My son or boyfriend 39

6.3K 337 26
                                    

Uni

ကုတင်ပေါ်တွင်ထိုင်နေရင်း ဂနာမငြိမ်သူမှာ လပြည့်ဝန်း ပင်။ လက်ထဲက အာလူးကြော်ထုပ်ကို တကြွပ်ကြွပ်ဝါးရင်း စားနေသေး။

ခြေရင်းဘက်မှာ Laptop တစ်လုံးအလုပ်ရှုပ်နေသော ဇေရဲမာန် မှာ လပြည့်ဝန်း အဖြစ်ကို မသိရှာ....

မနေနိုင်တဲ့အဆုံး လပြည့်ဝန်း ကပဲ...
"ကိုကိုရေ...."
"ကုန်သွားပြီလား ခဏလေးနော်။ ကိုကိုအောက်ဆင်းခပ်ပေးမယ်"

ရေတောင်းတယ်ထင်ပြီး ပြောနေတာကြောင့် လပြည့်ဝန်း မျက်မှောင်ကျုံ့သွားသည်။
"ကိုကို...ကျွန်တော် အဲ့လိုပြောတာမဟုတ်ဘူး။ အလုပ်မပြီးသေးဘူးလား ပြောစရာရှိလို့"

"အင်း ခဏလေးနော်" ခဏလေးဆိုသည့်အတိုင်း ၁၀နာရီကျော်သွားတော့သည်။

နောက်ဆုံး Laptop ကိုပိတ်ကာ အကျောဆန့်ပြီး ကုတင်ကိုလှမ်းကြည့်လိုက်တော့ ထိုင်ရပ်ကလေးနောက်ကိုမှီကာ အိပ်ပျော်နေသော သူ့ကလေး။

ပါးစပ်ကလေးဟောင်းလောင်းနဲ့မို့ ဇေရဲမာန် ကြည့်ရင်း အသည်းတယားယား.....
ကုတင်ပေါ်သို့သွားပြီး လက်ထဲက အားလူးကြော်ထုတ်ကို ယူပြီး စားပွဲပေါ်တင်လိုက်သည်။ အောက်ကိုလဲအသာလေးလျှောစေကာ စောင်ခြုံပေးလိုက်သည်။

နှာဖူးပေါ်ကျနေသော ဆံပင်ခပ်အုပ်အုပ်လေးကို လှန်တင်လိုက်ကာ နှာဖူးလေးအား အနမ်းခြွေမိသည်။
"ဆံပင်သွားညှပ်ပေးရဦးမှာပဲ"

လက်ဖျံက အမာရွတ်ကိုမြင်တော့ စိတ်မကောင်းပြန်။ သူစိတ်လိုက်မာန်ပါ လုပ်သမျှ ကလေးခံလိုက်ရသည်လေ။ ဒါတောင် ကလေးက သူ့အား နားလည်စွာ ခွင့်လွှတ်ပေးခဲ့သည်။ ကလေးက တကယ်သဘောထားကြီးပြီး သိပ်ဖြူစင်သည်။

သူကလေးကို အတင်းကြပ်စေခိုင်းမိတာတွေလဲ နောင်တရမိသည်။
"ကိုကို~~~" အိပ်ချင်မူးတူးနဲ့ခေါ်သံလေးကအစ သူ့အတွက် ချစ်စရာအတိ။
"အင်းအင်း ကိုကိုရှိတယ် အိပ်တော့နော်"

"ပြောစရာရှိလို့"
"မနက်မှပြောတော့ ခုအိပ်တော့...."
သူလဲ လပြည့်ဝန်း  ဘေးဝင်လှဲလိုက်ကာ ရင်ခွင်ထဲကို ဆွဲသွင်းလိုက်သည်။

My Son Or Boyfriend (Complete)Where stories live. Discover now