101. The Coldblooded Carendra

Start from the beginning
                                    

"စီနီယာ ကာထျန်း၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... ကာလွမ်သလာမှာ..." လူငယ်တစ်ဦးက ကာလွမ်သလာဆီကနေ အကြည့်မခွါနိုင်လောက်အောင် တအံ့တဩအမူအယာနဲ့ ကာထျန်းကို ရုတ်ချည်း တံတောင်တွတ်လိုက်သည်။

"သူ ဘာ?" မီးခိုးရောင်ဝတ်လူအိုကြီးက ကာလွမ်သလာရဲ့ ရုတ်တရက်ပေါ်ထွက်လာမှုကြောင့် အနှောက်အယှက်ဖြစ်သွားကာ သူ့အဖွဲ့ထဲက လူငယ်ရဲ့မျက်နှာပေါ်က ကြောက်လန့်နေတဲ့အမူအယာတို့ကိုမြင်လိုက်တော့ ချက်ချင်း မျက်နှာမဲပုပ်သွားပြီး အော်လိုက်သည်။

"သူက နတ်ဘုရားဘုရင်နယ်ပယ်အဆင့်မဟုတ်ဘူးလား? အာကာသအက်ကွဲကြောင်းထဲကနေ သူ ဘယ်လိုလုပ် ထွက်ပေါ်လာတာလဲ? နတ်ဘုရားဘုရင်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်က အဲ့တာကို ဘယ်လိုလုပ် လုပ်နိုင်တာလဲ?" လူငယ်က အဘိုးအိုရဲ့မျက်နှာအမူအယာကို သတိမပြုမိဘြ အံ့အားတသင့် မေးလိုက်သည်။

သူ အဲ့တာပြောပြီးနောက် လူတိုင်းက ကာလွမ်သလာ ဘယ်လိုပေါ်ထွက်လာတာလဲဆိုတာ မှတ်မိသွားကြ၏။

အာကာသဆွဲဖြဲတာ? နတ်ဘုရားဘုရင်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်က သူ့ကိုယ်သူတောင် နေရာမကူးပြောင်းနိုင်ဘူး၊ အာကာသဆွဲဖြဲနိုင်ဖို့ဆိုတာတော့ ပြောစရာကို မလိုတာ။ ကာလွမ်သလာက အလွန့်အလွန်ကျွမ်းကျင်တဲ့ပညာရှင်သာ လုပ်နိုင်တဲ့အရာကို လုပ်ခဲ့တာဖြစ်သည်။ အခု အဲ့ကလူတွေက ကာလွမ်သလာ နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ခြောက်ထက် ပိုမြင့်တဲ့အဆင့်ကိုများ ရောက်နေပြီလားဆိုတာ မတွေးဘဲ မနေနိုင်ကြတော့ပေ။

"နားထောင် ကောင်းကင်၊ အရူး၊ မင်းကြောင့် ငါ ပြားတော့မယ်။"

အဲ့မှာရှိတဲ့လူတွေ အံ့အားသင့်နေတုန်းမှာ အက်ကွဲကြောင်းထဲကနေ ကြည်လင်တဲ့အသံတစ်သံ ထွက်ပေါ်လာသည်။ ကောင်လေးရဲ့ ကျိန်ဆဲသံက လူတိုင်းအတွက်တော့ ထူးထူးဆန်းဆန်း နူးညံ့နေသည်။ ကာလွမ်သလာ အက်ကွဲကြောင်းထဲကနေ ထွက်လာပြီးနောက် နောက်ထပ် ပိန်သွယ်သွယ်ပုံသဏ္ဍာန်တစ်ခုကလည်း ခုန်ထွက်လာ၏။

လူတိုင်းက အနားကပ် ကြည့်လိုက်ကြတော့ နောက်ကနေ ထွက်လာသူက ကြည့်ကောင်းတဲ့ရုပ်ရည်ရှိပြီး ချစ်စရာကောင်လေးတစ်ယောက်ဖြစ်တာကို တွေ့ရှိသွားကြသည်။ ကောင်လေးက ကြွေရုပ်လေးတစ်ခုလို ငြိမ်ငြိမ်လေး ရပ်နေကာ မျက်နှာဆူပုပ်လျက် အက်ကွဲကြောင်းကို စိုက်ကြည့်နေ၏။ လူတိုင်း ဆွံ့အနေကြချိန်မှာ ကန့်ကွက်တဲ့ ဖီသံတစ်ခု ရုတ်တရက် ထွက်လာသည်။ အဲ့နောက် ကြီးမားတဲ့ မိစ္ဆာသားရဲတစ်ကောင် လူတိုင်းရှေ့ ပေါ်ထွက်လာကာ ပြင်းထန်တဲ့ဖိအားကို လွှင့်ထုတ်လိုက်၏။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now