စာအုပ်နတ်ဘုရားက နှုတ်ခမ်းတွန့်သွားပြီး သူ့ဖာသူ တွေးလိုက်တယ်၊ 'စိုးမိုးထားတဲ့ လွှမ်းမိုးထားတဲ့လေထုဆိုတာက ရုပ်ဝတ္ထုပစ္စည်းမဟုတ်ဘူးလေ၊ ဘယ်လိုလုပ် မျက်စိနဲ့ မြင်ရပါ့မလဲ?'

"ရှာမနေပါနဲ့တော့၊ အဲ့တာအားလုံး မရှိတော့ဘူး!"

"မင်းငါ့ကို ဘာလို့ စောစောက မပြောတာလဲ?" သူ့ရဲ့ အပေါ်စီးကနေ လွှမ်းမိုးထားတဲ့လေထုကို နေရာတိုင်း လိုက်ရှာမိတာကို နောင်တရရင်း စိတ်ဆိုးတဲ့ အသံနဲ့ ဖုန့်ရှီက ပြောလိုက်တယ်။

"ဟုတ်ပါပြီ၊ ကျွန်တော့အပြစ်ပါ။ ကျွန်တော် အခုလေးတင်ပဲ မခေါ်လိုက်သင့်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ? အဲ့ ကောင်းကင်ဖြိုဖျက်သားရဲက ကျွန်တော်တို့ကို အခု စိုက်ကြည့်နေတယ်။" စာအုပ်နတ်ဘုရားက အကူအညီမဲ့စွာနဲ့ ပုခုံးတွန့်လိုက်တယ်၊ ဘာလို့လဲဆိုတော့ အခု သူလုပ်နိုင်တာ တကယ်ကို ဘာမှမရှိတော့ဘူးလေ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်က ကောင်းကင်ဖြိုဖျက်သားရဲလက်ကနေ လွတ်အောင် သူ နည်းမျိုးစုံနဲ့ လုပ်ခဲ့ပြီးပြီ၊ ဒါပေမဲ့ အဲ့သားရဲက အရမ်းပါးနပ်တယ်၊ အနံ့ခံအရမ်းကောင်းတယ်၊ သူတို့ကို လုံးဝ မျက်ခြေမပြတ်သွားခဲ့ဘူး။

လောလောဆယ်​ ကောင်းကင်ဖြိုဖျက်သားရဲက သူတို့ကို ကောင်းကင်ကနေ စိုက်ကြည့်နေတယ် ဘာလို့လဲဆိုတော့ အမွှေးမဲ့ကြက်ရဲ့ စွမ်းအားနဲ့ပတ်သက်ပြီး မသိသေးတာကြောင့် ဖြစ်တယ်။ အဲ့တာကြောင့် ဖုန့်ရှီနဲ့ သူ့နောက်လိုက်တွေမှာ တုန့်ပြန်ဖို့ အစီအစဉ်တွေ ဆွေးနွေးဖို့ အချိန် လုံလုံလောက်လောက် ရနေတာဖြစ်တယ်။

သူတို့မှာ အခုတော့ တာဝန်ကို ပြီးမြောက်ဖို့ တစ်ရက်ပဲ​ အချိန်ကျန်တော့တယ်။ တကယ်လို့ ဖုန့်ရှီက တာဝန်ကို ကျရှုံးခဲ့ရင် သူတို့ ကောင်းကင်ထွတ်ထိပ် နန်းတော်ထဲမှာ ဘုရင်ကြီးနဲ့ ဦးလေးဖြူတို့ကို မျက်နှာချင်း ဆိုင်ရဲတော့မှာမဟုတ်။

နောက်ဆုံးတော့ ဖုန့်ရှီမှာ အကူတွေ အများကြီး ရှိနေပါလျက်နဲ့ ဘာလို့ ကျရှုံးရတာလဲဆိုတာ ရှင်းပြဖို့ ခက်တယ်။ အဲ့လိုနဲ့ ငရဲမင်းကြီးက စိတ်အနှောက်အယှက်ဖြစ်သွားရင် နတ်ဘုရားနှစ်ပါးနဲ့ ကြက်တို့က သူတို့ရဲ့ မူလပုံစံကို ပြန်အပြောင်းခံရမှာဖြစ်တယ်။ အဲ့တက သူတို့ လုံးဝ မဖြစ်ချင်တဲ့အရာပဲ ဖြစ်တယ်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now