Chapter-30

1.2K 45 19
                                    

"လျှို့ဝှက်ချက်နောက်ကွယ်"

************************

စိတ်ကြိုက်ချစ်ပြီးသွားသော်လည်းပဲ မလွှတ်ပေးနိုင် အနားမှာ ရှိစေချင်သဖြင့် ဒေမွန့်သည် ဂရေစ့်လေးအား သူ့ပေါင်ကြားထဲတွင်ထိုင်စေ၍အလုပ်ဆက်လုပ်နေသည်။အချိန်လည်းကြာလာသည်နှင့်အမျှရေ့စ်လေးတစ်ယောက် ဒေမွန့်ရဲ့ကျယ်ပြန့်မာကျောတဲ့ရင်ခွင်ကျယ်ကြီးထဲမှာ မှီပြီး သူမချစ်သူမျက်နှာကိုမော့ကြည့်လိုက် ထွားကျိုင်းသန်မာတဲ့သူ့လက်မောင်းတို့ကိုတို့လိုက်ထိလိုက်နဲ့ ပျင်းနေသည်။ ရင်ခွင်ထဲအငြိမ်မနေ လှုပ်စိလှုပ်စိလုပ်နေတဲ့ကောင်မလေးကြောင့် ဒေမွန် အလုပ်ပေါ်အာရုံစူးစိုက်လို့သိပ်မရ၊ရှင်းရှင်းပြောရမယ်ဆို သူမကိုသူ့အနားထားကတည်းက စိတ်ကဂနာမငြိမ်တာ။

ဂရေ့စ်လေးကလည်း ထိုင်သာထိုင်နေတယ် တင်လေးကဟိုဘက်တိုး ဟိုဘက်ဆုတ်နဲ့ ကြာလာတော့ ဒေမွန်လည်း မရိုးမရွနဲ့စိတ်ဆက်လာပြန်သည်။

"ငြိမ်ငြိမ်လေးနေလေကွာ....ကိုယ်အလုပ်လုပ်ရတာအဆင်မပြေဘူး..." သက်ပြင်းချသံလေးနှင့်သူမအားမကြည့်ဘဲပြောသည်။

"ဟ..ဟုတ်...."အငိုက်မိသွားတော့ ဘွာတေးဘွာတေးနဲ့ ပြုံးဖြီးဖြီးလေး။

"ခနလောက်ဆိုအလုပ်ပြီးတော့မှာမလို့ သည်းခံနော် လက်စသက်ဖို့ပဲကျန်တော့လို့"လက်တော့ကိုရိုက်လျက် ဝင်ငွေထွက်ငွေတွေကိုစစ်ဆေးနေသည်။

"အွန်း ..."အပြောပဲရှိတာ ဆက်ပြီးတော့ ဒေမွန့်ကိုထိတွေ့ နေသည်။

ပြောလို့မရအဆုံးဒေမွန်လည်း အရာအားလုံးကိုအန်တုပြီး အလုပ်ကိုစိတ်အာရုံမနည်းအားစိုက်ကာ အလုပ်ကိုမြန်မြန်လက်စသက်သည်။

ဂရေ့စ်လေးဟာ ဒေမွန့်ရဲ့ ကြယ်သီးအနည်းငယ်ဖြုတ်ထားသောအင်္ကျီလည်ပင်းပေါက်ကနေတစ်ဆင့်သူမလက်ကလေးကိုထိုးထည့်လိုက်သည်။ လက်ကလေးဖြင့်ဒေမွန့်ရင်ဘတ်ကိုအသာအယာ စက်ဝိုင်းအသွင် ပွတ်သက်နေသည်။ အမှန်တစ်ကယ် တော့ ဂရေ့စ်ဟာ ဒေမွန့်ရင်ဘတ်မှာရှိနေတဲ့ ဒဏ်ရာအမာရွတ်တွေကိုလိုက်ထိချင်နေသောကြောင့်ပင်။ဂရုမစိုက် စိတ်ရှိတိုင်းလုပ်တာ ခံရတဲ့ လူက ဖြည်းဖြည်းချင်း ထိန်းမနိုင် သိမ်းမနိုင်နဲ့ အသက်ရှူသံတွေတောင်ပြင်းထန်လာသည်။

𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚Where stories live. Discover now