Uni
ပြဿနာတွေက တစ်ခုပြီးတစ်ခုမို့ အတော်ကို ရှင်းယူနေရသည်။ မြန်မာနိုင်ငံကိုလဲ ပြန်ချင်နေပြီ...ဒါပင်မဲ့ မဖြစ်သေး။ အလုပ်ကိစ္စတွေ အားလုံးအခြေကျကာ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့ အနည်းဆုံး တစ်နှစ်ခွဲလောက်က ကြာဦးမယ်။
ကုတင်ပေါ် ခြေပစ်လက်ပစ် ပြစ်လဲလိုက်ပြီး မျက်လုံးကို အသာမှိတ်ကာ အနားယူလိုက်သည်။ ခတ်တာက အတွေးထဲဝင်လာသောကောင်လေး ဒီအချိန် သူဘာတွေလုပ်နေမလဲ။
သူချစ်တဲ့သူဖြစ်ဖြစ် တွေ့နေပြီလား။ တက္ကသိုလ် ကျောင်းသားတစ်ယောက်ဖြစ်တာကြောင့် လွန်းထက်သာ ပို၍စိတ်ပူမိသည်။
ဒါပင်မဲ့ ဒီကောင်လေးကို သူမချုပ်ချယ်ချင်...ချုပ်ချယ်ရအောင်လဲ သူနဲ့က ဘာမှမဆိုင်သေးတာ....
ဒီလောက်အလုပ်တွေများနေတဲ့ ကိုယ့်ဘဝကိုပဲ အပြစ်တင်မိသည်။ ခတ်တယ်...ဒီကောင်လေးကို လွမ်းလို့ သေသွားမလားပဲ....
_________________အူကြောင်ကြောင်လေး နဲ့ ဧည့်ခန်းထဲထိုင်နေပုံကြောင့် ဇေရဲမာန် ပြုံးမိသွားသည်။
"ရောက်လာပြီပေါ့"
"ဟုတ်ကဲ့..."Sofaပေါ်တွင် ဇေရဲမာန် ဝင်ထိုင်လိုက်ကာ...
"ဒီမှာနေရင် ဒီအိမ်စည်းကမ်းတွေ မင်းကို ပြောပြထားမယ်....လိုက်နာနိုင်မလား"မျက်လုံးအဝိုင်းလေးတွေလဲ မိမိအား ပြန်ကြည့်လာသောကြောင့် သဘောကျမိသည်။
"ဟုတ်...ဟုတ်ကဲ့..."
"အင်း...အဓိကကတော့ မင်းကိုမသွားရဘူးဆိုတဲ့နေရာကို ခြေဦးတောင် မလှည့်မိပါစေနဲ့...အစားပုံမှန်စားရမယ်။ စာကြိုးစားရမယ်....ကျန်တာသဘော..."
"ဟုတ်ကဲ့...ကိုကြီး" ယဥ်ကျေးပြီး ငြိမ်ကုတ်နေသော ပုံစံကြောင့် ဇေရဲမာန် ပြုံးမိပြန်သည်။
"သြော်...ပြောဖို့ကျန်နေတာ....ကိုယ့်ကို ကိုကြီးလို့မခေါ်နဲ့ ကိုကို လို့ခေါ်..."
"ဗျာ..."လပြည့်ဝန်း မှာ မျက်လုံးတောင်ပြူးသွားသည်။ 'ကိုကို' တဲ့ ယောက်ျားလေးတစ်ယောက်က ခုလိုခေါ်ဖို့ကျ စိတ်ထဲတစ်မျိုးကြီးဖြစ်နေသည်။ ဒါပင်မဲ့ လပြည့်ဝန်း မငြင်းဆန်နိုင်...
BINABASA MO ANG
My Son Or Boyfriend (Complete)
General FictionUni ကလေးနဲ့ကိုယ့်ကြားမှာ တားဆီးတာမှန်သမျှကို အကုန်ရှင်းပြစ်ဖို့ ဝန်မလေးဘူး။ ကိုယ်က မနူးညံ့တတ်ဘူး...ဒါပင်မဲ့ ကလေးကိုချစ်တဲ့အချစ်ကတော့ အဆုံးမဲ့ပါ...... Zaw ကလေးနဲ့ကိုယ့်ကြားမှာ တားဆီးတာမှန်သမျှကို အကုန်ရှင်းပြစ်ဖို့ ဝန်မလေးဘူး။ ကိုယ်က မနူးညံ့တတ်ဘူး...