ညနေစောင်းပိုင်း နေရောင်မှာ မပူလွန်းသလို မစူးရှပေ။ နွေးထွေးပြီး နေလို့ကောင်း၏။ ထုန်ရန့်က နက်ပြာရောင် ဆွယ်တာပါးပါးကို နှင့် မီးခိုးရောင် sweatpants ကိုဝတ်ထားကာ ဖိနပ်အပါးမစီးထားပဲ ထိုအစား ခပ်ထူထူသိုးမွှေးခြေအိတ်ဝတ်ထား၏။ ပြတင်းပေါက်မှဝင်လာသော နေအလင်းရောင်အောက်တွင် သူ့ဆံပင်များမှာ ပို၍တောင် ပွယောင်းနေပြီး  ငြိမ်သက်နေသော အကောင်ငယ်လေးတစ်ကောင်ကဲ့သို့ လူကို အန္တရာယ် မပြုနိုင်သော်လည်း မည်သည့်လူကမှ သူ့ကို အနိုင်ကျင့်ပါရန် နှလုံးသားက သည်းခံနိုင်မည်မဟုတ်ချေ။

အခန်းတံခါးက မပိတ်ထားပဲ လုံးဝပွင့်နေသောကြောင့် ကျိုးရှန့်မင် ဤသို့ပုံစံကို တွေ့လိုက်ရခြင်းဖြစ်၏။

နောက်ကျောလေးကိုတွေ့ရုံဖြင့် သူ့နှလုံးသားကို အရည်ပျော်သွားစေနိုင်သော ထုန်ရန့်၏ နိုးကာစ မျက်နှာထားလေးကို သူခန့်မှန်းကြည့်လို့ရနေသည်မှာ နည်းနည်းများ ထူးဆန်းနေသလား။

အတန်ကြာပြီးနောက် ထုန်ရန့်က လှည့်ကြည့်လာပြီး သူ့နောက်တွင်ရပ်နေသော ကျိုးရှန့်မင်ကို တွေ့သွား၏။ နူးညံ့သော အပြုံးလေးနှင့် မေးလာ၏။
"ပြန်လာပြီလား"

"အင်း"

ကျိုးရှန့်မင် သူ့ရှိရာသို့ လမ်းလျှောက်သွားလိုက်ပြီး ထုန်ရန့်လိုမျိုး ကြမ်းပြင်တွင် ခြေချိတ်ထိုင်ချလိုက်၏။ သို့သော်လည်း သူ့ အနောက်တိုင်းဝတ်စုံကြောင့် ထုန်ရန့်ကဲ့သို့ ကုန်း၍မရပဲ ရပ်နေစဉ်ကထက်တောင် ပို၍ တောင့်တောင့်ကြီးဖြစ်နေ၏။

ဒူးများက ပူးကပ်နေကြကာ ထုန်ရန့်က သူ့ခေါင်း၏ ဦးတည်ချက်ကို​ပြောင်းပြီး ကျိုးရှန့်မင်၏ ရင်ဘက်ပေါ်တွင် မှီထားလိုက်သည်။

"အား....." ထုန်ရန့်က ကျယ်ကျယ်လောင်လောင် ညည်းတွားလိုက်၏။

ကျိုးရှန့်မင်က သူ့မျက်နှာကို အမြတ်တနိုးကိုင်ကာပြီး
"ဘာဖြစ်လို့လဲ"

"အများကြီးပဲ..ဘယ်ကစရှင်းရမလဲတောင်မသိတော့ဘူး"

ထုန်ရန့် ခြေထောက်ကို ရွှေ့လိုက်ရာ အိတ်များနှင့် တိုက်မိသွားပြီး အိတ်ထဲမှ  တချို့တစ်ဝက်ထွက်ကျလာ၏။ သို့သော်လည်း နည်းနည်းသာဖြစ်၍ မသိချင်ယောင်ဆောင်ထားလိုက်သည်။

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Hikayelerin yaşadığı yer. Şimdi keşfedin