Chapter-7

2.4K 90 4
                                    

"ဘဝဆိုတာခနအတွင်းပြောင်းလဲတတ်တယ်ဆိုတဲ့စကားကို ကျွန်မသေချာသိပါတယ်......ဒါပေမယ့်အခုဟာက ဘဝအသစ်ကိုစလိုက်ရသလိုပဲ....."

နယူးရောက်စ်မြို့ကြီးသည်ကားဟွန်းတီးသံများနှင့်စည်ကားသိုက်မြိုက်လျက်ရှိသည်။နေမင်းကြီးမှာလည် ရောင်ခြည်များစွာဖြာထွက်လျက် ထွန်းလင်းတောက်ပနေသည်။နေမင်းကြီး ​၏ရောင်ခြည်များသည်မှန်ပြတင်းပေါက်မှတစ်ဆင့်တိုက်ခန်းအတွင်းသို့ဖြာထွက်ဆင်းသက်လာသည်။

     ထိုကဲ့သို့စူးရှလင်းလက်နေသော ရောင်ခြည်များကြောင့်ဂရေ့စ် မျက်လုံးလေးများသည် ပိတ်လိုက်ပွင့်လိုက်ဖြစ်လာသည်။ သို့သော်မျက်လုံးမှိတ်၍ပြန်အိပ်ရန်ကြိုးစားသည်။ သူမအိပ်နေရင်း စိတ်ထဲတစ်မျိုးဖြစ်လာသည်။အဘယ့်ကြောင့်ဆိုသော် သူမ နားမှတစ်ဆင့် တစ်စုံတစ်ယောက်​၏နှလုံးခုန်သံကိုကြားနေရသောကြောင့်ဖြစ်သည်။ အထူးသဖြင့် တစ်စုံတစ်ယောက် ရဲ့လက်မောင်းများသည် သူမခန္ဓာကိုယ်အားတွယ်ယှက်ထားသည်ဟုခံစားလိုက်ရသောကြောင့်ဖြစ်သည်။ ထိုအထိအတွေ့ကို သူမ မနှစ်သက်ဟုမဆိုပါ။ ခန္ဓာကိုယ်အထိအတွေ့ကြောင့် သူမ ခန္ဓာကိုယ်နွေးထွေးနေသည်၊လုံခြုံသည်ဟုခံစားနေရသည်။အတွေးပေါင်းစုံနှင့်ရှုပ်ယှက်ခက်နေ သောဂရေ့စ်သည် ချက်ချင်းသူမ မျက်လုံးများကိုစုံဖွင့်လိုက်သည်။

ဒေမွန်မျက်နှာနှင့်သူမမျက်နှာနီးကပ်လွန်းလှ၍သူ​၏အသက်ရှူသံကိုသေသေချာချာကြားနေရသည်။သူ ​၏လက်မောင်းများသည် သူမခန္ဓာကိုယ်အားသူ​ရဲ့ရင်ခွင်အနီးတွင်ဖမ်းချုပ်ထားသည်။ဂရေ့စ်အလန့်တကြားဖြစ်၍ဘာလုပ်ရမှန်းမသိဖြစ်နေသည်။ ဒေမွန်ရဲ့အိပ်စက်နေသောမျက်နှာကို သူမ ကြည့်လိုက်သည်။ ငြိမ်းချမ်းစွာအိပ်နေသော ဒေမွန်မျက်နှာအား ဂရေ့စ် တစ်စိမ့်စိမ့် ကြည့်ကာ အသေးစိတ်မှတ်နေသည်။ သူ​၏မျက်တောင်လေးများသည် ရှည်လျားနက်မှောင်သည်။​ကလပ်တွင်တွေ့တုန်းကသပ်သပ်ရပ်ရပ်လုပ်ထားသောဒေမွန်ဆံပင်မှာ အခုအချိန်တွင် မျက်နှာရှေ့သို့တစ်စိုးတစ်စကျ၍ရှုပ်ပွနေသည်။ ဂရေ့စ်အတွက် ဒေမွန်ရဲ့အေးချမ်းစွာအိပ်စက်နေသောအသွင်အပြင်မှာ အလွန်ချစ်စရာ​ေကာင်းလှသည်။သူမပြုံးကာ ဒေမွန်အားသေချာစူးစိုက်ကြည့်နေသည်။

𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚Where stories live. Discover now