Chapter 194: I Just Won't Give it to You

Start from the beginning
                                    

"ငါ အရမ်းတိတ်နေပြီးသား၊ ဟုတ်ပြီလား? အဲ့အပြင် အပြင်ထွက်လမ်းလျှောက်ရင် ငါ့အတွက် ဘာကောင်းမှာမိုလို့လဲ? ငါ အဲ့နေရာတွေ လျှောက်နေခဲ့တာ အကြိမ်ရာနဲ့ချီ ရှိနေပြီ။ မင်းက ငြိမ်သက်တယ်လို့ မခံစားရရင်တောင် ငါက ပျင်းနေပြီ" ဖုန့်ရှီက သူ ခါတိုင်းထက်ပိုပြီးတောင် တိတ်ဆိတ်နေပြီဟု တွေးရင်း အသံကိုမြှင့်ပြောကာ စိုက်ကြည့်လိုက်သည်။

ထိုသူကတော့ ဖုန့်ရှီ တိတ်တိတ်နေခဲ့တယ်လို့ မထင်။ ဖုန့်ရှီက စကားသပ်သပ်သာ ပြောခြင်းဖြစ်ပြီး စိတ်ရင်းနှင့် ပြောခြင်းမဟုတ်ဟု ခံစားရသည့်အတွက် "ဒါပေမယ့် မင်း ငါတို့ကို အနှောင့်အယှက်ပေးခဲ့တယ်" လို့ပြောလိုက်သည်။

"တကယ်လား?" ဖုန့်ရှီက အခြားသုံးယောက်ကို ချက်ချင်းမျက်လုံးပြူးကြည့်လိုက်ကာ "ပြောပါ၊ ငါ မင်းတို့ကို နှောင့်ယှက်မိလို့လား?"

ဖန်းဝံပုလွေက ဖုန့်ရှီကိုမြင်သည်နှင့် ဖုန့်ရှီက မျက်နှာပြောင်တိုက်ပြီး ဝန်ခံဖို့ ငြင်းဆန်လိုကြောင်း သူသိလိုက်သည်။ ဖုန့်ရှီက 'ငါမင်းကို အနှောင့်အယှက်ပေးခဲ့တယ်လို့ မင်းပြောရဲရင် တစ်ခုခုဖြစ်သွားလိမ့်မယ်' ဆိုပြီး ပြောနေသယောင် မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ သူ့ကို စိုက်ကြည့်လိုက်သည်။ ငရဲမင်းကြီးရဲ့ နှလုံးသားထဲမှာ ဖုန့်ရှီက ဘယ်နေရာမှာ ရှိသလဲဆိုတာကို သူ ကောင်းကောင်းသိသည့်အပြင် ဖုန့်ရှီက ညစ်စုတ်တဲ့နေရာမှာ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ကြောင်းကိုလည်း သူ ကြားသိထားသောကြောင့် ဖန်းဝံပုလွေက သူ့ဆန္ဒကို ဆန့်ကျင်ပြီး "မဟုတ်ဘူး" ဟု ပြန်ဖြေလိုက်သည်။

မီးဇာမဏီ (ဖီးနစ်) နှင့် ကူးပြောင်းနန်းတော်အရှင်တို့က ဖန်းဝံပုလွေ အခုလိုမျိုး လိမ်တာကိုတွေ့လိုက်ရတော့ အံ့သဩသွားကြပေမဲ့ မည်သည့်အရာကိုမဆို အမြဲအလေးအနက်ထားခဲ့သော ဖန်းဝံပုလွေက သူ့ဆန္ဒကို ဆန့်ကျင်ပြီး လိမ်လည်လိုက်ခြင်းကြောင့် တစ်ခုခုမှားနေပြီဆိုတာ သူတို့ သိလိုက်သည်။ သူတို့က လူငယ်လေး၏ အပြစ်ကင်းစင်သော အမူအရာကို ကြည့်ကာ သူတို့၏ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက်များ ပိုမို အားကောင်းလာခဲ့သည်။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဖန်းဝံပုလွေကဲ့သို့ပဲ သူတို့နှစ်ယောက်လုံးကလည်း 'မဟုတ်ဘူး' ဟု ဖြေဖို့ ဆုံးဖြတ်လိုက်ကြ၏။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now