Chapter 176 No Compromise

Start from the beginning
                                    

ရပ်ကြည့်အချို့က စတင်ကာ အတင်းပြောလာကြတော့သည်။

ဖုန့်ရှီက သူ့နှာခေါင်းကို ပွတ်လိုက်သည်။ ဒီအမျိုးသမီးကို သူ အငြင်းအခုန်မလုပ်ခင်မှာပဲ တည်းခိုခန်းထဲက တခြားသူတွေက တမဟုတ်ချင်းပဲ စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်တစ်ခွန်း ပြောလာကြတော့သည်။ အကျိုးဆက်အနေနှင့် သူတို့အရှေ့က အမျိုးသမီး၏ မျက်နှာမှာ တစ်စတစ်စ အုံ့မှိုင်းလာတော့၏။ သူမ၏ လှပသော မျက်လုံးအစုံမှနေ၍ မီးတောက်ဖြင့် ပစ်ခွင်းလိုက်သည့်အလား သူမအကြည့်တို့်က အလားတူနေ၏။ အနည်းငယ် တုန်ရီနေဟန်က သူမ အတော်ကြီးကို ဒေါသထွက်နေမှန်း သိသာလွန်းလှသည်။

လူအုပ်က အဆက်မပြတ် ဆူညံကြွက်တော့မည့်အချိန်မှာပဲ အားကြီးသော အရှိန်တစ်ခုက အမျိုးသမီးထံမှ ရုတ်တရက် ထွက်ပေါ်လာကာ တည်းခိုခန်းအတွင်း ဝှေ့ယမ်းသွားတော့သည်။ တည်းခိုခန်းအတွင်းမှ သူတွေအများစုမှာ သူမထက် အားနည်းသူဖြစကြသည်။ အားကြီးသော အရှိန်အဝါကို ခံစားမိတော့ ချက်ချင်းပဲ သူတို့အားလုံးက ကြောင်အမ်းသွားကြကာ သူမကို အံ့အားတသင့် တောင့်တင်းနေသော မျက်နှာဖြင့် ကြည့်လိုက်ကြတော့သည်။ ဒီလို မောက်မာပြီး ထောင်လွှားသောအမျိုးသမီးက လွင်ပြင်ကျယ်မှာ ထိပ်တန်းမာစတာတစ်ယောက်လို့ မှတ်ယူလို့ရသည့် ကြယ်သုံးပွင့် နတ်ဘုရားခေါင်ချုပ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေမယ်လို့ သူတို့တွေ ထင်မထားခဲ့ကြပေ။

သူ့စကားတို့က အမျိုးသမီးကို ဒေါသထွက်သွားစေသည်ဆိုတာကို သိသွားတော့ လူအုပ်ကြီး ချက်ချင်းပဲ တိတ်ကျသွားကာ အကုန်လုံးက နောက်ခြေနှစ်လှမ်းဆုတ်လိုက်ကြပြီး သူမကို သတိအနေအထားနှင့် စိုက်ကြည့်လိုက်ကြတော့သည်။

သို့ပေမဲ့ သူတို့ကို သွေးအန်သွားစေလောက်မည့် အခြားအချက်တစ်ချက်ကို လူတွေ တွေ့သွားကြသည်။

အမျိုးသမီးထံမှ ထွက်ပေါ်လာသော အားကြီးသောအရှိန်က အနက်နှင့်လူငယ်ထံသို့ ဦးတည်သွားခိုက ဘေးကြည့်သူတို့က နောက်ဆုတ်လိုက်ကြသော်လည်း အနက်နှင့်လူငယ်က ချက်ချင်းပဲ ရှေ့ထွက်လိုက်ကာ သူ့ကို ဘာမှ သက်ရောက်မှုမရှိသလိုမျိုး ကျောက်ရုပ်သဏ္ဍာန်ဖြင့် တည်ငြိမ်စွာ ရပ်လို့်နေခြင်းပင်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now