Chapter-26

1.7K 67 16
                                    

"ကိစ္စတစ်ခုပြီးတော့ နောက်ကိစ္စတစ်ခုဆက်တာပေါ့"

**********************

"ဂရေ့စ်!!!!!"

ဝုန်းခနဲ အိပ်ရာပေါ်မှ ထထိုင်လိုက်ကာ အသက်ပြင်းပြင်းရှူနေသည်။သူမနဖူးတွင်ချွေးစီးများအပျောက်လိုက် ခေါင်းတစ်ခြမ်းဟာလည်း အနည်းငယ်ကိုက်ခဲနေသည်။ပြီးခဲ့တဲ့အဖြစ်အပျက်အားလုံးကိုသတိရမိတဲ့အခါ ချက်ချင်း ဘယ်ကိုရောက်နေလဲကြည့်မိတော့ မိမိကွန်ဒိုအခန်းထဲတွင်ဖြစ်နေပါသည်။

"ဟိုလေ အဆင်ပြေရဲ့လား အမ...." အသံကြားရာကိုကြည့်ကြည့်တဲ့အခါ သူနာပြုအင်္ကျီဝတ်စုံဝတ်ထားသောမိန်းကလေးကိုတွေ့လိုက်သည်။သူမကိုကြည့်ရတာ ရုတ်တရတ် နိုးနိုးကြားကြားထထိုင်မိသောမိမိကြောင့်လန့်နေတဲ့ပုံပင်။

"ရ..ရပါတယ်.......ကျွန်..ကျွန်မဘာဖြစ်သွားတာလဲ"

"ဟိုလေ အဖျားအရှိန်ကြောင့်ကိုယ်ခံအားလျော့နေပြီး ဒဏ်ရာကလည်းပြင်းသွားတော့ မခံနိုင်တော့ပဲမူးလဲသွားတာ ..တစ်ပတ်လောက်နားပေးပြီးပေးထားတဲ့ဆေးတွေသောက် ဆေးတွေလိမ်းရင်ပျောက်သွားမှာပါ...ခနလေးနော်ဦးလေးဖိလစ်ကဟိုဘက်အခန်းထဲမှာမို့လို့ ပြီးရင် ဒီဘက်ကိုလာလိမ့်မယ်"

လျှပ်တစ်ပြတ်ပဲ ဒေမွန်ကိုသတိရသွားမိကာ မြန်မြန် မြန်မြန် အိပ်ရာပေါ်မှဆင်း အခန်းထဲမှထွက်ရန်ပြင်သည်။သူနာပြုမလေးလန့်ဖြန့်လို့သွားပြီး ဂရေ့စ်ကိုတားသော်လည်းမရ။သူမ အခုချက်ချင်းဒေမွန်ကိုတွေ့ချင်လှသည်။မေးစရာမေးခွန်းတွေလည်းများသလို သူအဆင်ပြေရဲ့လားဆိုတဲ့စိုးရိမ်စိတ်က တစ်ပုံကြီး။ အခန်းထဲမှထွက်လိုက်သည်နှင့်အပြိုင် လွန်ဘာဒီအဖွဲ့သားအချို့တို့ ကိုတွေ့လိုက်ရသည်။ထိုသူတို့မှာ လက်နက်ကိုယ်စီ ဂရေ့စ်ကိုစူးရှစွာကြည့်နေကြသည်။ဂရေ့စ်က ဘာကိုမှဂရုမစိုက် တုန်လှုပ်ကြောက်ရွံ့ချင်းမရှိ ဒေမွန်အခန်းထဲသို့တည့်တည့်လျှောက်သွားသည်။သူနာပြုမလေးကတော့ သူမနောက်လိုက်ပြီးတားတာပေါ့။

ဒေမွန်အခန်းထဲတွင်

"ငါ့မှာတော့ အရေးတကြီး တစ်မြို့လုံးကိုရှိသမျှအဖွဲ့သားတွေနဲ့ပတ်ရှာခိုင်းတယ်ဆိုတော့ တစ်ခုခုဖြစ်တာလား တိုက်ပွဲများလားပေါ့ ငါ့သားနှစ်ကောင်ကိုလည်းမေးတော့ ဘာမှအထူးအဆန်းမဟုတ်ဘူး မိန်းမတစ်ယောက်ကြောင့်နဲ့ ဒဏ်ရာတောင်ရလာသေးတယ် မင်း!!!!" လော်ရန်ဇို ဘလက်ဝယ်(Lorenzo Blackwell) ရိုင်ဒါနဲ့ဂျွန်နီတို့ရဲ့ဖခင် (မူလလက်ဟောင်းလွန်ဘာဒီမာဖီးယားရဲ့တစ်ဦးတည်းသော လက်ရုံး) ဟာ ဒေမွန်ရဲ့ စည်းစနစ်မကျသောလုပ်ရပ်တွေကြောင့်စိုးရိမ်ပြောဆိုနေသည်။ညီအစ်ကိုနှစ်ယောက်မှာ အသံမထွက်ရဲ ဖခင်ရဲ့ပြင်းပြသောဆူသံများကြောင့် ကုတ်ကုတ်လေးရပ်နေသည်။

𝙏𝙝𝙚 𝙈𝙤𝙣𝙨𝙩𝙚𝙧 𝙄 𝙇𝙤𝙫𝙚Where stories live. Discover now