My son or boyfriend 37

6.6K 358 37
                                    

Uni

ကျယ်ဝန်းလှသော ခြံကြီးထဲတွင် အသက်အရွယ်အစုံ ကလေးတွေက ဟိုပြေးဒီပြေးနဲ့ ဆော့ကစားလို့နေလေသည်။

"ခုလို ကျွန်မတို့ဂေဟာလေးကို ရွေးချယ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်"
"ဟုတ်ကဲ့....ရပါတယ်။ ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုပါဦး"

"ဟုတ်ကဲ့ပါရှင်....." ဂေဟာမှူးက အလှူရှင်ကို အတော်လေး ကျေးဇူးတင်မိသည်။

ဒီနေ့က ဇေရဲမာန် ရဲ့ ၁၂ပြည့်မွေးနေ့ဖြစ်တာမို့ ဇေရဲမာန်ရဲ့ဆန္ဒကြောင့် ဦးမင်းဟိန်းက ဂေဟာတွင်လှူရန် အားလုံး စီစဥ်ပေးခြင်းဖြစ်သည်။

ဖခင်ဖြစ်သူ ဦးမာန်မိုးဟိန်း ကတော့ သူ့အလုပ်နဲ့သူရှုပ်နေတာ ကြောင့် ဇေရဲမာန် မွေးနေ့ဆိုတာကိုလဲ သူအမှုမထား။

ဇေရဲမာန် ကားပေါ်တတ်သည့်တိုင် ဂေဟာမှူးက လိုက်ပို့ပေးရှာသည်။

ဦးမင်းဟိန်းလဲ ဇေရဲမာန် နှင့် သူ့သားဥက္ကာကို ကားနောက်ခန်းတွင်ထားပြီး ကားအထွက်.....
"ခဏလေး!!!"

ဇေရဲမာန် အော်သံကြောင့် ကားကိုချက်ချင်းထိုးရပ်လိုက်ရသည်။ ဦးမင်းဟိန်း လဲ ထိတ်လန့်သွားကာ...
"ဘာဖြစ်လို့လဲ သား"

မပြောမဆိုနဲ့ ကားပေါ်မှ ဇေရဲမာန် ပြေးဆင်းသွားကာ ကျန်နေခဲ့သော ဂေဟာခြံရှေ့သို့ ပြေးသွားလေသည်။

ဂေဟာမှူးလဲ မွေးနေ့ရှင်ကောင်လေး အလျင်စလိုပြန်ပြေးလာတာကြောင့် တစ်ခုခုကျန်ခဲ့တယ်ထင်ပြီး
"သားလေး ဘာကျန်ခဲ့လို့လဲ"

ဇေရဲမာန် မှာ ဘာမှမပြောဘဲ ခုနကသူ့ကားနားက ဖြတ်သွားတဲ့ မိန်းမရင်ခွင်ထဲက ကလေးကိုသာ စိုက်ကြည့်နေလေသည်။

ကလေးချီထားသောမိန်းမကလဲ အလိုက်တသိနဲ့ ကလေးကို ဇေရဲမာန် ရှေ့ပြလိုက်တော့......

ကလေးငယ်လေး ရဲနေသော လက်ထိပ်ကလေးတွေက ဇေရဲမာန် ကိုကြည့်ရင်း ဆွဲကိုင်ချင်သည့်နှယ်။ လက်တစ်ဖက်က လက်မကို စုတ်ထားပြီး ကျန်တစ်ဖက်က ဇေရဲမာန် မျက်နှာကို အတင်းလိုက်ကိုင်ဖို့ ကြိုးစားနေလေသည်။

ဇေရဲမာန် လဲ ထိုကလေးလက်တစ်ဖက်ကို ဆုတ်ကိုင်လိုက်တော့ ကလေးလေးက သဘောကျသွားသည်ထင် ရယ်သံလေးတွေပါ ထွက်လာသည်။
"ခစ်ခစ်..."

My Son Or Boyfriend (Complete)Waar verhalen tot leven komen. Ontdek het nu