my son or boyfriend 14

7.7K 485 30
                                    

Uni

လပြည့်ဝန်း တစ်ယောက် သူလုပ်နေသောအလုပ်အပေါ် အာရုံရှိမနေ ရှေ့က ကြိတ်စက်ထဲက စတော်ဘယ်ရီ အသီးတွေမှာ ကျေလွန်းလို့ အမှုန့်ဖြစ်ပြီး အ​ငွေ့ပျံတော့မယ် သူကခုထိ စတ်မပိတ်သေး။

လပြည့်ဝန်း ၏ အတွေးတွေအားလုံးမှာ နေ့ခင်းက အဖြစ်အပျက်များဆီသို့~~~~~

((((လပြည့်ဝန်း စာကြည့်ခန်းရှေ့ကဖြတ်တုန်း အထဲက စကားသဲ့သဲ့ကြောင့် စာကြည့်ခန်းထဲကို ကြည့်လိုက်တော့ တံခါးမှာ အနည်းငယ်ပွင့်နေသည်။

စာကြည့်ခန်းကလဲ အသံအလုံခန်းမို့ အထဲမှာ အလုပ်လုပ်နေသော ဇေရဲမာန် အပြင်က အသံတွေကြားပြီး အနှောက်အယှက်ဖြစ်မှာဆိုးလို့ လပြည့်ဝန်း ကပဲ တံခါးကို အသာလေး သွားပိတ်ပေးဖို့ လုပ်လိုက်သည်။

တံခါးမပိတ်ခင် အထဲက ပြောလိုက်သောစကားကြောင့် လပြည့်ဝန်း တံခါးအားကိုင်ပြီး တောင့်တောင့်ကြီး ရပ်သွားသည်။
"ဦးမင်းဟိန်း... နောက်တစ်ခါ အဲ့လိုထက်မဖြစ်ပါစေနဲ့။ မဟုတ်ရင် ကျွန်တော် ခွင့်လွှတ်မှာ မဟုတ်ဘူး"

ဇေရဲမာန် မှာ ဦးမင်းဟိန်း ကို ဆူနေသောအသံကြောင့် လပြည့်ဝန်း ကြောင်သွားသည်။ အထဲကို အသာလေးကြည့်လိုက်တော့ ဇေရဲမာန် က ဖုန်းပြောနေတာပင်။ ဒါဆိုတစ်ဖက်က လပြည့်ဝန်း ရဲ့ အဖေပေါ့။

ဆက်သိချင်တာနဲ့ လပြည့်ဝန်း လဲ ငြိမ်ငြိမ်လေး နားထောင်နေလိုက်သည်။
"ထားလိုက် အဲ့အကောင်ကို ကျွန်တော့်ဘာသာရှင်းမယ်။ ဦးမင်းဟိန်း ကတော့ နေသာသလိုသာနေတော့.."

ဘာတွေလဲ ဖေဖေနဲ့ ကိုကိုက ဘာတွေပြောနေကြတာလဲ။ စကားပြောနေပုံအနေအထားက အလုပ်ကိစ္စတော့ မဖြစ်နိုင်။ ကိုကိုကလဲ ဒေါသတွေထွက်နေသည်။ ဖေဖေ့ကိုလဲ ဆူနေသည်။ ပြီးတော့ ကိုကိုပြောတဲ့သူက ဘယ်ကအကောင်ဆိုတာလဲ။

အလုပ်ကိစ္စဆိုလဲ ဖခင်တစ်ယောက်ကို အခြားသူက ဒီလိုမျိုး ဒေါသကြီးကာ ဆူငေါက်တာကို လပြည့်ဝန်း လုံးဝမကြိုက်။))))

"တော်တော့လေ.." တွေးနေတာတွေတောင် ဇေရဲမာန် အသံကြောင့် ပျောက်သွားသည်။
"အာ...ဒီအတိုင်းပိုညက်ချင်လို့"

My Son Or Boyfriend (Complete)Dove le storie prendono vita. Scoprilo ora