My Son or boyfriend 3

13.6K 640 25
                                    

Uni

"ဘာ!!!! ၅လောင်းပြိုင်" အခင်းဖြစ်ရာနေရာသို့ အလျင်အမြန် သွားရတော့သည်။ ခုမှရဲမှူးတာဝန်ကျတယ် ခုပဲ ၅လောင်းပြိုင်ဆိုတော့ သူ့မှာ ရူးချင်စိတ်ပေါက်သွားသည်။

သွေးအိုင်ထဲတွင်လဲနေသော လူ၅ယောက်ကိုကြည့်ရင်း ထူးစစ်သော် ကြောင်သွားသည်။ ဒဏ်ရာတွေကိုကြည့်ရင်းဖြင့်...
"ဒီလူသတ်သမားက စိတ္တဇပဲဖြစ်မယ်။ ဒီလူ၅ယောက်လုံးကို သတ်သွားတာ ဆရာကျချက်ပဲ"

ရဲမှူး ထူးစစ်သော် စကားကြောင့် ဘေးက လက်ထောက်ရဲမှူး ထက်ပိုင် မှာ မျက်လုံးပြူးသွားသည်။ 'ဘာလား လူသတ်သမားကို ချီးကြူးနေတာလား။ အသစ်ပြောင်းလာတဲ့ ရဲမှူးက စိတ်တော့မှန်လောက်ပါတယ်နော်'

ထက်ပိုင် စိတ်ထဲတွင်သာပြောရဲတယ် လက်တွေ့လား ဟင့်အင်း....အလုပ်ပြုတ်သွားမှာပေါ့....

"အားလုံရင်ခွဲရုံကိုပို့လိုက်...ပြီးရင် ၅ယောက်လုံးရဲDNAကိုစစ်...ပြီးတော့ သက်သေအဖြစ်သဲလွန်စတွေ ရှာရမယ်" အလေးအနက်ပြောနေသော ထူးစစ်သော် ကြောင့် ထက်ပိုင်မှာ သက်ပြင်းချနိုင်သည်။ 'တော်သေး ခုမှ မူမှန်သွားလို့'
_______________

"ဖေဖေ..."
"အင်း" Laptop ထဲသာအာရုံရှိနေသော ဖခင်ကြောင့်
လပြည့်ဝန်း မှာ စိတ်မရှည်တော့ ခေါ်နေတာကြာလှပြီ 'အင်း' ကလွဲပြီး ဆက်မပြောတော့....

အသံထက်ထွက်မလာတာကြောင့် သားဖြစ်သူစိတ်ကောက်နေမှန်း ဦးမင်းဟိန်း သိသည်။
"ကဲပြောပါဦး...ဘာလဲ"

"ဖေဖေကလဲ မသိတာကျလို့ မနက်ဖြန်ဆို စာမေးပွဲ နောက်ဆုံးရက်လေ စာရင်းလဲပေးရတော့မယ် သားက လိုက်သွားရမှာလား"

ဦးမင်းဟိန်းလဲ သားဖြစ်သူအားကြည့်ကာ
"သားသဘောပါ..."
"ဖေဖေတကယ်ပြောတာနော်..."
"တကယ်ပါဗျ"
"ရေးးးး ဒါမှသားဖေဖေ မွ..."

ဦးမင်းဟိန်းလဲ မိမိအားဖက်နမ်းသွားကာ အပေါ်သို့ပြေးတတ်သွားသော သားဖြစ်သူအားကြည့်ရင်း ပြုံးမိသည်။

"သားလေးပျော်နေရင် ဖေဖေကျေနပ်ပါပြီ"
____________________

At Green Company Meeting. ....

"မဖြစ်နိုင်တာ.....ဒါ ငါတို့ လက်ဦးမှုအရင်ယူထားတဲ့ မြေနေရာလေ"
"ဟုတ်ကဲ့ အဖေ.... တစ်ဖက်က အရမ်းပုံအောလိုက်ပုံပဲ"

My Son Or Boyfriend (Complete)Opowieści tętniące życiem. Odkryj je teraz