လေထုက အနည်းငယ်အေးစက်နေသည်။ကိုယ့်ကိုယ်ကို အမြဲထိန်းသိမ်း​နေ တတ်ပြီး ဂုဏ်သိက္ခာရှိသည့်သူက ယခုအခါ နည်းနည်းလေးအထိန်းအကွပ်မဲ့နေသလိုလို။
" Shen XiFan မင်းတကယ်ဘဲ နိုင်ငံခြားကို ပညာတော်သင်သွားတော့မှာလား? "

သူမ ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။
" ဟုတ်တယ် ကျွန်မသွားတော့မှာ ဘာဖြစ်လို့လဲ? "
Yan Heng၏နှုတ်ခမ်းများမှာ ဖွင့်ဟလာပြီးလေကို ခပ်ညှင်းညှင်းရှူထုတ်လိုက်သည်။
" မင်းကိုယ့်ကိုမုန်းနေတုန်းဘဲလား? ကိုယ့်ကိုဘဲအပြစ်တင်ပါ မင်းကိုယ့်ကိုအခွင့်အရေးလေးတစ်ခုလောက်ပေးဖို့ကိုယ်ပြောပါရစေ ဘယ်လောက်ကြာကြာကိုယ်စောင့်ပါ့မယ် "

" ကျွန်မတောင်းပန်ပါတယ် "
သူမ ခပ်ခပ်ထန်ထန်ပြန်ပြောလိုက်သည်။
" ရှင်နဲ့ကျွန်မက မဖြစ်နိုင်တော့ဘူး "

နောက်ဆုံးတော့ သူမနှလုံးသားထဲက စကားတစ်ခွန်းကို ပြောနိုင်ခဲ့လေပြီ။

ချက်ချင်းပင် သူ၏မျက်နှာအမူအရာသည် ပျက်ယွင်းသွားလေသည်။Shen XiFan ခေါင်းကိုမော့လိုက်ပြီး ထပ်မံ၍ တိတိကျကျ ပြောလိုက်သည်။
" စိတ်မကောင်းပါဘူး "

သူမ၏နှလုံးသားထဲမှ အားအင်ချိနဲ့သလိုဖြစ်နေခြင်းကို ကျိန်ဆဲလိုက်ပြီး သူမ စကားများများမပြောတော့ပါ။ထို့ကြောင့် သူမ ရင်မဆိုင်ချင်ခဲ့တာလည်းဖြစ်သည်။တိတိကျကျပြောရမည်ဆိုလျှင် ' ​တောင်းပန်ပါတယ် ' ဟူသည့်စကားလုံးများကို မပြောချင်ရသည့်အကြောင်းအရင်းမှာ အမှန်တကယ်နာကျင်ရသောကြောင့်ဖြစ်သည်။အခြားလူတစ်ယောက်ကို ဆွဲမထည့်ချင်သည့်အခါမျိုးတွင် ဤစကားလုံးများက သူလည်းနာကျင်ရသလို ကိုယ်လည်းနာကျင်ရလေသည်။

မျက်လွှာချထားလျက် သူမဆက်ရှင်းပြသည်။
" တကယ်တော့ ကျွန်မရှင့်ကိုမမုန်းပါဘူး ကျွန်မလေရှင့်ကိုပိုမုန်းမိလား ပိုချစ်မိလားဆိုတာကို ကျွန်မကိုယ်ကျွန်မမေးလေ့ရှိတယ် အဲ့လိုမျိုးဖြစ်ခဲ့တာ နှစ်တော်တော်လေးကြာခဲ့ပါပြီ နောက်ဆုံးတော့ အချစ်လည်းမရှိသလို အမုန်းလည်းမရှိခဲ့ပါဘူး Yan Heng ကျွန်မကရှင်နဲ့အလှမ်းဝေးနေခဲ့တာကို ရှင်သိရဲ့လား ရှင့်ရဲ့ခြေလှမ်းတွေကိုအမြဲအမှီလိုက်နေခဲ့ရတယ် ရှင့်အရှေ့မှာဆို ကျွန်မကအရမ်းနိမ့်ကျနေသလိုခံစားခဲ့ရတာ အခုတော့ ရှင့်ကိုကျွန်မမြင်ရတဲ့အခါ အေးချမ်းသွားတယ် ပြီးတော့ ... "

အကောင်းဆုံးအချစ်ကို ပေးပါရစေ// အကောင်းဆုံးအချစ်ကို ပေးပါရစေ(Myanmar Translation)जहाँ कहानियाँ रहती हैं। अभी खोजें