"စောင့်မျှော်နေခဲ့ရသောအရာ ကိုရလိုက်သော်လည်း ကံကြမ္မာအပြောင်းအလဲနဲ့တွေ့ဆုံပြန်တယ်"
အခန်းကြီးထဲတွင် လူအများရဲ့စကားပြောသံ ရယ်မောသံ သီချင်းသံများဖြင့်ပြည့်နှက်နေသည်။ ဒေမွန်စိတ်များရောက်ရက်ခက်ကာ ထူပူနေသည်။ အမျက်ဒေါသထွက်လျက်ပူလောင်နေသည်။ အမှောင်ထုများနှင့်ဖုံးလွှမ်းကာ အလင်းရောင်ကိုမမြင်တော့ပေ။ ထိုအချိန်တွင် သူလက်လေးကိုတစ်ယောက်ယောက်က ကိုင်လိုက်သည်ကိုသတိထားမိသွားသည်။ ဒေါသမျက်လုံးများဖြင့် သူ့ရဲ့လက်ကိုကိုင်သူအားငုံ့ကြည့်လိုက်သည်။ ချက်ချင်း သူ၏ အမုန်းတရား ဒေါသများ မျက်စိတစ်မှိတ်အတွင်းပျောက်ကွယ်သွားသည်။ ဂရေ့စ်သည် သူမရဲ့အပြာရောင်မျက်လုံးလေးများဖြင့် သူ့အားစိုးရိမ်ပူပန်စွာကြည့်နေသည်။
"ဒေမွန် ရဲ့ဦးလေးကြောင့်စိတ်ဆိုးနေတာလားဟင်........"
" ...ကိုယ်ဘာမှမဖြစ်တော့ပါဘူး...စိတ်မပူပါနဲ့ ဟုတ်ပြီလား"
" ........" သူမစိတ်မကောင်းအနည်းငယ်ဖြစ်သဖြင့်မျက်နှာအောက်ငုံ့လိုက်သည်။
ဒေမွန်သည် ဂရေ့စ်ရဲ့မေ့စေ့လေးကိုကိုင်လိုက်ကာ သူမအားကြည့်လိုက်သည်။
" ကိုယ်တစ်ကယ်ဘာမှမဖြစ်ဘူး စိတ်မကောင်းမဖြစ်ပါနဲ့ ကဲ ဟိုမှာ ကိုယ်တို့စကားပြောမှာကိုဝင်ဖျက်မယ့်အုပ်စုလာပါပြီ" ပြောရင်း သူမအနောက်မှ လမ်းလျှောက်ကာလာနေသော အရီယာ ၊ဂျွန်နီနှင့်ရိုင်ဒါကို မျက်စပစ်ပြလိုက်သည်။ ဂရေ့စ်သည် အနောက်ကိုပြန်ကြည့်၍ အနည်းငယ်ရယ်မောလိုက်သည်။
"ကဲ ကိုယ့်တို့သူတို့ဆီသွားကြမယ် မဟုတ်ရင်ဒီဘူဖေးမှာ ကိုယ်တို့အုပ်စုအသံနဲ့ ကျယ်လောင်နေလိမ့်မယ် သိတယ်မလားသူတို့အုပ်စုအကြောင်း"ဂရေ့စ်မေးစေ့လေးကိုလွှတ်လိုက်သည်။
သူမသည် ဒေမွန်နှင့်သဘောတူသဖြင့်ခေါင်းငြိမ့်ပြကာ ထိုသုံးယောက်ရှိရာသို့သွားကြသည်။
"ဒေမွန် မင်းတို့အဆင်ပြေတယ်မလား"ရိုင်ဒါမျက်နှာရိပ်မျက်နှာကဲပြ၍မေးလိုက်သည်။
YOU ARE READING
𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚
Romanceဒီစာအုပ်လေးကို မိမိကိုယ်တိုင်စိတ်ကူး၍ရေးသားထားခြင်းဖြစ်ပါသည်။translateထားခြင်းမဟုတ်ပါ။ "ဘယ်လောက်ပဲအန္တရာယ်များပါစေ..ဘယ်လောက်ပဲခက်ခဲပါစေမင်းကိုငါ့အနားမှာတစ်သက်လုံးထားမယ်!ဘယ်တော့မှလက်မလွှတ်ဘူး" Zawgyi ဒီစာအုပ်လေးကို မိမိကိုယ်တိုင်စိတ်ကူး၍ရေးသားထားခြင်...