အပိုင်း ၂၇ ( အလုပ်သင် )

Start from the beginning
                                    

ဒီစကားကြားတော့ အဘွားကြီးကျန်း ဒေါသထပ်ထွက်သွားပြီး ညည်းညူလျက် အမျိုးသမီးလီရဲ့စကားကို ထောက်ခံလိုက်တယ် ။

" အမှန်ပဲ ! ဆန်ကြမ်းတစ်အိတ်ဆို ခဏလေးနဲ့ တင်ကုန်တာ... ဒီအိမ်မှာ ငွေတွေထွက်လိုက်တာမှ မြစ်ထဲကရေတွေလိုပဲ တဝေါဝေါနဲ့... ငါသွေးတက်လိုက်တာ... ဒုတိယသားရဲ့ မိန်းမက အပိုးကျိုးလာပေမယ့် အိမ်ရဲ့ ဝန်ထုတ်ဝန်ပိုးလျော့အောင်တော့ ဘယ်လိုလုပ်များ မလုပ်တတ်ရတာလဲ ? "

အဘွားကြီးကျန်းက ကိုယ့်ပေါင်ကို တဖြောင်းဖြောင်းရိုက်ရင်း အားမလိုအားမရဆိုလေတယ် ။ မျက်နှာကလည်း မကျေမချမ်းမှုကြောင့် ရှုံ့တွလို့နေတယ် ။

အမျိုးသမီးလီက ကိုယ်ချင်းစာတဲ့ လေသံနဲ့

" အဲ့တာပြောတာ ! ဒုတိယသားရဲ့မိန်းမက အပြင်ပန်းကသာ အလုပ်များချင်ယောင်ဆောင်နေတာ... အမလေး သူကလေ အပြင်လူတွေကိုတောင် အိမ်မှာ သူတစ်ယောက်တည်း အလုပ်တွေ သိမ်းကျုံးလုပ်ရပါတယ်ဆိုပြီး လျှောက်ပြောသေးတာ... ဒါကြောင့် သူ့ကို တာဝန်ကျေတဲ့ဇနီးလို့ မမြင်ကြတဲ့ အပြင်လူ ဘယ်သူများရှိလို့လဲ ? ကျွန်မကိုကျတော့ ငပျင်းမတဲ့ ! ကျွန်မ အပြောခံရတာအရေးမကြီးပါဘူး ဒါပေမယ့် သူကလေ အမေ့ကိုပါ သူများတွေအမြင်မှာ ချွေးမကို မညှာမတာခိုင်းစားတဲ့ မိစ္ဆာမကြီးလို မြင်အောင် လျှောက်ပြောထားတာ ! "

အဘွားကြီးကျန်းက ဒီစကားကြားတော့ အံကိုတင်းတင်းကြိတ်ပြီး ဒေါသသံနဲ့ ကြုံးဝါးလိုက်တယ် ။

ဒီ အယုတ်တမာမ ! သူက ဒီလိုတောင် အငြိုးထားတဲ့မိန်းမအဖြစ် ပြောင်းလဲသွားပြီပေါ့လေ ငါသူ့ကိုအကောင်းမြင်ပေးတာ မှားမိတာပဲ ! "

သူမရဲ့ သွေးထိုးအကောက်ကြံမှု အောင်မြင်တာ တွေ့ရတော့ အမျိုးသမီးလီက ဒီကိုလာရခြင်းရဲ့ အဓိက အကြောင်းမှန်ဆီ ဦးတည်လိုက်တယ် ။

" အမေ သူဒီလိုတွေလုပ်နေတဲ့ တစ်ခုတည်းသော အကြောင်းက သူ့မှာ ကလေးတွေ အများကြီး ရှိနေလို့ပဲ... ကလေးတွေဆိုတာ အနာဂတ်မှာ ကိုယ့်အပေါ် ထောက်ပံ့ပေးမယ့်သူတွေလေ ဟုတ်တယ်မလား သူဒီလို ထောင်ထောင် ထောင်ထောင် လုပ်နေတာတွေ ရပ်သွားအောင်လုပ်ဖို့ ကျွန်မမှာ အရမ်းကောင်းတဲ့ နည်းလမ်းတစ်ခုရှိတယ် "

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now