"ဘဝမှာ အာဏာသာလျှင်အားအကြီးဆုံးပဲ။ အချစ်ဆိုတဲ့အရာ က ငါ့အတွက်အရေးမပါဘူး။ငါ့ကိုမလေးမစားလုပ်လုပ်ရင် မနက်ဖြန် နေမင်းကိုတောင်မတွေ့နိုင်ဘဲ ငါလက်ထဲမှာသေဆုံးသွားစေရမယ်"
***************************
"ဒေမွန်...ဘေဘီ ထတော့လေကွာ...ဘေဘီ"
"ဟင်း....." အောင့်အီးညီးညူသံများကြောင့်ဒေမွန်နိုးလာသည်။
"ဒေမွန်..ဘေဘီ ညကမပြီးပြတ်သွားတာလေးတွေပြန် ဆက်ရအောင်နော်"
ဒေမွန်အိပ်ရာပေါ်မှထကာရပ်လိုက်သည်။ထို့နောက်သူ့အားညီးညူပြောနေသောမိန်းမအား ကြောက်စရာမျက်လုံးများနှင့်စိုက်ကြည့်လိုက်သည်။ထိုမိန်းမ ရုတ်တရက်တုန်လှုပ်သွားကာရပ်တန့်နေသည်။
"မင်း အခုချက်ချင်းထွက်သွားလိုက်စမ်း!"ဟုအေးစက်စွာပြောဆိုလိုက်သည်။
"ဒေ..ဒေမွန် ဘေဘီကလည်း "
"မင်း ငါးစက္ကန့်အတွင်းမထွက်သွားရင် မင်းကိုယ်မင်းသေပြီလို့မှတ်လိုက်"
"ဘေ..ဘေဘီ"
"၁!"
"ဒေ....ဒေမွန်"
"၂!"
"ဒို့သွားပါပြီ!!သွားပါပြီနော်!!"ဟုဆိုကာ အင်္ကျီကပြာကယျာယူပြီးအခန်းထဲမှထွက်သွားသည်။
ဒေမွန်သက်ပြင်းချကာ
"မိန်းမတွေများရှုပ်လိုက်တာ!!!!သူတို့ကောင်းတာဆိုလို့တစ်ချိန်ပဲရှိတယ်!!!!"ထို့နောက်စားပွဲပေါ်တွင်ရှိသောဖုန်းကိုကောက်ကိုင်ကာဖုန်းဆက်သည်။
"ဟယ်လို"
"ဘော့စ်!!!!!"
"အခုချက်ချင်းငါ့ကားထုတ်ထားလိုက်"
"ဟုတ်ကဲ့ ဘော့စ်"ဖုန်းချလိုက်သည်။
"ကဲ ငါ့ရဲ့အလုပ်ကိုစရအောင်!"ဟုပြောကာဒေမွန်ရေချိုးခန်းထဲဝင်သွားသည်။ရေချိုးသန့်စင်ပြီးသောအခါရှပ်အင်္ကျီအဖြူနှင့်ဘောင်းဘီအနက်ဝတ်၍ဆေးလိပ်တစ်လိပ်ယူပြီးကုမ္ပဏီသွားရန်ကွန်ဒိုအခန်းအပြင်သို့ထွက်လာခဲ့သည်။
YOU ARE READING
𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚
Romanceဒီစာအုပ်လေးကို မိမိကိုယ်တိုင်စိတ်ကူး၍ရေးသားထားခြင်းဖြစ်ပါသည်။translateထားခြင်းမဟုတ်ပါ။ "ဘယ်လောက်ပဲအန္တရာယ်များပါစေ..ဘယ်လောက်ပဲခက်ခဲပါစေမင်းကိုငါ့အနားမှာတစ်သက်လုံးထားမယ်!ဘယ်တော့မှလက်မလွှတ်ဘူး" Zawgyi ဒီစာအုပ်လေးကို မိမိကိုယ်တိုင်စိတ်ကူး၍ရေးသားထားခြင်...