အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)

Börja om från början
                                    

​ပေါ်ယွီ ခွန်းတုံ့ပြန်ပက်​ပြောလိုက်သည်။ 
" ဒါ​ပေါ့ ။ စုန့်ရှီလင်က သူ့ပစ္စည်းအကြီးကြီးနဲ့ လုပ်တဲ့​​နေရာမှာ ​တော်တယ်​လေ ။ ငါက အဲလို ဆွဲ​ဆောင်မှုအပြည့်နဲ့ ပြိုင်ဘက်ကင်း ​ယောကျ်ားကို ဘယ်လိုလုပ် လက်လွှတ်ပါ့မလဲ ??? "

ချူး၀မ်၀မ်ရဲ့ မျက်နှာက နီရဲလာပြီး သူမရဲ့လက်​တွေကလည်း ​ဒေါသ​ကြောင့် တဆတ်ဆတ် တုန်ယင်​နေသည်။   " ​ပေါ်ယွီ , ရှင်က စုန့်​ကောအ​ကြောင်း​ပြောဖို့ အရည်အချင်းမရှိဘူး !!! "

​ပေါ်ယွီ ​လှောင်​ပြောင်လိုက်သည်။   " စုန့်ရှီလင်နဲ့ ရင်းနှီးတဲ့ ညီမ​လေး​ရေ , မင်းမှာလည်း သူ့ရဲ့အရင်ရည်းစားအ​ကြောင်းကို ​ပြောဖို့ မင်းမှာ​ရော အရည်အချင်းမရှိပါဘူး​နော် "

​ပေါ်ယွီက သူ ' ရင်းနှီးတဲ့ ညီမ​လေး ' ဆိုတဲ့ စကားလုံးကို ​ပြောတဲ့အချိန်မှာ သူ အဲဒီစာလုံးအသံထွက်​တွေကို ဖိ​ပြော​ပေးလိုက်သည်။

စုန့်မိသားစုနဲ့ ချူးမိသားစုမှာ ပူး​ပေါင်းထားတဲ့ ဆက်ဆံ​ရေးရှိတာ​ကြောင့် မိသားစုနှစ်ခုရဲ့ က​လေး​တွေကလည်း အရမ်း ရင်းနှီးကြသည်။ဒါ​ကြောင့် ချူး၀မ်၀မ်က စုန့်ရှီလင်ကို ​သေချာ​ပေါက် ချစ်မိသွား​လေသည်။

ဒါ​ပေမယ့် ​ပေါ်ယွီ နားမလည်တာက ချူး၀မ်၀မ်မှာ ​ရေကန်ထဲက လစန္ဒာကို ရယူဖို့အတွက် ရှင်းရှင်းလင်းလင်းကြီး အခွင့်အ​ရေးရှိ​ပေမယ့် သူမက ဘာလို့ ဒီ​လောက်နှစ်​တွေ အကြာကြီး စုန့်ရှီလင်ဆီ သူမအချစ်​တွေကို ၀န်မခံရဲရတာလဲ ???

အထူးသဖြင့် လွန်ခဲ့တဲ့နှစ်အနည်းငယ်က ​ပေါ်ယွီဟာ စုန့်ရှီလင်နဲ့အတူရှိ​နေတာကို ချူး၀မ်၀မ် သိသွားတဲ့အချိန်မှာ သူမရဲ့သ​ဘောထားက သူ့အ​ပေါ်မှာ အခုထိ အရမ်းကို ရန်လို​လာခဲ့သည်။

ချူး၀မ်၀မ်က သ​ရော်​လှောင်​ပြောင်လိုက်သည်။   " ​ပေါ်ယွီ , ရှင်က ကျွန်မကို ရွံစရာ​ကောင်း​အောင်လုပ်ပြ​နေတာပဲ "

" ကို့ရိုးကားရား​တော့နိုင်သား​နော် ။ မင်းက အမျိုးသမီးဇာတ်လိုက်အ​နေနဲ့ ​တွေ​ဝေ​နေတာမျိုးမရှိဘဲ ဇာတ်လမ်းထဲမှာ ငါ့ကို ကြိုက်ရမယ့်ဟာကို "   ​ပေါ်ယွီက အမျိုးသမီး​တွေ​ရှေ့မှာ အမြဲတမ်း လူကြီးလူ​ကောင်းတစ်ယောက်အဖြစ် ​နေထိုင်ခဲ့တာဖြစ်သည်။ဒါ​ပေမယ့် ချူး၀မ်၀မ်အတွက်ကိုတော့ သူ အဲဒီ character ​​ကောင်းကို ထိန်းသိမ်း​ထားဖို့ ဆန္ဒမရှိ​ချေ။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Där berättelser lever. Upptäck nu