ဖုန့်ရှီက ဘုရင်ကြီးရဲ့လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားလိုက်ကာ မိုးခြိမ်းသံမြည်ဟီးနေတဲ့ ပိတ်လက်စအက်ကွဲကြောင်းကို ကြည့်နေလိုက်သည်။ အဲ့အချိန်မှာပဲ ကောင်လေးက ရေခဲချီလင်ကို ကန်လိုက်ဖို့ ကြိုးစားလိုက်သေးပေမဲ့ ရေခဲချီလင်က သူ့ကိုယ်သူ သတိကြပ်နေခဲ့တာကြောင့် သူ့ရဲ့ ထက်သန်နေတဲ့မိစ္ဆာမျက်လုံးအစုံနဲ့ ကောင်လေးကို စိုက်ကြည့်လိုက်ကာ ချက်ချင်းပဲ ခုန်ရှောင်လိုက်ပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်တော့သည်၊

"လူကောင်းတစ်ယောက်က လက်သီးထက် လျာကိုပဲသုံးတယ်။ သောက်ကလေးစုတ်၊ မင်း ဒီတစ်ကြိမ်ရော ဘာလိုချင်တာလဲ?"

"ရေခဲလေး၊ မင်းအိမ်ကြီးတော့သွားပြီ။" ဖုန့်ရှီက ရေခဲချီလင်ကို ကြည့်လိုက်ကာ စာနာမှုအပြည့်နဲ့ပြောလိုက်၏။ ရေခဲချီလင် ဘာမှ မတုံ့ပြန်ရသေးခင်မှာပဲ ဖုန့်ရှီဆက်ပြောလိုက်တာက၊ "မင်း အခုကစပြီး ငါ့မိတ်ဆွေအပေါင်းအသင်းဖြစ်သင့်ပြီ။ မင်း အံ့ချီးဘနန်းဘဝတစ်ခုမှာ နေထိုင်ရလိမ့်မယ်လို့ ငါ မင်းကို ကတိပေးတယ်။"

ဖုန့်ရှီက သူအတိတ်ဘဝတုန်းက ချောချောမွတ်မွတ်ပြောနေခဲ့ကြဖြစ်တဲ့ အဲ့စကားတွေကို ရေရွတ်ပြောဆိုလိုက်သည်။ ကြည့်ရသည်မှာ ထိုစကားတို့က သူ့ပါးစပ်ကနေ အမြဲ အဲ့လိုထွက်နေခဲ့ကြသလိုပင်။

"မင်းက ငါ့ကို ဘယ်လိုမျိုး အဲ့ကတိပေးနိုင်ရတာလဲ?" ရေခဲချီလင်က ခေါင်းတောင် ထောင်မကြည့်ဘဲ သူ့ပြန်ပက်လိုက်၏။ ဒါပေမဲ့လည်း သူ့ရဲ့တကယ့်သခင်အစစ်အမှန်က ဘုရင်ကြီးဆိုတာ သိတဲ့အတွက် ဘုရင်ကြီးကိုတော့ ခိုးပြီး တစ်ချက် ကြည့်လိုက်သည်။

ဖုန့်ရှီက သူ့ရင်ဘတ်သူ ပုတ်ပြလိုက်ကာ အလေးအနက်ပြောလိုက်သည်က၊ "ဘာလို့လဲဆိုတော့ ငါက ဖုန့်မိသားစုရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လို့လေ။"

"ဖုန့်မိသားစု? ငါ ဘာလို့များ အဲ့မိသားစုကို မကြားဖူးရတာလဲ?" ရေခဲချီလင်က ကောင်လေးကို သံသယဖြင့် ကြည့်လိုက်သည်။ 'အဲ့မိသားစုကို တစ်ခါမှကို မကြားဖူးဘူး၊ ငါအိပ်မောကျနေတုန်းများ အဲ့မိသားစုက ပေါ်ထွက်လာခဲ့တာများလား?' ကောင်လေးရဲ့မျက်နှာပေါ်က လေးနက်တဲ့အမူအယာကိုမြင်ရတော့ ရေခဲချီလင်တစ်ယောက် ယုံသင့်မယုံသင့်တောင် မသိတော့ပေ။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now