Chapter 178 The Supreme Sun Insignia

Start from the beginning
                                    

အလိုလိုသိစိတ်မှ ဖုန့်ရှီ ဒါဟာ ကောင်းသည့်အရာတစ်ခုဆိုတာကို သူ သိသွားသည့်အတွက် သူ့လက်စွပ်ထဲ ထည့်သွင်းလိုက်သည်။

တွေးလိုက်ပြီးနောက် သူက အဆင့်မြင့်ခန်းအတွင်း ထားရှိသော ဘောပင်နှင့် မှင်ကို ယူလိုက်ပြီး သီထျန်းဟွာ၏ ကျောဘက်တွင် လိပ်ကြီးတစ်ကောင်ပုံ ရေးဆွဲလိုက်ပြီးနောက် 'လိပ်' ဟု စာရေးလိုက်သည်။ မူလတုန်းက ဖုန့်ရှီက သူမ မျက်နှာပေါ်မှာ ဆွဲချင်ခဲ့သော်ငြား အကယ်၍ သူ ထိုသို့ လုပ်လိုက်မည်ဆိုလျင် သူမက သူ့မျက်နှာကို တွေ့သွားမည်ဖြစ်သည့်အတွက် သူမကျောဘက်တွင်သာ သူ ဆွဲလိုက်ရခြင်းဖြစ်သည်။ သူမအစေခံက ၎င်းကို ချက်ချင်းပဲ တွေ့သွားမည်ဆိုလျင်တောင်မှ သူ စော်ကားလိုက်ရပြီးပြီလေ!

အရာအားလုံးလုပ်ဆောင်ပြီးနောက် ဖုန့်ရှီ လျို့ဝှက်စွာ ထွက်ခွါသွားတော့သည်။

အပြင်ဘက်က စစ်ပွဲက တစ်စတစ်စ ပြင်းထန်လာတာကို သူ သတိမပြုမိခဲ့ချေ။

ဖုန့်ရှီအစီအစဉ်အရဆို ရေခဲချီလင်က သောင်ပင်းရှန်ကို ထိန်းချုပ်လိုက်ပေမဲ့ သူ့ခွန်အားကို အများကြီး ပြမည်မဟုတ်။ ထိုအစား သူက လုံရှိ၏ ခွန်အားကို တောင့်ခံနိုင်ရုံလောက်ထိ သူ့ကျင့်ကြံဆင့်ကို ဖိနှိပ်ထားမည်ဖြစ်သည်။ ထို့အတွက် အပေါ်ယံအရ သောင်ပင်းရှန်က လုံရှိ၏ အရိုက်ကို ခံနေရသယောင် ဖြစ်နေမည်ဖြစ်သည်။ သူက သွေးတွေ အဆက်မပြတ် အန်နေပေမဲ့လည်း ထူးဆန်းစွာဖြင့် သူ မသေနိုင်သေးပေ။ နောက်ဆုံးတော့ ထျန်ယာဓါးမြဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ရှီချန်းရှန် ပေါ်လာပြီဖြစ်သည်။

သောင်ပင်းရှန်ကို ထိန်းချုပ်ထားသော မြင့်မြတ်သောသိစိတ်က ရှီချန်းရှန်ပေါ်လာသည်နှင့်တပြိုင်နက် ချက်ချင်းပဲ ရုတ်သိမ်းသွားတော့သည်။ သောင်ပင်းရှန်ကိုယ်၌ကိုက သိစိတ်မရှိနေတော့သည့်အတွက် သူ့ကိုယ်ခန္ဓာက လေထဲမှ ပြုတ်ကျသွားတော့သည် ရှီချန်းရှန် သူ့ကိုယ်ခန္ဓာကို စစ်ဆေးလိုက်ချိန်မှာတော့ သောင်ပင်းရှန် သေသွားပြီဆိုတာကို သိသွားတော့သည်။

သောင်ပင်းရှန်က မကောင်းမှုတွေ အများကြီး လုပ်ခဲ့သူဖြစ်သော်လည်း သူက တကယ်တော့ ထျန်ယာဓါးမြဂိုဏ်း၏ ထောက်တိုင်တစ်ခုလိုမျိုး သန်မာအားကြီးသူတစ်ယောက်ဖြစ်သည်။ အခု သူက သေသွားပြီဆိုတော့ ရှီချန်းရှန်အနေနှင့် အကူအညီ ကြီးကြီးမားမားတစ်ယောက်ကို ဆုံးရှုံးလိုက်ရပြီး ထို ဆုံးရှုံးမှုက ထျန်ယာဓါးမြဂိုဏ်းအတွက်လည်း ကြီးစွာသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်နေခြင်းပင်။ ထျန်ယာဓါးမြဂိုဏ်းက လွင်ပြင်ကျယ်တွင် နံပါတ်တစ် ဓါးမြဂိုဏ်းတစ်ဂိုဏ်းဖြစ်နေရခြင်း အကြောင်းအရင်းမှာ သောင်ပင်းရှန်ကြောင့်ဖြစ်သည်။ သူ့သေဆုံးခြင်းက ထျန်ယာဓါးမြဂိုဏ်း၏ ခွန်အားအပေါ် အတိုင်းအတာတစ်ခုအထိ ကြီးစွာထိခိုက်မှုဖြစ်စေမှာဖြစ်သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now