122. The Tragedy of East Sun Demon

Start from the beginning
                                    

"ဒါ...ဒါက ဒဏ္ဍာရီလာ ကံဆိုးမှုနတ်ဘုရားမှတ်လား?"

သူတို့အားလုံးက အဲ့ဒီ့စကားကို ပြောလိုက်တဲ့သူဆီ လှည့်ကြည့်လိုက်ကြကာ ကြောင်အမ်းသွားကြ၏။ လူတွေ ဝိုင်းပြီး စိုက်ကြည့်တာကို မခံနိုင်တဲ့ မုန်တိုင်း ကာလွမ်သလာက ခေါင်းကုတ်လိုက်ပြီး ဆက်ပြောလိုက်သည်၊ "ငါက ငါတို့မိသားစုစာအုပ်တစ်အုပ်ထဲမှာ ရေးထားတာကို မြင်ထားခဲ့ဖူးလို့။ ဒီလောကမှာ ကံဆိုးမှုနတ်ဘုရားလို့သိကြတဲ့ စိတ်ဝိညာဉ်သတ္တဝါတစ်ကောင် ရှိတယ်လို့ ရေးထားတယ်၊ သူ့ရဲ့ပြင်ပရုပ်ဆင်သွင်ပြင်က နက်ပြာရောင် စေးကပ်နေတဲ့ဆန်လုံးတစ်လုံးနဲ့တူတယ်လို့ ရေးထားတယ်။ ဒဏ္ဍာရီလာအဆိုအရဆိုရင် သူက တစ်စုံတစ်ယောက်ကို ပစ်ကပ်လိုက်တာနဲ့ သူတို့ရဲ့ကျန်ရှိနေတဲ့ဘဝသက်တမ်းတလျောက်လုံး ကံဆိုးမှုတွေ ခံစားသွားရမှာဖြစ်ပြီး အဲ့ကံဆိုးမှုနတ်ဘုရားက သူ့သဘောနဲ့သူ သူတို့ကို မစွန့်ခွါမချင်း သူတို့ ဘာလုပ်လုပ် အောင်မြင်မှုမရကြဘူး။"

"ကြည့်ရတာ မင်းက အတော် ဗဟုသုတပြည့်စုံတာပဲ။" စာအုပ်နတ်ဘုရားက ပြုံးကာ ချီးမွမ်းလိုက်သည်။

မုန်တိုင်းကာလွမ်သလာက နှိမ်ချစွာ ပြုံးလိုက်သည်။ သူက သူ့ညီနှစ်ယောက်နဲ့မတူဘဲ အတော်နူညံ့စွာ စကားပြောတတ်ပြီး ရုန့်ရင်းကြမ်းတမ်းတာမျိုး ပြခဲလှကာ ထင်ပေါ်မှု ဦးဆောင်မှု ပြခဲလှသည်။ ဒါပေမဲ့ ဥပမာဆိုရင် သေရေးရှင်ရေးအခြေအနေမျိုးမှာ သူက သူလုံးဝမဖြစ်ချင်တဲ့ ဆူးလားမိသားစုအတွက် ဝန်ထုပ်ဝန်ပိုးမျိုး အဖြစ်ခံမှာထက်စာရင် သူ့ကိုယ်သူ ရှေ့ထွက်တာဝန်ခံယူသွားမည့်သူမျိုး ဖြစ်သည်။

သူ ဘာ့ကြောင့် ကံဆိုးမှုနတ်ဘုရားကို သိတာလည်းဆိုရင်တော့ သူ အခွင့်ကြုံပြီး တစ်ကြိမ်မြင်ဖူးထားတာကြောင့်ဖြစ်သည်။ ဆူးလားမိသားစုက ကျဆင်းနေပေမဲ့ သူတို့မှာ ခေတ်အဆက်ဆက် လက်ဆင့်ကမ်း စုဆောင်းထားတဲ့စာအုပ်ကောင်းတွေ အများကြီးရှိပြီး အဲ့ထဲတွေမှာ ဘယ်သူမှ မသိကြတဲ့သတင်းအချက်အလက်မျိုးတွေ မှတ်တမ်းတင်ထားတာမျိုးတွေပါ ပါသည်။ ကျင့်ကြံခြင်းအပြင် မုန်တိုင်းကာလွမ်သလာက သူ့ရဲ့အားလပ်ချိန်တိုင်းမှာ စာအုပ်တွေ ရံဖန်ရံခါ သွားဖတ်လေ့ရှိတာကြောင့်လည်း သူက လူတော်တော်များများ၊ အကြောင်းအရာတော်တော်များများကို သိနေတာဖြစ်သည်!

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now