အပိုင်း ၃၈ - (တော်ဝင်မင်းသား)

Start from the beginning
                                    

ဒုတိယအစ်မ ကျွန်တော် သူ့ကိုမှတ်မိတယ်
ရှီထုန်လေးက သူ့အစ်မရဲ့ လက်ကနေလွတ်လွတ်ချင်း တိုးတိုးလေးပြောလိုက်တယ်။ သူတို့နားကလူတွေက သူတို့ကို မယုံတဲ့အကြည့်တွေနဲ့ ကြည့်နေကြတယ်။

ယွီရှောင်ချောင်းက ခြောက်ကပ်ကပ်ရယ်မောကာ သူမက သူမမောင်လေးကို ထင်ထင်ရှားရှား ခေါင်းရမ်းပြလိုက်တယ်။ အမှုထမ်းတစ်ယောက်က သူတို့ကို လှည့်ကြည့်တဲ့အခါ ယွီရှောင်ချောင်းက သူ့ကို ဦးညွှတ်ကာ သူက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပါ။ မသိနားမလည်တဲ့ ကလေးတစ်ယောက်ရဲ့စကားတွေကို စိတ်မရှိပါနဲ့ ဟီးဟီး ကလေးတစ်ယောက်ရဲ့ မယဉ်ကျေးတဲ့စကားတွေကို အပြစ်မယူပါနဲ့...လို့ ပြောလိုက်တယ်။

သို့သော်လည်း ခံ့ညားထည်ဝါတဲ့ လူငယ်လေးက သူမတို့ဘက်ဆီ သူ့မြင်းကို ဦးတည်ပြီးဖြစ်တယ်။ သူ့ရဲ့ဘေးမှာ လူတွေကဆက်ပြီး စုပြုံနေတာလား သူ့ကို ကာကွယ်ပေးနေတာလားပဲ

ငါတို့တော့ ပြဿနာတက်ပြီပဲ ငါတို့ အခုထွက်ပြေးရင် နောက်ကျသွားမလား ယွီရှောင်ချောင်းက ပတ်ဝန်းကျင်ကို အကဲခတ်ပြီး ထွက်ပြေးလို့ရမယ့် လမ်းကြောင်းကိုရှာဖွေဖို့ကြိုးစားနေတယ်။

ကံမကောင်းစွာပဲ စောနက သူမရဲ့မောင်လေးကို ပိုကောင်းတဲ့နေရာ ရှာပေးဖို့အားထုတ်မှုက သူတို့ကို ဘေးပတ်ပတ်လည်က လူတွေဝိုင်းနေပြီး ပိတ်မိနေစေသလို ဖြစ်သွားတယ်။ ဒီလူအုပ်ကြီးထဲ တဖြည်းဖြည်းတိုးသွားဖို့က မေးစရာကိုမလိုဘူး။ မြန်မြန်လွတ်ထွက်ဖို့ဆိုတာတော့ ပြောမနေနဲ့တော့။

ဘုရင်မင်းမြတ်က တော်ဝင်အမှုထမ်း ဘယ်လက်ရုံး ဖန်ရွှင်ကို တော်ဝင်မင်းသားယန်ကို ကာကွယ် စောင့်ရှောက်ဖို့ ရွေးချယ်ထားတယ်။ သူက မင်းကြီးကိုယ်တိုင် တော်ဝင်မင်းသားအဖြစ် တင်မြှောက် ထားတဲ့ မင်းသားနောက်ကို တဇောက်ကန်းလိုက်ပြီး လူအုပ်ထဲက မောင်နှမနှစ်ယောက် ပုံပန်းသွင်ပြင်ကို မြင်လိုက်ရတော့ သူ့ကိုယ်သူ တအားအံ့အားသင့်သွားတယ်။

အစ်မဖြစ်သူမှာ သူနဲ့ ထူးထူးဆန်းဆန်း ရင်းနှီးသလိုရှိတဲ့ သက်ဝင်တောက်ပပြီး ကြီးမားတဲ့မျက်လုံး တွေရှိတယ်။ အား ဟုတ်တာပေါ့ လွန်ခဲ့တဲ့တစ်လလောက်က ဒီမောင်နှမနှစ်ယောက်ကို ထန်ကူမြို့ လက်သမားဆိုင်ရှေ့မှာ သူတွေ့ဖူးတာပဲ။ သူမမှာ ထောင်လွှားတာလည်းမဟုတ် ရိုကျိုးခယတာလည်း မဟုတ်တဲ့ အမူအကျင့်နဲ့ ပြောဆိုဟန်ရှိပြီး သူမအသက်ထက် ပို တည်ငြိမ် ရင့်ကျက်တဲ့ပုံပေါ်တယ်။ အဲ့တာက သူ သူမအပေါ် အထင်ကြီးမှုကျန်စေခဲ့တယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now