129. I Won't Forget This Time

Start from the beginning
                                    

ယွဲ့ယင်နဲ့ ကျုံးဝူချင်းတို့က သူတို့ဘဝတစ်လျာက်လုံးမှာ သူတို့ကို ပထမဆုံအနေနဲ့ ဆိုင်ထိုင်ဝန်ထမ်းတွေလို့ အထင်ခံလိုက်ရတာ သေချာသွားပြီမို့ ဟိုဟိုဒီဒီ သို့လောသို့လော လျောက်ပြီး မှန်းဆနေဖို့ မလိုတော့ဘူးလေ။

"မဟုတ်ဘူးလား? မင်းတို့က ဘယ်သူတွေလဲ?" သူတို့အနေနဲ့ စကားပြောဖို့ အခွင့်အရေးလေး တစ်ခုတောင် မရခဲ့ပေ။ ကောင်လေးက သူ့ရဲ့ညာဘက်လက်နဲ့ မေးထောက်လိုက်ပြီး ပါးစပ်ထဲ တူကို ဖွဖွလေးကိုက်လိုက်ရင်း သူတို့ကို လက်လက်ထနေတဲ့ မျက်လုံးအစုံနဲ့ ကြည့်နေ၏။

ယွဲ့ယဲ နောက်ဆုံးတော့ သူတို့ ဘာ့ကြောင့် ဒီကို လာခဲ့တာလဲဆိုတာ သတိရသွားပြီး မျက်နှာတည်လိုက်ရင်း အလောသုံးဆယ်မနိုင်စွာ ဦးညွှတ်ရင်း ပြောလိုက်သည်၊ "ကျွန်တော်က ယွဲ့ယဲ၊ ဒီ မြစိမ်းရောင်နဂါးတည်းခိုခန်းရဲ့ ပိုင်ရှင်ပါ။ ဒါကတော့ ကျွန်တော့သူငယ်ချင်းကောင်း၊ ကျုံးဝူချင်းပါ။ ကျွန်တော်တို့က မြို့တံခါးမှာတုန်းက မင်းတို့ရဲ့ ပြောင်မြောက်တဲ့ စွမ်းရည်တွေကို မြင်တွေ့ခဲ့တာကြောင့် မင်းတို့သုံးယောက်နဲ့ တွေ့ဆုံချင်လို့ပါ။ အနှောက်အယှက်ပေးရတဲ့အတွက် တောင်းပန်ပါတယ်!"

ယွဲ့ယဲရဲ့ အနောက်မှာ ရပ်နေတဲ့ ကျုံးဝူချင်းက သူ့မျက်နှာပေါ်က pastry မုန့်ကို ဖယ်ရှားလိုက်ပြီးဖြစ်သည်။ သူ့ကိုယ်သူ တည်ငြိမ်စွာနဲ့ အကြိမ်အနည်းငယ်လောက် သုတ်လိုက်ပြီးတဲ့အချိန်မှာတော့ အခန်းအတွင်းက လူတွေက သူ့ကို ကြည့်နေတာကို တွေ့လိုက်ရသည်။ ချက်ချင်း သူက ယဉ်ကျေးပြီး ကျက်သရေရှိတဲ့ ဂုဏ်သရေရှိလူတစ်ယောက်လိုဟန်ပန်အပြည့်ဖြင့် ပြည့်စုံတဲ့အပြုံးတစ်ခု ပြုလိုက်သည်။ အဲ့တာက အခြားသူတွေကို မသက်မသာမဖြစ်စေဘဲ တွေ့တွေ့ချင်းမှာတင်ကို အမြင်ကောင်း ရသွားစေသည်။

ကောင်လေးရဲ့ မျက်လုံးတို့ ချက်ချင်း လင်းလက်သွားပြီး၊ "မင်းတို့ အချိန်ကိုက် ရောက်လာကြတာပဲ၊ ငါတို့က ဒီမုန့်တွေစားနေတာ ကုန်တော့မယ်။ မင်းတို့က ဒီတည်းခိုခန်းရဲ့ ပိုင်ရှင်တွေဆိုတော့ ငါ့အတွက် မုန့်နှစ်ပန်းကန်လောက် ထပ်ယူပေးလို့ရမလား?"

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now