Chapter 177 Attacking from Behind the Back

Start from the beginning
                                    

ရှီချန်းရှန်၏ကျောထောက်နောက်ခံကြောင့် သောင်ပင်းရှန် ပိုပို မောက်မာ အာဏာပြလာသည်မှာ အသေအချာပင်၊ လွင်ပြင်ကျယ်တွင် သူက ဘယ်သူ့မှ လူမထင်သလို ပြုမူလာခဲ့ခြင်းဖြစ်သည်။

အခုလည်း ထိုသို့ပင်၊ သူက တည်းခိုခန်းအတွင်း ဝင်လာကာ ဘာတစ်ခွန်းမျှ မပြောဘဲနှင့် ထိုင်နေသောသူထံ ထိုင်ခုံကို ပစ်လွှတ်လိုက်သည်။ သူ့အပြုအမူက ထိုအမျိုးသမီး၏ အမိန့်သံဆန်သော လေသံထက် ပိုလို့တောင် မောက်မာ အာဏာပါဝါပြလို့နေ၏။ သူက တခြားသူ၏ခုံကို မမေးမမြန်းဘဲ ဒီတိုင်း ယူလိုက်သည်။ သူက တကယ့် စိတ်ရှုပ်စရာဖြစ်သော်လည်း ဘယ်သူကမှ သူ့ကို မကျေနပ်ကြောင်း မပြရဲကြ။ သူ့ပစ်အလွှတ်ခံလိုက်ရသူတောင်မှ နာနာခံခံဖြင့် ထွက်သွားရုံသာ တတ်နိုင်သည်။

သောင်ပင်းရှန် ဒီနေရာမှာ ဘာ့ကြောင့် မျက်နှာလာပြသလဲဆိုတာ မပြောဘဲသိနိုင်သည်။

ရပ်ကြည့်သူတွေက သောင်ပင်းရှန် လာလိမ့်မည်ဆိုသည်ကို မှန်းဆပြီးဖြစ်သည်။ မျှော်လင့်မထားခဲ့သည်က နှစ်နာရီတောင်မကြာတဲ့အချိန်အတွင်း သူက ဒီကို ပေါက်ချလာခြင်းပင်။ ကြည့်ရတာ သူတောင်မှ ဘောစိမမ၏ ဆွဲဆောင်မှုဒဏ် မခံနိုင်တော့ဘဲ ရောက်ချလာရခြင်းဖြစ်မည်။ သို့သော် အကယ်၍ သောင်ပင်းရှန်လည်း ဘောစိမမကို ဒါးမြတိုက်ဖို့ ကြိုးစားမည်ဆိုလျင် သူတို့ စတိုက်ကြပြီဆိုသည်နှင့် သူ့ကို သူတို့တွေ အနိုင်ယူနိုင်လိမ့်မည်လို့ ယုံကြည်မှုမရှိပေ။

အဲ့လိုပေမဲ့လည်း သူတို့တွေ သူတို့တွေရဲ့ ကံကောင်းတစ်ချက်ဆိုတဲ့အတွေးကိုတော့ လက်မလွှတ်နိုင်ဆဲပင်။

မကြာမီမှာပဲ သောင်ပင်းရှန်တစ်ယောက် ဘယ်လိုမှ ငြိမ်ငြိမ်မနေနိုင်တော့ချေ။ သူက သူ့ဘေးနားက ဖြတ်သွားသည့် စားပွဲထိုးကို ထို ချမ်းသာသောအမျိုးသမီးနေသည့် အခန်းကို တိုက်ရိုက်ပဲ မေးလိုက်တော့သည်။ အဲ့နောက် သူက သူ့လူတွေကို ဦးဆောင်ကာ ခြိမ်းခြောက်မှုအရှိန်အဝါအပြည့်ဖြင့် ဒုတိယထပ်သို့ ဦးတည်သွားလိုက်တော့သည်၊ လူအချို့က ပွဲကြည့်ရန်အတွက် သူတို့အနောက်မှ တက်လိုက်လာကြ၏။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now