My dear Empress-57🚨

Start from the beginning
                                    

ချောင်​အာကုပ်​ကုပ်​​လေးထိုင်​ရင်း ​ချောင်​ဟန်​​ရှေ့ကလက်​ဖက်​​ရေကြမ်းခွက်​ထဲ အသာယာ​ရေ​နွေး​လောင်းထည့်​​ပေးလိုက်​တယ်

ချောင်​အာရဲ့​လှုပ်​ရှားမှုတစ်​ခုချင်းစီတိုင်းကို ​ချောင်​ဟန်​​မေး​ထောက်​ကာကြည့်​​နေ​လေတယ်​ သူကကြည့်​​လေ​ချောင်​အာ​လေးက​ခေါင်းငုံ့​လေဖြစ်​​နေတာ သူမမျက်​နှာ​လေး​တောင်​​ပျောက်​လုနီးနီးဘဲ

ချောင်​ဟန်​ သူမရဲ့​မေးဖျား​လေးကိုသူ့လက်​နဲ့ပင့်​လိုက်​​တော့ ဝိုင်းစက်​​နေတဲ့မျက်​လုံးလှလှ​လေး​တွေက တဖြတ်​ဖြတ်​ကခုန်​​နေတယ်

ထိုစဉ်ကံ​ကောင်းသလားကံဆိုးသလား​တော့မသိ​ပေမယ့်​ လီမင်​ပြန်​​ရောက်​လာ​လေတယ်​ ​ထိုင်​ပြီး​ကြောင်​​နေတဲ့​ချောင်​အာ​လေးဟာ သူ့လက်​က​နေပြီး​လေလိုအလျင်​နဲ့ ဖတ်​ခနဲလီမင်​လက်​​မောင်းတွင်း​ရောက်​သွား​တော့လီမင်​က သူမရဲ့ခါးသိမ်​သိမ်​​လေးကို လီမင်​အသာယာထိုင်​ကိုင်​ထား​လေတယ်

ချောင်​ဟန်​မျက်​​မှောင်​တချက်​ကြုပ်​လိုက်​မိ​ပေမယ့်​ ခဏတွင်းမှာသူ့မျက်​နှာက သ​ဘောထားကြီးမြတ်​သူအဖြစ်​​ပြောင်းလဲသွားပြန်​တယ်

"ကြီးမြတ်​လှတဲ့ဘုရင်​မင်းမြတ်​​လောင်းက ကျွန်​​တော့်​ဇနီး​လောင်းဆီလာ​တွေ့ရ​လောက်​တဲ့အထိ ဘာကတိုက်​တွန်း​နေပါလိမ့်​" လီမင်​ကစ​ထေ့​ငေါ့​လေတယ်

"ကိုယ်​​တော်​က ကိုယ်​​တော့်​ညီမငယ်​​လေးကိုသတိရလို့လာရင်း နန်းတက်​ပွဲအခမ်းနားကို ကိုယ်​တိုင်​ကိုယ်​ကျလာဖိတ်​တာ"

တမန်​​တော်​​တွေကိုအသုံးပြုလို့ရပါလျက်​နဲ့ ဂွင်​ဆင်​​နေတဲ့​ချောင်​ဟန်​​ကြောင့်​ လီမင်​​ဒေါသထွက်​ကာအားပါသွား​တော့ သူမ​လေးရဲ့ခါးကနာသွားဟန်​တူသည်​၊

"အ. ဝမ်​ရယ်​" သူမ​အသံတိုးတိုး​လေးထွက်​လာမှ သူအားထည့်​မိတာသတိထားမိရင်း

"ကျွန်​​တော်​တို့အိမ်​​တော်​က နန်း​တော်​​လောက်​​တော့မခမ်းနား​ပေမယ့်​ တည်​ခင်းဧည့်​ခံမှု​တွေက စိတ်​​ကျေနပ်​​စေဖို့​မျှော်​လင့်​ပါတယ်​"

ချစ်သောမိဖုရား(My dear Empress)Where stories live. Discover now