Chapter 174 Becoming the Wanted

Start from the beginning
                                    

အနီနဲ့လူငယ်ရဲ့ အဝတ်အစားတွေရယ်၊ ကိုယ်ဟန်မူယာတွေရယ်ကို အကဲခတ်ရလျင် သူက ချမ်းသာသောမိသားစုတစ်စုမှ ဆင်းသက်လာတာဖြစ်ရမည်ဖြစ်ပြီး မှန်ပေါင်းချောင်စိုက်ခင်းထဲက ပန်းလေးတစ်ပွင့် မိသားစုထဲကနေ ထွက်ပြေးလာသည့်နှယ် တူနေသည်။ သူ့တွင် ရတနာတွေ အတော်များများ ပါလောက်မည်ဖြစ်သည့်အတွက် ဒါးမြတွေက လိုချင်မျက်စိ ကျနေကြပြီဖြစ်သည်။

သားကောင်က တစ်ကောင်တည်းဆိုသော်ငြား ဒါးမြတွေက အတော်ကြီးကို များနေ၏။ ထို့အတွက် ဘယ်သူကမှ ရှေ့ကနေ ထွက်မရပ်ချင်ကြပေ။

လူငယ်လေးက အနီးဆုံးမြို့ဆီ လျှောက်လှမ်းနေသည်ကိုကြည့်နေရင်း တစ်ချို့က စိုးရိမ်လာကြကာ နောက်ဆုံးတော့ ရှေ့ထွက်ပြီး အော်လိုက်တော့သည်၊ "အဲ့မှာရပ်လိုက်"။ ဒါပေမဲ့ အော်သံက ကွဲအက်နေတဲ့ဖြုစ်တစ်ခုလို တခြားဒါးမြတွေကိုပါ ရှေ့သို့ ခုန်ထွက်သွားစေခဲ့တော့သည်။ ရုတ်တရက်ပင် အခြေအနေတွေက အတော်ကြီး ရှုပ်ထွေးကုန်တော့၏။

အနီနှင့်လူငယ်က သူ့အရှေ့ကမြင်ကွင်းကြောင့် ကြောက်လန့်သွားပုံရသည်။ သူက ဓါးတွေယမ်းကာ အော်ဟစ်နေကြသည့် ဒါးမြတွေကို ကြောင်တောင်တောင် စိုက်ကြည့်လိုက်သည်။

ဘယ်သူကမှ တခြားသူထံမှာ သားကောင်ရှိနေမှာကို မလိုချင်ကြပေ၊ ထို့အတွက် အနီနှင့်လူငယ်ကို ဘယ်ဒါးမြမဆို ချည်းကပ်နေကြတာကို တွေ့ကြတော့ သူတို့တွေက အနီနှင့်လူထံချည်းကပ်နေသည့်ဒါးမြတွေကို ဓါးနှင့် ခုတ်ယမ်းနေကြတော့သည်။ သိပ်မကြာခင်မှာပဲ အလောင်းတွေ မြေပေါ် ပုံလာတော့၏။ ခွေးက ခွေးကို စားနေကြသည့်နှယ်ပင်။

"မင်းတို့အားလုံး ဖယ်လိုက်ကြစမ်း။ သားကောင်က ငါ့ဟာ"

တစ်စုံတစ်ယောက်က မောက်မာစွာဖြင့် လှမ်းအော်လိုက်သည်။ ကြည့်ရသည်မှာ ခေါင်းဆောင်တစ်ယောက်ဖြစ်ပုံရပြီး ဒေါသတကြီး အော်ဟစ်တိုက်ခိုက်သံတို့ ဆူညံသွားတော့သည်။ အလစ်ငိုက် အတိုက်ခံလိုက်ရသည့် ဒါးမြတွေက ချက်ချင်းပဲ အလန့်တကြား ဆွံ့အ သွားကြ၏။ နည်းနည်းပဲ ဒဏ်ရာရသွားသူတောင်မှ ဘယ်လိုပဲဖြစ်ဖြစ် မူးဝေသွားလေသည်။ သူတို့ အသိစိတ် ပြန်ဝင်လာတော့ သူတို့အားလုံး ဖြူလျော်သွားကြတော့သည်။ အခုလေးတင်အော်လိုက်သူက ဘယ်သူလည်းဆိုတာ သူတို့ သိသွားကြမှန်း သိသာလွန်းလှသည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now