My son or boyfriend 16

8.1K 478 81
                                    

Uni

လပြည့်ဝန်း လက်က ခုဆိုရင် ဇေရဲမာန် ရဲ့ six pack ပေါ်မှာ....
"ကြိုက်လား" တိုးလျလျ အသံဖြစ်သော်လဲ လပြည့်ဝန်း ၏ အသိစိတ်ကို နေရာမှန်ရောက်အောင် ပြန်ခေါ်လိုက်သည်။

"အာ...တောင်းပန်ပါတယ် ကိုကို...ကျွန်​...ကျွန်တော် မရည်ရွယ်ပါဘူး" ဗိုက်ပေါ်သို့ သူ့ဘာသာသူ လက်ရောက်သွားတယ်လို့ ထင်နေသော လပြည့်ဝန်း ရယ်ပါ။ ပြာပြာသလဲ​ တောင်းပန်နေရှာသည်။

"ရည်ရွယ်လဲ ဘာဖြစ်လဲ ကလေး ထိချင်တဲ့အချိန်ထိလို့ရနေတာကို" ဇေရဲမာန် ရဲ့ ရိသဲ့သဲ့စကားကြောင့် ချက်ချင်းဆိုသလို လပြည့်ဝန်း နားဖျားလေးတွေရဲတတ်သွားသည်။ ဇေရဲမာန် သိတာပေါ့ ဒီကလေး ရှက်သွားတာကို။

"ဟို...ဟို..."
"ပြောပါဦး ကိုယ့်အခန်းထဲကို လာရတဲ့ကိစ္စ"

ခုမှ လပြည့်ဝန်း သတိရတော့သည်။ လက်ထဲက နွားနို့ကို ဇေရဲမာန် ကိုပြရင်း...
"နွားနို့သောက်ဖို့လာပေးတာ"

ဇေရဲမာန် မျက်ခုံးအစုံပင့်သွားသည်။ သူက နွားနို့မှမသောက်တတ်တာ သူသောက်ရင် Alcohol ပါတာပဲသောက်တာများတာ ဒီလို ကလေးသောက်တာတွေ သူမသောက်တတ်ဘူးလေ။

"နွားနို့...ကိုယ့်ကို လာနောက်နေတာလား ကလေး"
"မ..မဟုတ်ပါဘူး..."

"ဒါဆို ပြောစရာရှိပုံပဲ"
လပြည့်ဝန်း စိတ်ကို ဖတ်တတ်သည့်အလား ပြောနေသော ဇေရဲမာန် ။ မဝံ့မရဲလေး ခေါင်းညိမ့်ပုံကြောင့် ရယ်ချင်မိသွားပြန်သည်။

"အင်း ပြောကြည့်"
"အေးဆေး ထိုင်ပြောကြမယ်လေ"

"Ok" အခန်းထဲက sofaပေါ်တွင် နှစ်ယောက်သား ထိုင်လိုက်ကြရင်း လပြည့်ဝန်း မှ စကားစသည်။

"ကိုကို...လူတစ်ယောက်နဲ့တစ်ယောက်က  ခင်မင်မှုမပျက်တာ ကောင်းတယ်သိလား။ ပြီးတော့လေ နေရာတကာ အားနာတာတော့မဟုတ်ပင်မဲ့ ကိုယ့်ကို တကူးတကကြီး ပြောတာတို့ဘာတို့ကျတော့ အားနာစရာကြီးလေ ပြီးတော့ "

လပြည့်ဝန်း ရဲ့ တရားချပုံတွေကို ဇေရဲမာန် သိနေတာကြောင့် လက်ကာပြလိုက်သည်။
"ဆိုတော့ လိုရင်းက"
"ဟီးးး ကိုကို အသိတစ်ယောက်မွေးနေ့ဖိတ်လို့ သူက လူအများကြီးလဲမဖိတ်ထားဘူး။ မသွားရင်လဲ မကောင်းတော့လေ အဲ့တာခွင့်ပြုပေးပါနော်"

My Son Or Boyfriend (Complete)Where stories live. Discover now