Chapter-28

1.4K 50 3
                                    

"သားကောင်ကို အနိုင်ဖမ်းမိတော့မယ့်အခြေအနေပေါ့"

                          *************************

               ဧည့်ခန်းထဲ တွင် အသံတစ်စိုးတစ်စိမျှမရှိတိတ်ဆိတ်ငြိမ်သက်နေလွန်းနေသောကြောင့် ဂရေ့စ်ရင်ထဲ ကနာမငြိမ် စိတ်လှုပ်ရှား မျက်နှာမပြရဲ။ သူမရှေ့ လက်ပိုက်ပြီး ရိသဲ့သဲ့ကြည့်နေကြတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ မျက်လုံးတွေကို လန့်နေသည်။ ဂရေ့စ်ပုခုံးလေးကိုပွတ်ပြီး ပေါင်ပေါ်ခြေထောက်တစ်ချောင်းတင်ထားတဲ့ ဒေမွန်ကတော့ အေးအေးဆေးဆေး စိတ်ထဲတောင်မမှု သူ့နတ်သမီးလေး ဆံပင်လေးကိုသာ နမ်းရှုပ်နေသည်။

              "ဟွန်း..အနံ့လေးမွှေးနေတာပဲ"

             "လုပ်..လုပ်ပါနဲ့တော့...ဘေ..ဘေဘီရှက်တယ်.." တိုးတိုးလေး ရေရွတ်ကာ လိုက်ဟန့်သည်။

             "ဘာရှက်စရာ ပါလို့လဲ? ကိုယ်က ဒီတိုင်း ချစ်လို့ လုပ်တာကို.."

               "..သူတို့..သူတို့ကြည့်နေတယ်...ဘေဘီ ရှက်လို့ပါ..."

             "ရေချိုးခန်းထဲမှာကျ အဲ့လိုမဟုတ်ဘဲနဲ့"  သူမမေးစေ့လေးကိုတေ့ကာ ပြုံးပြုံးလေးပြောသည်။ နီးကပ်လွန်းလှသဖြင့်အသက်ရှူသံတွေကိုကြားနေရ။ဂရေ့စ်လေး ရင်ခုန်သံဟာ  အမြင့်ဆုံးထိတက်လာပြီး ဘာလုပ်ရမှန်းမသိ။

              "......ဒေ..ဒေမွန်...မဆိုးနဲ့......"  နှုတ်ခမ်းချင်းထိဖို့ အနည်းငယ်သာလိုတော့သဖြင့် ဂရေ့စ်လေး နှုတ်ခမ်းလေးတွေတုန်ရီလာသည်။

            "...ဒီလိုဆိုးသွမ်းနေတဲ့ ကိုယ့်ကိုပဲ အိန်ဂျယ်က ချစ်နေတာမလား....." ထပ်ကွန့်ပြီးပြောလိုက်သည်။

           ".....အဲ့.အဲ့ဒါက....." ဒေမွန်က သူမမေးစေ့လေးကို ဆွဲ ဆွဲလာတာ နှုတ်ခမ်းနှစ်ခုယှက်နွယ် မိတော့မည်။

 
           "ပြောလေ..."  နက်ရှိုင်းသောအသံလေးနဲ့ခပ်တည်တည် တီးတိုးပြောသည်။

             "....အ..အွန်း..." ဒေမွန့် နှုတ်ခမ်းလေးတွေကို ကြည့်ရင်းကြည့်ရင်း မျက်စိလေးတွေစုံမှိတ်လိုက်ပြီးအနမ်းလေးကိုစောင့်မျှော်သည်။ တစ်ဖက်ကလည်းဂရေ့စ်နဲ့ထပ်တူပင် မျက်လုံးလေးမှိတ်လိုက်ကာ သူမအရသာကိုခံစားဖို့ပြင်သည်။

𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚Where stories live. Discover now