My son or boyfriend 41

6.1K 316 32
                                    

Uni

ဒီနေ့ လပြည့်ဝန်း ရဲ့မွေးနေ့ဖြစ်တာကြောင့် မနက်ပိုင်းမှာ ဂေဟာသို့ အလှူလာပေးသည်။

ဇေရဲမာန် ဂေဟာမှူးနဲ့စကားပြောနေတုန်း ခြံဝန်းထဲတွင် ကလေးများနဲ့ဆော့နေသော သူ့ကလေးကို ကြည့်နေရသေးသည်။

ဂေဟာမှူးလဲ ဇေရဲမာန် ကိုကြည့်ကာ
"လပြည့်ဝန်း လေးက တကယ်ကောင်းကောင်းမွန်မွန်ကြီးပြင်းလာတာပဲ....ဟောဒီကသားဆီရှိနေတော့ ပိုလို့အဆင်ပြေတာပေါ့...."
"ဟုတ်ကဲ့...ကလေးက သိပ်ကိုချစ်စရာကောင်းတယ်။ ကျွန်တော်သူ့ကို အသက်ထက်ဆုံး စောင့်ရှောက်သွားမှာပါ"

ဇေရဲမာန် စကားကြောင့် ဂေဟာမှူးလဲ ခေါင်းတငြိမ့်ငြိမ့်။

"ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုပါဦး"
"ဟုတ်ပါပြီကွယ်"

ညောင်ပင်ကိုတွဲခိုထားသော ကြိုးဒန်းပေါ်တွင်ထိုင်ဆော့နေသော သူ့ကလေးဆီကိုသွားရတော့သည်။

ပုဆိုးအပြာကွက်လေးကို အဖြူရောင်shirt အင်္ကျီနဲ့ တွဲဖက်ဝတ်ဆင်ထားသော သူ့ကလေးက တကယ်ကို နတ်သားလေးအလား။

ဖြူအုနေသော အသားအရေလေးက အင်္ကျီအဖြူရောင်လေး ဝတ်ထားတာကြောင့် ပိုလို့တောင် တောက်ပနေလေသည်။ ပုဆိုးအပြာကွက်စိပ်လေးကလဲ ချပ်ကပ်နေသော ဗိုက်သားပေါ်မှာ ကပ်ရပ်စွာရှိနေလေသည်။

အနက်ရောင် ကတီပါလေးက ဖြူအုအုခြေချောင်းလေးတွေကြောင့် ပိုလို့လှပနေလေသည်။

"ကလေး ပြုတ်ကျမယ်နော်"
"ရပါတယ် ကိုကိုရဲ့...."

"လာပြန်ရအောင်လေ...."
မပြန်ချင်သေးသော လပြည့်ဝန်း မှာ ကလေးတွေကိုကြည့်ရင်း သံယောဇဉ် တွယ်နေလေသည်။

ထိုစဥ်...
"ကိုကိုလှလှ...ပြန်တော့မှာလားဟင်"
ကလေးတစ်ယောက်မှာ လပြည့်ဝန်း ကိုသုံးလိုက်တဲ့ အခေါ်စကားကြောင့် ဇေရဲမာန် တောင် အံ့သြသွားသည်။ဘေးက ဂေဟာမှူးမှာလဲ ပြုံးစိစိဖြစ်သွားလေသည်။

"အင်း ပြန်ရတော့မယ်.... နောက်တော့ ထက်လာခဲ့မယ်လေ"
"ဟွန့် ကိုကိုလှလှကလဲ...သားက ကိုကိုလှလှနဲ့ ဆော့ချင်သေးတာကို"

My Son Or Boyfriend (Complete)Where stories live. Discover now