အပိုင်း -၄၄( ခါးသီးတဲ့စိတ်ထိခိုက်မှု )

Start from the beginning
                                    

ယွီဟိုင်က နာကျင်မှုအပြည့်ပါတဲ့ အကြည့်နဲ့ သူ့အဖေကို ကြည့်လိုက်ပြီး အက်ကွဲနေသော အသံဖြင့်

အဖေ, ချောင်းအာက အဖေ့ရဲ့ မြေးပါ ပြီးတော့ သူက ယွီမီသားစုက ဆင်းသက်လာတဲ့သူတစ်ယောက်ပဲ... ဒါတောင် အဖေသူ့ကို တကယ်ပဲ ရက်ရက်စက်စက် ဒီတိုင်းထိုင် ကြည့်နေတော့မှာလား...

အဘိုးယွီက သက်ပြင်းခပ်နက်နက်ချလိုက်ပြီးနောက်

ငါ မင်းအကြီးဆုံး ဦးလေးဆီသွားပြီး ပိုက်ဆံချေးဖို့ လုပ်လိုက်မယ်... နောက် အမဲလိုက်လို့ရတဲ့ ငွေနဲ့ အကြွေးကိုပြန်ဆပ်ပေါ့...

အဘိုးယွီရဲ့ စကားမဆုံးသေးခင်မှာပဲ အတွင်းပိုင်းတံခါးက ဂျိန်းခနဲ ပွင့်လာတယ် ။ အဖွားကြီးကျန်းက မနှစ်မြို့တဲ့ မျက်နှာထားတဲ့ ယောက်ျားဖြစ်သူကို ကြည့်ပြီး အော်လိုက်တယ် ။

တစ်စုံတစ်ယောက်က တံငါရှာ အမဲလိုက်နိုင်တယ် အဲ့တော့ သူက ရှင့်ထက် ဂုဏ်သတင်းလည်း ပိုမွှေးတယ်... အဲ့တာကို ပိုက်ဆံချေးဖို့အတွက် ရှင့်ဆီကအကူအညီ လိုဦးမတဲ့လား? ... ဒီဆောင်းမှာ ကုန်ဈေးတွေတက်ပြီး အခုလောလောဆယ် အိမ်မှာ ဝင်ငွေလည်း တစ်ပြားတစ်ချပ်မှမရှိဘူး... ဒီလိုပဲ စားသောက်နေကြဦးမယ်ဆို ယွီမိသားစုက တဖြေးဖြေးနဲ့ ချွတ်ခြုံကျသွားလိမ့်မယ်.. , နောက်ဆို မနက်စာ နည်းနည်းပဲစားပြီး ညစာအတွက် ဘိန်းမုန့်ကိုလည်း အရေအတွက်နဲ့ စားရမယ်

စကားပြောပြီးနောက် အဖွားကြီးကျန်းက တံခါးကို ဂျိန်းခနဲ ပြန်ပိတ်သွားတယ် ။ တံခါးကို ခပ်ကြမ်းကြမ်း ပိတ်ပစ်လိုက်တာမို့ အိမ်ဘောင်က ဖုန်မှုန့်တွေက မြေပြင်ပေါ် လွင့်စင်ကျသွားတယ် ။

သူရဲ့ သမီးက အန္တရာယ်တွင်းထဲမှာပဲ ရှိသေးတယ် ဒါပေမယ့် အဖွားဖြစ်သူကတော့ ပိုက်ဆံချွေတာဖို့ကိုပဲ ပူပန်နေတုန်းပဲ ။ ယွီဟိုင်က အိမ်ပတ်ပတ်လည်ကို စိတ်မချမ်းမြေ့စွာ ကြည့်လိုက်ပြီး ရှောင်ချောင်းကို ပွေ့ချီကာ အကြီးဆုံးဦးလေးဆီ အပြေးအလွှား သွားလိုက်တယ် ။

အကြီးဆုံးဦးလေး ယွီလီချွမ်းရဲ့အိမ်မှာ ခွေးအကြီးကြီး နှစ်ကောင်မွေးထားတယ် ။ သူတို့က နှင်းကျတဲ့အချိန်ဆို စွတ်ဖားဆွဲဖို့အတွက် အသုံးဝင်တယ် ။ လွန်ခဲ့တဲ့နှစ်ရက်လောက်က နှင်းမုန်တိုင်းတိုက်ထားတာမလို့ ခြေလျင်သာသွားလျှင် မြို့ကို ရောက်ဖို့ အနည်းဆုံး နေ့တစ်ဝက်လောက် ကြာလိမ့်မယ် ။ ဒါကြောင့် ဒီတစ်ခေါက် ဦးလေးဆီကိုလာရတာ ပိုက်ဆံချေးဖို့တင်မက စွတ်ဖားလည်း ငှားဖို့ဖြစ်တယ် ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now