Uni
အထုပ်ကလေးကိုဆွဲကာ ခြေသံကိုဖွဖွလျှောက်ရင်း အိမ်ထဲသို့ ကုတ်ချောင်းချောင်းနဲ့ ဝင်လာသော လပြည့်ဝန်း။ ခြေလှမ်း လှမ်းလိုက်တိုင်း ရင်တုန်နေတာထိန်းမရအောင်ပင်။
"ကိုယ့်ကို ပြောစရာမရှိဘူးလား" မာတင်းနေသောအသံကြောင့် လပြည့်ဝန်း ခြေလှမ်းတွေချက်ချင်းရပ်သွားကာ အသံလာရာနောက်သို့ကြည့်လိုက်တော့......
လှေကားခြေရင်းတွင် လက်ပိုက်ကာ အကြည့်စူးစူးနဲ့ကြည့်နေသော ဇေရဲမာန်......
"ဟို...မရှိပါဘူးဗျ...""ဘာ!!"
'ဘုန်း..' လှေကားလက်ကိုင်ဘုကို အားပါပါနဲ့ ရိုက်ချလိုက်သော ဇေရဲမာန်...လပြည့်ဝန်း မှာ သတွေးတောင်မနည်းမြိုချနေရသည်။
"မ..မဟုတ်ပါဘူး...ကျွန်တော်.... တောင်းပန်ပါတယ်""တောင်းပန်တာထက်...မလုပ်ခင်ထဲက ကြိုတွေးထားရင် မင်းအတွက်ပိုမကောင်းဘူးလား...ဟမ်!!!"
ယောက်ျားလေးတွေ မျက်ရည်မကျရဘူးလို့ ဘယ်ဥပဒေမှ ထုတ်ပြန်ထားတာမဟုတ်ဘူးလေ....လပြည့်ဝန်း လဲ အော်ခံလိုက်ရတာကြောင့် ချက်ချင်းဆိုသလို မျက်ရည်ဝဲတတ်သွားသည်။
အသည်းငယ်လို့တော့မဟုတ်...."ဒါပင်မဲ့... ကျွန်တော် ဝင်ပြိုင်ချင်လို့"
"မင်း ငါ့ကို နည်းနည်းလေးတောင်မှ ထုတ်မပြောတာကော ဘာသဘောလဲ။ ဘာလဲ မင်းက 'ငါလုပ်ချင်းတိုင်း လုပ်မှာပဲ' ဆိုတဲ့သဘောလား"မာတင်းနေသော ဇေရဲမာန် ၏ အသံက အိမ်တစ်ခုလုံးကို ဟိန်းထွက်သွားသည့်အလား။
"မဟုတ်ပါဘူး... "
"ဘာလဲ...မင်းလုပ်သမျှကို ငါမသိဘူးများ ထင်နေတာလား လပြည့်ဝန်း""ကျွန်တော် အဲ့လို မဟုတ်ဘူးလို့ ပြောပြီးပြီးလေဗျာ..."
ရောက်နေသောလှေကားအလည်ကနေ ခုထိ လပြည့်ဝန်း ခြေတစ်လှမ်းမှ မရွေ့ရသေး...."ဒါဆိုဘာလို့ ငါမသိဘဲ လုပ်ရတာလဲ"
"ကျွန်တော် ဝါသနာပါလို့....""မပါရဘူး!!! မင်းလုံးဝ ဝါသနာမပါရဘူး!!"
ဇေရဲမာန် ၏ အော်သံက မီးဖိုချောင်ရှိ အိမ်အကူတွေတောင် လန့်ဖြန့်ကုန်သည်။
YOU ARE READING
My Son Or Boyfriend (Complete)
General FictionUni ကလေးနဲ့ကိုယ့်ကြားမှာ တားဆီးတာမှန်သမျှကို အကုန်ရှင်းပြစ်ဖို့ ဝန်မလေးဘူး။ ကိုယ်က မနူးညံ့တတ်ဘူး...ဒါပင်မဲ့ ကလေးကိုချစ်တဲ့အချစ်ကတော့ အဆုံးမဲ့ပါ...... Zaw ကလေးနဲ့ကိုယ့်ကြားမှာ တားဆီးတာမှန်သမျှကို အကုန်ရှင်းပြစ်ဖို့ ဝန်မလေးဘူး။ ကိုယ်က မနူးညံ့တတ်ဘူး...