်း ကြားရော အထင်သေးတဲ့ပုံစံနဲ့
[ အဲ့ရမ်းကု ပြောတာကို ယုံမနေစမ်းပါနဲ့ ! ဒီ ကြီးမြတ်တဲ့ အံ့ဖွယ်ကျောက်တုံးက အစွမ်းတွေကို ဒီထက်ပိုသုံးပြီး ကုပေးမယ်... တစ်လအတွင်း မင်းအဖေ လမ်းပြန်လျှောက်နိုင်စေရမယ်... အဲ... ဒါပေမယ့်... ခြေထောက်ထဲကအရိုးတွေအရွတ်တွေက တော်တော် ထိခိုက်ထားတာဆိုတော့ လူကောင်းတစ်ယောက်လိုတော့ ပြန်လျှောက်နိုင်မှာမဟုတ်ဘူး... ရှေ့လျှောက် ထော့ကျိုးလေးတော့ ဖြစ်နေမှာပေါ့]
သူ ထော့နဲ့နဲ့ပဲ လမ်းလျှောက်နိုင်တော့မယ်ဆိုရင်တောင် အဆင်ပြေပါတယ် ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တည်းက အဖေက သူတို့ ဒုတိယမိသားစုရဲ့ အဓိက ထောက်တိုင် တစ်ခုမှန်း ရှောင်ချောင်းနားလည်ခဲ့ရတယ် ။ အဲ့တော့ သူသာ တစ်ခုခု ဖြစ်သွားရင် သူတို့ဒုတိယမိသားစုတစ်ခုလုံး ပြိုလဲသွားလိမ့်မယ် ။
ရက်အတန်ကြာ အသံတိတ်နေခဲ့တဲ့ အမျိုးသမီးကြီးကျန်းကလည်း ယွီဟိုင် ပြန်ကောင်းလာဖို့ မျှော်လင့်ချက်မထားတော့ဘူး ။ အဲ့တော့ သူက အရင်လိုပဲ ဇာတိပြန်ပြလာတယ် ။
ဘယ်အချိန်ရှိနေပြီလဲ အခုထိ ဘယ်သူမှ ဝက်စာကျွေး၊ထင်းကောက်တာ မတွေ့သေးဘူး! အလုပ်မလုပ်ရင် ငါ့အိမ်မှာ မနေကြနဲ့! ငါတို့မိသားစုမှာ ဘော်ကြော့နေတဲ့သူတွေ မထားဘူး !
ဒီရက်ပိုင်းတွေအတွင်း စိတ်ထိခိုက်နေရတဲ့ အမျိုးသမီးလျိုက အဖွားကြီးကျန်းရဲ့ အော်သံကြောင့် ကုတင်ပေါ်ကနေ လေးကန်စွာ ထ လိုက်တယ် ။ ဆက်ပေါင်းများစွာ ဆက်တိုက် အိပ်ရေးပျက်ထားတာရော စိတ်ထိခိုက်ရတာတွေရောကြောင့် အမျိုးသမီးလျိုက အိပ်ရာထဲလဲနေတဲ့ ယွီဟိုင်ထက်ကို အားမရှိပုံပေါက်နေတယ် ။
ဒါကို ရှောင်ချောင်းက မြင်တော့
အမေ , အိမ်အလုပ်တွေကို ကျွန်မနဲ့ ရှောင်လျန် လုပ်နိုင်ပါတယ်... အမေက နားပဲ နားနေပါ... စိတ်မပူပါနဲ့ အဖေ့အခြေအနေက ပိုဆိုးမလာနိုင်တော့ပါဘူး... အဖေက သူ့ရဲ့ မွန်မြတ်တဲ့ ဇနီးနဲ့ ကျွန်မတို့လို ဉာဏ်ကောင်းတဲ့ကလေးတွေကို ခွဲသွားမှာ မဟုတ်ပါဘူး... ကျွန်မတို့အဖေက သမာဓိကောင်းပြီး အကြောက်တရားကင်းမဲ့တဲ့သူပါ... သူ ဒီအခက်အခဲကနေ လွတ်မြောက်နိုင်မှာ သေချာတယ်... အမေ အဖေ့အပေါ် နည်းနည်းလောက် ထပ်ယုံကြည်သင့်တယ်!
ကောင်မလေး! ကိုယ့်ကိုယ်ကို အမွှန်းကလည်း တင်တတ်ပါ့!
အမျိုးသမီးလျိုရဲ့ ခံစားနေရတဲ့ စိတ်က ပြေလျော့သွားပြီး သူ့သမီးငယ်လေးကို ကြည့်နေလိုက်တယ် ။ ဒီမိသားစုမှာ မပြီးဆုံနိုင်တဲ့အလုပ်တွေ ၊ ဆူသံဆဲသံတွေ ရှိနေပေမယ့်လည်း သူမ ခင်ပွန်းက သူမအတွက် အရမ်းကို ကောင်းပေးတယ် ။ တကယ်လို့ သူသာ ဒီကံကြမ္မာဆိုးကြီးကနေ လွတ်မြောက်လာနိုင်မယ်ဆို ရှေ့လျှောက် ဘယ်လိုအခက်အခဲမျိုးပင်ဖြစ်စေ သူမ ရင်ဆိုင်နိုင်ပါတယ် ။
အမျိုးသမီးလျိုက ခေါင်းကို ငုံ့ကာ ယွီဟိုင်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူတို့နှစ်ယောက် ပထမဆုံးစတွေ့ချိန်ကလို တိတ်တဆိတ်လေး အသေအချာကြည့်လိုက်တယ် ။ သတိလစ်နေတာ ငါးရက်လောက်ရှိပြီဆိုတော့ ယွီဟိုင်ရဲ့ပုံစံက တည်ငြိမ်အေးချမ်းနေတယ် ။ မသိရင် သူက အေးအေးချမ်းချမ်း အိပ်ပျော်နေတဲ့ လူတစ်ယောက်လိုပဲ။ နောက်တစ်ခါ သူ့မျက်လုံးတွေ ပြန်ဖွင့်နိုင်တဲ့ အချိန်ကျရင်တော့ သူက သူမကို အရူးတစ်ယောက်လို ပြုံးပြပြီး ငါ့ဇနီးလေး ဆိုပြီး ခေါ်လောက်မယ်ထင်ပါရဲ့ ။
ရှောင်ချောင်းပြောသလိုပဲ သူ ဒီအခက်အခဲကနေ ပြန်လည်ရှင်သန်လာလိမ့်မယ်လို့ သူမတကယ်ကို မျှော်လင့်မိပါတယ်...

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now