Chapter-5

2.9K 118 0
                                    

"လူတိုင်းမှာ အစောင့်အရှောက်နတ်သားလေးတွေရှိကြတယ်လို့ပြောကြတယ်။ ဒါဆိုငါ့ကိုစောင့်ရှောက်ပေးတဲ့သူက ဘာလို့မကောင်းဆိုးဝါးဖြစ်နေရတာလဲ"

                     ****************************

      ခိုလာနီအဖွဲ့ချုပ်အခန်းတွင်

      "ဘော့စ်........"

     "ဘာဖြစ်လို့လဲ...ပြောစမ်း"

     "ဆိပ်...ဆိပ်ကမ်းမှာသယ်ယူရမယ့်လက်နက်တွေကို ......"

      "ဘာ!!!!!ငါ့လက်နက်တွေဘာဖြစ်လို့လဲ!!!!!!"

       "ဟ..ဟို လန်ဘာဒီတို့သိမ်းယူလိုက်ပြီလို့ သ..သတင်းရရှိပါတယ်...."

      "တောက်စ်!!!!ခွေးသူတောင်းစားတွေ သူတို့ကိုယ်သူဘာထင်နေလဲ!!!!!! ဒေမွန် လန်ဘာဒီ မင်း ကိုအနိုင်ရမယ့်နေ့တစ်နေ့တော့ရောက်လာမှာပါ!!!အဲ့ဒီနေ့ကျရင် မင်းကို  ငါသေအောင်သတ်ပြစ်မယ်"

ကလပ်​၏ရုံးခန်းတွင်

             "လယ်ရီ ရှင်...ရှင်ဘာပြောလိုက်တယ်!"

           "ဆိုဖီယာ ဘေဘီ မင်းငါပြောတာကြားလိုက်ပါတယ်။  ဂရေ့စ်ကိုရောင်းလိုက်လို့ငါပြောလိုက်တာလေ" ပြုံးရီစွာပြောလိုက်သည်။

         "ရှင် ဒါလူကုန်ကူးမှုနော် ရှင်တော်တော်ယုတ်မာတာပဲ ကိုယ့်သမီးအရွယ်လေးကို"

          "ဟေ့!!ငါမင်းကိုခေါ်တာ တရားနာဖို့မဟုတ်ဘူးနော်။ပြောစမ်းပါ ...ငါ့ကိုရောင်းမှာလားမရောင်းဖူးလား..ဆိုတာ"

          "ရှင့်လို ရွံစရာကောင်းပြီးယုတ်မာတဲ့အောက်တန်းစားလူဆီ ဂရေ့စ်ကိုမပေးနိုင်ဘူး!!!ကျွန်မ အလုပ်ထွက်တယ်" ဆိုဖီယာပြောကောရုံးခန်းမှထွက်ရန်ပြင်သည်။

          " မင်းအလုပ်ထွက်ရင် မင်းဘယ်မှာနေမှာလဲ ဆိုဖီယာ...မင်းခုနေတဲ့တိုက်ခန်းကိုဆက်ငှားဖို့ ပိုက်ဆံရောလုံလုံလောက်လောက်ရှိရဲ့လား"ဟုလယ်ရီထိုင်နေရာမှထ၍ရွဲ့တဲ့တဲ့ပြောလိုက်သည်။

            ဆိုဖီယာရုတ်တရတ်အံ့ဩသွား၍လယ်ရီအားကြည့်ကာ

             "ရှင် ...ရှင်ဘယ်လိုသိတာလဲ" ပြောလိုက်သည်။

𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚Where stories live. Discover now