78. The Match within the Match

Beginne am Anfang
                                    

သူများတွေထက် အရင်ဦးအောင် တိုက်ခိုက်နိုင်ခဲ့ကြသူတွေကတော့ များသောအားဖြင့် အရင်တုန်းက ပြိုင်ပွဲတက်ရောက်ခဲ့ကြဖူးသည့် အတွေ့အကြုံရှိကျင့်ကြံသူတွေဖြစ်ကြသည်။ သူတို့တွေက အရင်ဦးအောင်ချနိုင်တာ၏ အားသာချက်ကို ကောင်းကောင်းသိထားကြသည့်အတွက် ပြိုင်ပွဲစပြီဆိုသည်နှင့် သူတို့နား ပတ်လည်က ကျင့်ကြံသူတွေကို ဖယ်ရှားပစ်ကြတော့တာပင်။

အဲ့နောက်မှာတော့ ပုံရိပ်တွေအားလုံး လျင်လျင်မြန်မြန်အရှိန်နှုန်းနဲ့ စတင် ရွေ့လျားကြတော့တယ်၊ အများစုကတော့ ကွင်းအစွန်ကို ဦးတည်နေကြတာပဲဖြစ်တယ်။

ဘာလို့လည်းဆိုတော့ သူတို့တွေဟာ ပွဲအစမှာ သူတို့ရဲ့ အစိတ်အပိုင်းတွေနဲ့ ဝန်းရံထားကြပြီး ဘယ်သူကမှ သူတို့စမတိုက်ခင်မှာ တဖက်လူရဲ့ ချုံခိုတိုက်ခိုက်တာကို မခံချင်ကြတဲ့အတွက် ဖြစ်တယ်။

ဖုန့်ရှီက ကွင်းရဲ့ ထောင့်တနေရာမှာ ရပ်နေလျက်သားဖြစ်တယ်၊ ဒီလောကကြီးထဲ အရာရာကို သိနေတဲ့ စာအုပ်နတ်ဘုရားကိုပဲ ကျေးဇူးတင်ရမယ်။ အကျိုးဆက်အနေနဲ့ ကောင်လေးက အခြားသူတွေအပေါ် လျက်တပြတ် စတင်တိုက်ခိုက်ကြတဲ့သူတွေကိုပါ အပါအဝင် လူတိုင်းရဲ့ လှုပ်ရှားမှုတွေကို ရှင်းရှင်းလင်းလင်း မြင်ပြီးဖြစ်တယ်။ အဲ့ဒီ့ရှုပ်ရှက်ခတ်နေတဲ့ မြင်ကွင်းကို ကြည့်နေစဉ်မှာပဲ သူ ဘယ်နေရာကနေစပြီး တိုက်ရမလဲဆိုတာကိုပါ သူ စတင်တွေးလာပြီဖြစ်တယ်။ ဒါပေမဲ့ သူမသိလိုက်တာက တစ်စုံတစ်ယောက်က သူ့ကို ပစ်မှတ်ထားပြီးဖြစ်နေတယ်ဆိုတာကိုပါပဲ။

ကောင်လေးက ကြည့်ကောင်းတဲ့ ရုပ်ရည်ရှိပြီး ပိန်ပါးကာ အားနည်းတဲ့ပုံပေါက်နေတယ်။

သူ အဲ့ဒီ့ တောင့်တင်းသန်မာတဲ့ လူကြီးတွေကြားထဲ ရပ်နေတဲ့အချိန်မှာ သူ့ကြည့်ရတာ အလွန်ကို သနားကမားဖြစ်နေပြီး ထိခိုက်လွယ်တဲ့ပုံပေါက်နေသည်ပင်။ အဲ့အပြင် သူလက်ရှိ နေနေတဲ့ ထောင့်ကလည်း တကယ်တော့ ကျင့်ကြံသူ အများစု လာချင်နေတဲ့နေရာပဲဖြစ်တယ်။ အဲ့တာကြောင့် ကျင့်ကြံသူအချို့က ပွဲအစကတည်းက ကောင်လေးဆီကနေ အကြည့်မလွဲပဲ ရှိနေကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အပေါ်ယံပုံပန်းသွင်ပြင်ကို မူတည်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာ လူအများစုက သိထားကြတဲ့အတွက် အချို့ကျင့်ကြံသူတွေဟာ အခြေအနေ စောင့်ကြည့်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Wo Geschichten leben. Entdecke jetzt