အပိုင်း၃၁ (ကောင်ချောလေးနောက်တစ်ယောက်)

Start from the beginning
                                    

စားပွဲထိုးကလည်း ကြားဖြတ်၍

လာဖူးတာပေါ့ ကျွန်တော်တို့ဆိုင်က နာမည်ကြီးတဲ့ ကိုက်လန်ခရုဆီကြော်. လတ်ဆတ်တဲ့မှိုခရုဆီကြော်နဲ့ ကြက်ဥခရုဆီနှပ် ဟင်းတွေအားလုံးကို ဒီကမိန်းကလေးယွီကပဲ ဖန်တီးခဲ့တာ! အို... ဒီလိုဆို ဒီကမောင်ရင်လည်း မိန်းကလေးယွီနဲ့ အတူပါလာတာပဲလား? လာ... လာ ဒါဆိုရင်ဖြင့် အထဲကိုကြွပါဦး...

ဒီလိုနဲ့ စားပွဲထိုးဟာ ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ကို ကျိန်ရှုံစားသောက်ဆိုင်ရဲ့ နောက်ဖေးမီးဖိုချောင်ဆီ ခေါ်သွားဖို့ ဘေးဝင်ပေါက်ကနေ ဝင်လာခဲ့တယ်။ ကျောက်ဟန်တစ်ယောက်လည်း တောကောင်သားထည့်ထားတဲ့ တောင်းကိုအလျင်အမြန်ကိုင်လိုက်ပြီး သူတို့နောက်ကိုလိုက်ခဲ့တယ်။

ဆရာ ဆရာ ဘယ်သူရောက်နေလဲ မြန်မြန်လာကြည့် စားပွဲထိုးလေးက မီးဖိုချောင်ထဲတောင် မဝင်ရသေးပဲ အော်ပြောလိုက်သည်။

ဟင်းချက်သံ ရှူးရှူရှဲရှဲနဲ့ လုံးပမ်းနေတဲ့ စာဖိုးမှူကြီးဝမ်လည်း အသံကျယ်ကျယ်နဲ့
နံစော်နေတဲ့ သောက်ရူးကောင်ရယ် ဘာတွေ ဆူညံဆူညံလုပ်နေတာလဲ? မင်းဆရာဒီမှာ အလုပ်ရှုပ်နေတာမမြင်ဘူးလား? အမြန်လာပြီး ကူဖို့လုပ်တော့!

စာဖိုမှုးဝမ်ရဲ့ ဆူတာကိုခံလိုက်ရပေမယ့် စားပွဲထိုးလေးဟာ အသံမပျက် ဟန်မပျက်ဘဲ
ဆရာခင်မျာ ဒီမှာ မိန်းကလေးယွီပါလာတယ်! သူမဆီမှာ တောကောင်တွေပါလာပြီး တောင်ပေါ်ငါးတွေထည့်ထားတဲ့ မြေအိုးလည်းပါလာတယ်

ဒါကိုကြားကြားချင်းပဲ ပြည့်မောက်တဲ့ကိုယ်လုံးရှိတဲ့ စာဖိုမှူးဝမ်က အမြှောက်ဆန်လုံးလေးလို
လိမ့်လာပြီး ရှောင်ချောင်းရှေ့ရောက်တော့ ဆက်ခနဲအရှိန်လျော့ကာ ရပ်လိုက်တယ်။ သူရဲ့ ဖောင်းမို့နေတဲ့လက်နဲ့ မိန်ကလေးငယ်ရဲ့ပခုံးကို ပုတ်လိုက်ပြီး သူရဲ့အသံဩဩကြီးနဲ့

ငါ့မှာမင်းကို ထပ်တွေ့ဖို့မျှော်လိုက်ရတာ နောက်ဆုံးတော့ ပေါ်လာပြီပေါ့လေ! မင်းရဲ့ခရုဆီလုပ်နည်းကြောင့် ငါတို့ရဲ့ကျိန်ရှုံစားသောက်ဆိုင်က ဖူလင်းစားသောက်ဆိုင်ကို လုံးဝအပြတ်အသတ်နဲ့ ကျော်သွားတာကို သိပြီးပြီလား? မိန်းကလေးငယ် မင်းမှာ တခြားဟင်းချက်နည်းအသစ်တွေ ရှိသေးရင် ဒီကလူကြီးဝမ်ကို ပြောပြပါဦး

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now