My son or boyfriend 31

6.4K 344 48
                                    

Uni

ကုတင်ပေါ်တွင် လက်မှာ ပတ်တီးအဖွေးသားနဲ့ ဖြူဖျော့စွာ အိပ်နေသော ကောင်လေး။ အခြားဆေးရုံတစ်ခုက သွေးရလို့တော်သေးသည်။ အပူအပင်မရှိ အိပ်နေတာလေးကိုကြည့်ရင်း ဇေရဲမာန် မှာ စိတ်ပူနေသေးသည်။

Bossပုံစံကိုကြည့်ပြီး ဥက္ကာလဲ စိတ်မကောင်းဖြစ်မိသည်။ operation အခန်းထဲက ဆရာဝန် ထွက်လာတုန်းက အဆင်ပြေသွားပါပြီ ပြောပင်မဲ့ လပြည့်ဝန်း သတိမရသေးဘူးဆိုတာကြောင့် ထိုဆရာဝန်ကို ထိုးမလိုဖြစ်ကြသေးသည်။

အဆင်ပြေတယ်ပြောပြီး သူ့ကလေး မနိုးလာသေးလို့တဲ့လေ။

"ဘဲကြီး" သူ့ဘေးနားက ပုပုသေးသေးကောင်လေးကြောင့် ဥက္ကာမျက်ခုံးပင့်သွားသည်။
"ဘာလဲ"

"ကျွန်တော့်ကိုမမှတ်မိဖူးလားဟင်" မျက်တောင်လေးပေကလက် ပေကလက်နဲ့ သူ့ကို မမှတ်မိဘူးလားတဲ့ ....
"မသိဘူး"

"ဟင့်...ဘဲကြီးက တာဝန်မသိတတ်တဲ့သူကြီး"
"ဘာ!!!"

"ရှူးးး တိုးတိုးပြောပါဗျာ...ဟိုဒေါသအိုးကြီး ထအော်နေပါဦးမယ်" ကုတင်ဘေးက bossကို လက်ညှိုးထိုးကာ ပြောရှာသည်။

"အေး သိရင်လဲ ငြိမ်ငြိမ်နေ စကားမများနဲ့"
"ဟုတ် " အံမယ် လိမ္မာတဲ့ကလေးတစ်ယောက်လိုပဲ ခုတော့ သူ့ဘေးနား ကုတ်ကုတ်လေးရပ်နေလေရဲ့...
ဒီကောင်လေးကို သူမမှတ်မိဘဲ နေပါ့မလား....

"စကားပြောရအောင် ကိုဇေရဲမာန် "
"ငါ့မှာ ပြောစရာမရှိဘူး...ငါဒေါသမထွက်ခင် မင်းပြန်သင့်တယ်"

"မပြန်ဘူး"
"အစ်ကိုလွန်းထက်သာ ကြယ်စင်တို့ ပြန်ရအောင်နော်။ လပြည့်လဲ အဆင်ပြေနေပြီဆိုတော့ နောက်မှ ထက်လာကြရအောင်"

ဦးမင်းဟိန်း မျက်နှာမကောင်းတာကြောင့် လွန်းထက်သာလဲ လက်လျော့ကာ ပြန်လာခဲ့လိုက်ရသည်။
လွန်းထက်သာ နဲ့ ကြယ်စင်က အပြင်သာရောက်သွားတယ်။ တစ်ယောက်သောသူက အထဲတွင် ကျန်နေခဲ့တာကြောင့်..
"ဟင်...Jelly ကျန်ခဲ့တယ်...ဒီကောင်လေးကတော့.. "

ကြယ်စင် အခန်းထဲကို အသာလေးတံခါးဖွင့်ကြည့်လိုက်တော့။ သကောင့်သားလေးက သူ့လင်ဘေးနား ပူးပူးကပ်ကပ်နဲ့ ဒါကြောင့် သူတို့ထွက်သွားမှန်း မသိလိုက်တာနေမယ်

My Son Or Boyfriend (Complete)Wo Geschichten leben. Entdecke jetzt