သူတို့ ထိုမကောင်းဆိုးဝါးများကို အောင်အောင်မြင်မြင် အမြစ်ပြတ်ချေမှုန်းနေစဉ်တလျောက် သူတို့ ပေးဆပ်ခဲ့ရသည့် တန်ကြေးကလည်း မတန်တဆပင်။

သလင်းပိုးကောင်များ၏ ပိုင်ဆိုင်ခြင်းကို ခံလိုက်ရသူများအား ကယ်ဆယ်ရန်နည်းလမ်း မရှိသည့်အတွက် အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခဲ့လိုက်ကြရ၏။

ငရဲမင်းကြီးက ဖုန့်ရှီကို သလင်းပိုးကောင်တို့၏ ရေခဲသလင်းင်္စကြံတစ်လျောက် ဦးဆောင်ခေါ်ဆောင်သွားနေရင်း ထိုအကြောင်းကို ရှင်းပြနေခြင်းဖြစ်သည်။

အဲ့ဒီ့သလင်းပိုးကောင်တွေကို ဖျက်ဆီးဖို့ ဘာနည်းလမ်းမှ မရှိဘူးလား?" ဖုန့်ရှီက နှာရှုံ့လိုက်ကာ မေးလိုက်၏။ ပလိပ်ရောဂါ ကူးစက်ပျံ့ပွါးခံရေပမဲ့ ကယ်ဖို့ နည်းလမ်းမရှိ ဖြစ်ရတဲ့ လူအုပ်ကြီးကို သူ စိတ်ကူးပုံဖော် မြင်ယောင်လိုက်မိသည်။ အဆုံးမတော့ ထိုသူတွေကို တစ်နေရာမှာ အလုံပိတ် သော့ခတ်လိုက်ရကာ ဒီတိုင်းသေသွားတာကိုသာ ထိုင်ကြည့်လို့ နေကြရသည်။

ငရဲမင်းကြီးက သူ့ဆံနွယ်တွေကို ဖွသပ်လိုက်ရင်း ပြောလိုက်သည်၊ "အကျိုးကြောင့် အကြောင်းဖြစ်လာပြီး၊ အကြောင်းကြောင့်ပဲ အကျိုးဖြစ်ရတာ။ နေရောင်အောက်က သက်ရှိတိုင်းမှာ တူမျှတဲ့ ခွန်အား စွမ်းအားတို့ကို ပေးထားပြီးသား။ သလင်းပိုးကောင်တွေလိုပဲပေါ့၊ သူတို့မှာလည်း သဘာဝရန်သူ ရှိတယ်။"

ပိုးကောင်တွေရဲ့ သဘာဝရန်သူက ဘာတွေလဲ?" ဖုန့်ရှီက စိတ်ဝင်တစားမေးလိုက်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက ဖြစ်ပျက်ခဲ့သည့် အရှုပ်အထွေးဖြစ်ပေမဲ့ သလင်းပိုးကောင်တွေ ပြန်ပေါ်လာခြင်းဟာ တူညီသော ဖြစ်ရပ်တို့ ဖြစ်ကောင်းဖြစ်လာနိုင်ပေသည်။ သူ အဲ့တာကို ကြိုသိရှိထားခြင်းအားဖြင့် သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း တစ်ပန်းသာစေမှာဖြစ်သည်။ မိုးမကျခင် ကြိုပြင်ဆင်ရမည်။ ကြည့်စမ်း! သူ ဘယ်လောက်များ ဉာဏ်ကြီး၊ ထက်မြက်လိုက်သလဲ! ဟာားဟားဟား၊ ဘယ်သူသိမလဲ၊ အနာဂတ်မှာ သူက ကမ္ဘာကြီးကို ကယ်တင်တဲ့ ကယ်တင်ရှင်တစ်ယောက်အနေနဲ့ ကယ်-မခွင့် အခွင့်အရေး ရတာမျိုးတောင် ဖြစ်နိုင်တာပဲလေ။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now