ရက်အနည်းငယ်ကြာပြီးနောက်မှာ
​တော့ အမြီးကိုးချောင်းမြေခွေးကို
အနိုင်တိုက်နိုင်ခဲ့ပေမဲ့ သူတို့မှာ ကျောက်စရစ်ခဲမပြောနဲ့ ဖန်ဂေါ်လီ
တစ်လုံးတောင် လက်ဆုပ်
လက်ကိုင်မရခဲ့ကြဘူး။

ဘောင်းဘီပေါ်ကအမွှေးတစ်မျှင်
​လေး ကတော့ yyမှာ ဒေါသတကြီး
နဲ့ အော်ဟစ်နေတော့တယ်။
"သောက်ကျိုးနည်းပဲဟေ့***!
ထန်းရှီ, မင်း အတော် လာဘ်
ပိတ်တဲ့ကောင်ပဲ! နောက်ကျရင် ဘယ်မွန်းစတားကို မှ မင်းလက်နဲ့
မထိမိ​စေနဲ့"

ထန်းရှီ: "...."

[Party] ရွှေရောင်နေ့ရက်လေးများ: "တော်ပြီ, အော်နေတော့လည်း ဘာထူးမှာကြလို့။ ငါတို့ ဒီမှာပဲ လက်စသတ်လိုက်ကြတာပေါ့။ ဒါဆိုလည်း ထန်းရှီလေးနဲ့ စုမူကျိ, မင်းတို့နှစ်ယောက် စုံတွဲတိုက်ခိုက်
တဲ့ နည်းဗျူဟာတွေကို သွား
​လေ့ကျင့်ကြတော့"

တစ်ဖက်မှာ ပွတ်လောရိုက်နေတုန်း ခါတိုင်းတစ်​စာစာ အသံထွက်​​နေကြ အားကောင်းတဲ့ ဟော့ပေါ့လေးမှာ ဘာတစ်ခွန်းမှမပြောဘဲ လိုင်းပေါ်
ကနေ တိတ်တဆိတ်နဲ့ ဆင်းသွား
တယ်။

[Private] သင်မှစုမူကျိထံသို့: "အဲ့နှစ်ယောက်က ဘာဖြစ်ထား
ကြတာလဲ? ရန်ဖြစ်ထားတာလား?"

[Private] စုမူကျိမှသင့်ထံသို့: "မပြောတတ်ဘူး"

[Private] သင်မှစုမူကျိထံသို့:
"မင်းမှာ ဘယ်လိုလုပ်ပြီး စပ်စုချင်
စိတ်လေးတောင် မရှိရတာလဲ!! အခုချိန်က ရွှေရောင်နေ့ရက်လေး
များရဲ့ ကိုယ်ပိုင် နှလုံးသားရေးရာ
ကိစ္စတွေကို ဂရုစိုက်ပေးရမဲ့အချိန်
ပဲ။ တကယ်လို့ အတင်းတုပ်ရမဲ့ အကြောင်းတစ်ခုခုရှိရင် မင်း
ကိုယ့်ကို အရင်ဆုံးပြောပြရမှာ
​နော်!"

[Private] စုမူကျိမှသင့်ထံသို့:
"မင်း အဲလောက် အားယား
​နေရင်လည်း တိုက်ခိုက်တာကို အတူလေ့ကျင့်ဖို့ တစ်ယောက်
​ယောက် ကို သွားရှာချည်​"

သူတို့နှစ်ယောက် အတူလေ့ကျင့်
တဲ့ တိုက်ခိုက်ရေးနည်းဗျူဟာ
ကတော့ စုံတွဲ PK Battleပွဲစဉ်
အတွက် လေ့ကျင့်နေတယ်ဆိုတဲ့ ဆင်ခြေကိုသုံးပြီး တခြားသူတွေကို ထင်ထင်ပေါ်ပေါ်နဲ့ သောက်ကျိုး
နည်းကြီး ရိုက်နှက်နေကြတာပဲ။
ဒါပေမဲ့ ဘယ်သူမှ အထွန့်တက်ပြီး မပြောရဲကြဘူး။ ထိုနှစ်ယောက်က ပြည်သူ့ချဉ်ဖတ်တွေဆိုပေမဲ့
လက်ရှိမှာ Clanနှစ်ခုရဲ့ဂုဏ် ကို ဖော်ဆောင်ပေးကြမဲ့ သူတွေ ဖြစ်နေကြတယ်လေ။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now