My son or boyfriend 20

7.5K 419 50
                                    

Uni

"သားgayဖြစ်တာ အဖေစိတ်မဆိုးဘူး။ အဖေပြောချင်တာ သူမဟုတ်ဘဲ အခြားကောင်လေးတစ်ယောက်ဆို အဖေလက်ခံပေးနိုင်တယ်"

"ဘာဖြစ်လို့လဲ အဖေ" လွန်းထက်သာ တကယ်နားမလည်ဘူး။ သူချစ်နေတာ ကောင်လေးတစ်ယောက်မို့လို့ သူ့ကို လက်လွှတ်ခိုင်းတယ်ထင်တာလေ။ ခုဟာက အခြားကောင်လေးတစ်ယောက်ဆိုရင် ခွင့်ပြုတယ်တဲ့လား....

"အဖေတို့ ဒီလိုအခြေအနေဖြစ်အောင် ပံ့ပိုးပေးခဲ့သူက ဘယ်သူလဲဆိုတာ သားသိလား"
"အဖေပြောဖူးတဲ့ သားတို့ရဲ့ ကျေးဇူးရှင် ဆိုတာကိုပြောတာလား"

"ဟုတ်တယ်သား။ အဲ့တာ တခြားသူမဟုတ်ဘူး ဦးမာန်မိုးဟိန်း ပဲ..."
"ဟင်...ခဏလေးအဖေ"

လွန်းထက်သာ ချက်ချင်းပဲ စာကြည့်စားပွဲပေါ်က စာရွက်တစ်ချို့ကို ပြေးယူကာ ဖခင်ရှေ့ ပြလိုက်သည်။
"အဖေပြောတာ ဒီက ဦးမာန်မိုးဟိန်း လား"

စာရွက်ပေါ်က ဓာတ်ပုံကိုကြည့်လိုက် သားဖြစ်သူကိုကြည့်လိုက်ဖြစ်ကာ
"ဒီက ဘာလဲ သား အဖေ့ကိုပြောစမ်း"

"သားနောက်မှရှင်းပြပါ့မယ်။ သားကို ယုံပေးပါ...အဖေပြောတာ ဒီလူလား"

"ဟုတ်တယ်...သူပဲ။"
"ဒါဆို သူ့အကြောင်း သားကိုပြောပြပါလား"

"အင်း...အဖေပြောပြပါ့မယ်....အဖေတို့က အရမ်းဆင်းရဲကြတာ။ သားအမေကော အဖေကောက မပြည့်စုံခဲ့ကြဘူး။ နှစ်ယောက်လုံးကလဲ တစ်ကောင်ကြွက်တွေ....သားအမေနဲ့ အဖေက ရရာအလုပ်လေးလုပ်ရင်း စားဝတ်နေရေးကို ဖြေရှင်းခဲ့ကြရတယ်။ အဲ့တုန်းက သားက ၁နှစ်ကျော်ကျော်ပဲရှိသေးတော့ ဒါတွေကို ဘယ်သိပါ့မလဲ။

တစ်နေ့တော့ မိုးသည်းတဲ့ညတစ်ည...အဖေကလဲ အလုပ်ကပြန်လာတာနောက်ကျနေတာပေါ့ကွာ....မိုးကလဲ သည်းပါ့....အဖေအိမ်ပြန်လာတော့ လမ်းတစ်ခုမှာ ကလေးတစ်ယောက် ငိုယိုပြီး လမ်းဘေးမှာ ထိုင်နေတယ်။ အဲ့တာအဖေကလဲ အဲ့ကလေးကို မေးတော့ သူ့အိမ်ကိုမပြန်ချင်ဘူးတဲ့။ အဖေက အစကလန့်သွားတယ်။ အဲ့ကလေးက ငယ်ငယ်လေးပါ။ ဒါပင်မဲ့ သူ့ပုံစံက လူကြီးလေးလိုပဲ....

မိုးတွေကလဲ အရမ်းသည်းနေတာနဲ့ အဖေလဲ အိမ်ကိုပဲ ခေါ်လာလိုက်တာပေါ့။ သားအမေကလဲ စိတ်ထားကောင်းတဲ့ အမျိုးသမီးပါ.... အဲ့ကလေးကို အဖေတို့ ခေါ်ထားလိုက်ရတယ်။ ရပ်ကွက်ရုံးကိုလဲ အကြောင်းကြားထားရတာပေါ့။ ကလေးမိဘတွေ လာခေါ်လို လာခေါ်ညား

My Son Or Boyfriend (Complete)Where stories live. Discover now