အဲ့အပြင် လောင်နန်ရှုက နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်ထဲမှာ ဆယ်စုနှစ်တိုင်အောင် ကျော်ကြားလာတဲ့ ပုံမှန်မဟုတ်ဆုံးသူပင်!

သူ့ကို ဘာလို့ ပုံမှန်မဟုတ်ဘူးလို့ ခေါ်ရတာလဲဆိုတော့ သူ့ရဲ့ကျင့်ကြံမှုနှုန်းနဲ့ တိုက်ပွဲအပေါ် အရူးအမူးဖြစ်မှုတို့ကြောင့်ဖြစ်သည်။ သူ့ရဲ့ကျင့်ကြံမှုနှုန်းကို ဒုံးကျည်တစ်စီးနဲ့အရှိန်နှုန်းနဲ့ ဖော်ပြညွှန်းဆိုနိုင်သည်။ အသက် သုံးနှစ်အရွယ်မှာ သူ ကျင့်ကြံမှုကို စတင်ခဲ့ပြီး အသက်ရှစ်နှစ်အရွယ်မှာတော့ သိမ်မွေ့နက်နဲတဲ့ ကောင်းကင်နယ်ပယ်ဆင့်ကို ရောက်သွားခဲ့ပြီးဖြစ်သည်။ အသက်ဆယ့်ငါးနှစ်မှာတော့ ကောက်းကင်နတ်ဘုရားနယ်ပယ်ဆင့်ကို ရောက်ရှိခဲ့ပြီး အသက် နှစဆယ့်သုံးမှာ နတ်ဘုရားဘုရင်နယ်ပယ်ဆင့် ကျွမ်းကျင်ပညားရှင်တစ်ယောက် ဖြစ်လာခဲ့သည်။ အသက်နှစ်ဆယ့်ကိုးနှစ်မှာ နတ်ဘုရားဘုရင်နယ်ပယ်ဆင့်ဖြတ်ကျော်နိုင်ခဲ့ပြီး နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်လာခါ အခု အသက် လေးဆယ့်ခုနှစ်နှစ်မှာတော့ နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့် အဆင့်သုံးကို ရောက်နေပြီဖြစ်သည်!

သူ့ရဲ့ ကျင့်ကြံမှုအမြန်နှုန်းက သူ့ရဲ့ ဘိုးဘေးဖြစ်တဲ့ ကြီးမြတ်တဲ့ ကောင်းကင် လေနတ်ဘုရားထက် ပိုမြင့်သည်။ ဒါပေမဲ့ သူက တိုက်ပွဲတိုက်ရာမှာတော့ အရူးသွပ်ဆုံးအနေနဲ့ ကျော်ကြားပြီး သူ့ရဲ့တိုက်ခိုက်တဲ့ပုံစံက သူ့အသက်ကို ဘေးဘက်လွှင့်ပစ်ထားတဲ့အလားလို့ ပြောကြသည်။ အဲ့အတွက်ကြောင့် သူ ပေါ်လာတာနဲ့ လူတွေရဲ့မျက်နှာက အမြဲ အားကျမှု၊ လေးစားမှုတို့အပြင် ကြောက်ရွံ့မှုတို့နဲ့ပါ ပြည့်နေကြတာဖြစ်သည်။ အဲ့တာက အထူးသဖြင့် သူနဲ့တိုက်ဖူးတဲ့လူတွေအတွက် ပိုမှန်နေသည်။ သူတို့တွေအနေနဲ့ သူ့နာမည်ကို ကြားတာနဲ့ သူတို့မှာ အရေးတကြီးဖြစ်နေရင်တောင်မှ ခရီးရှည်ကွေ့ပတ်သွားရရင်တောင်မှ ကွေ့ပတ်ပဲသွားကြမှာဖြစ်သည်။ (အရေးတကြီး အလျင်လိုနေရင်တောင်မှ သူနဲ့မတိုးမိအောင် ကွေ့ပတ်ရှောင်ကွင်းသွားကြမှာကို ဆိုလိုတာပါ)

မိုလန်းက လောင်နန်ရှုနဲ့ တစ်ခါမှ မတိုက်ခိုက်ဖူးပေ။ ဒါပေမဲ့ သူ့ဂိုဏ်းက ကံကောင်းတဲ့ တစ်ယောက်ကတော့ တိုက်ခိုက်ဖူးခဲ့သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now