[လက်ရှိ] ထန်းရှီ: "ဘယ်တုန်းက ငါတို့က အရှက်ရှိပြီး မြင့်မြတ်တဲ့ နတ်ဘုရားတွေလို့ ပြောဖူးလို့လဲ? ဪ...ဒါနဲ့ အရှက်မရှိတဲ့ ငါတို့တွေ ဝိုင်းရိုက်သမျှကို လိမ့်ခံနေရတဲ့ မင်းတို့တွေကို မြင်နေရတာ တော်တော်တော့ အရှက်ရစရာ
ကောင်းတယ်နော်"[လက်ရှိ] စုမူကျိ: "....."
တစ်ချို့တစ်ချို့သော လူတွေရှိ
တယ်။ မင်းသာ သူတို့လိုလူမျိုး
တွေ နဲ့ စကားပြောဆိုရတဲ့ အခါမျိုး
မှာ မင်းမှာကြံ့ခိုင်တဲ့ စိတ်ပိုင်းဆိုင်
ရာ ခံနိုင်ရည် စွမ်းအင်တွေ ရှိထား
ဖို့ လိုတယ်။ မင်း သူတို့နဲ့ စကား
တစ်ခွန်း ဆက်ပြောတိုင်း သွေးတက်လာပြီး အကြိမ်ပေါင်း
ငါးရာကျော်ထက်မနည်း သူတို့ကို
ခွင့်လွှတ်ပေးနေရလိမ့်မယ်။
ထန်းရှောင်က သေချာပေါက်ကို အဲလိုလူစားမျိုး။Ranzhi Clanကတော့ သူမရဲ့သုံးဆယ်တစ်ဘုံ အပြင်ဘက်
ထိ အရှက်တရားကင်းမဲ့နေမှုကြီးကို နောကြေနေအောင် ကျင့်သားရ
နေပေမဲ့ တစ်ဖက်ကတော့ ထိုကဲ့သို့ မဟုတ်လေဘူး။သူတို့တွေမှာ ထန်းရှီရဲ့ စကား
ကြောင့် ကီးဘုတ်တွေ ရိုက်ခွဲ၊ ခေါင်းမွှေးတွေပြောင်အောင်
အကုန် ဆွဲနှုတ်ကုန်ကြကာ ကိုယ့်ကိုကိုယ် ဓားတွေလှံ
တွေနဲ့ ထိုးပြီး သတ်သေကုန်ကြ
တော့တယ်။ ထို့နောက်မှာတော့ ယမ်းပုံမီးကျဖြစ်သွားတဲ့
ရန်သူတွေဟာ စစ်တပ်ကြီးတစ်ခု
လုံးကို အလျင်အမြန်ဆင့်ခေါ်လိုက်
ပြီး ထန်းရှီပြောခဲ့တဲ့စကားလုံးတွေ
ကို ပြန်ပေးဆပ်ခိုင်းဖို့အတွက် တောနင်းဆင်းနင်းပြီး သူမကို လိုက်ရှာကြလေတယ်။တစ်ဖက်မှာတော့ ထန်းရှီဘက်က
လူတွေခမျာ အလွန့်အလွန့်ကို
အလုပ်ရှုပ်ကုန်ကြတယ်။အခုလိုမျိုး အမှိုက်ထုပ်တစ်ကောင်
ကို တွယ်ဖို့ အရူးအုပ်လိုက်ကြီး
လှုပ်လှုပ်ရွရွနဲ့ ချီတက်လာတာမျိုး
က ရာစုနှစ်တစ်ခုလုံးမှာ နောက်တစ်ကြိမ် တွေ့မြင်ရဖို့ဆိုတာ ခဲယဉ်းတယ်လေ!သိပ်မကြာလိုက်ဘူး။ တအုံးအုံး
တဒိုင်းဒိုင်းနဲ့ ဆော်ကုန်ကြတယ်။
ပထမတစ်ချီတိုက်ခဲ့တဲ့
တိုက်ပွဲမှာတော့ အပြစ်မရှိတဲ့
ဘေးလူတွေကို ထိခိုက်မှာစိုးတာ
ကြောင့် ငဲ့ညာပြီး အထိန်းအကွပ်နဲ့
တိုက်ခိုက်ခဲ့ကြပေမဲ့ ဒီတစ်ခေါက်
ကတော့ လုံးဝမတူလေဘူး။
လူတိုင်းက စိတ်လွတ်သွားတဲ့
သူတွေလို ရူးရူးနှမ်းနှမ်းနဲ့ မြင်သမျှအကုန် ဓားနဲ့လိုက်ရမ်း
ကြပြီး မနက်ဖြန်ဆိုတာ မရှိ
တော့တဲ့ အတိုင်း သူသေကိုယ်သေ
တိုက်ကုန်ကြတယ်။
YOU ARE READING
အရှင်မင်းကြီး ကောင်းကင်ဘုံကို မကြွသေးဘူးလား
HumorUnicode# ထန်းရှောင်မှာဆန္ဒနှစ်ခုပဲရှိတယ်။ ပထမတစ်ခုက မူချောင်ကိုအထောက်အပံ့ပေးနိုင် တဲ့ကောင်းကင်ထောက်တိုင် မိခင်ကြီးဖြစ်လာဖို့။ ဒုတိယတစ်ခုကတော့စုမူကျိကို အနိုင်ကျင့်တဲ့ရန်သူမှန်သမျှကို ဆော်ပလော်တီးလွှတ်ဖို့။ Female Player: "မိန်းမရေ ...ယောက်ျားတော့ ...
Chapter 23
Start from the beginning